[Zawgyi]

ကစားသမားသစ္ ေခၚဖုိ႔ မေသခ်ာဘူးလုိ႔ ၀န္ခံခဲ့တဲ့ ပုိခ်က္တီႏုိ Pochettino

အခုေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္မွာ လႈပ္ရွားမႈ သိပ္မရွိတဲ့ စပါးအသင္းရဲ႕နည္းျပျဖစ္သူ ပုိခ်က္တီႏုိ Pochettino က ကစားသမားသစ္ေခၚဖုိ႔ သိပ္မေသခ်ာဘဲ လက္ရွိလူစာရင္းနဲ႔ပဲ ရာသီသစ္ကုိ စတင္ဖုိ႔မ်ားေနတယ္ဆုိၿပီး ဖြင့္ဟ၀န္ခံလုိက္ပါတယ္။ စပါးအသင္းဟာ ၿပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္မွာ အဆင့္(၃)ေနရာရခဲ့ၿပီး ခ်န္ပီယံလိဂ္တိုက္႐ုိက္၀င္ခြင့္ရခဲ့ၿပီး သူတို႔ရဲ႕ၿပိဳင္ဘက္ေတြျဖစ္တဲ့ လီဗာပူးလ္၊ မန္ယူတို႔က ကစားသမားသစ္ေတြ အၿပိဳင္အဆုိင္ေခၚေနတဲ့အခ်ိန္မွာ စပါးအသင္းကေတာ့ ကစားသမားသစ္တစ္ဦးမွ မေခၚရေသးပါဘူး။

Martial

Martial

ပုိခ်က္တီႏုိဟာ အရင္တုန္းကဆုိရင္ သူတို႔ရဲ႕ၿပိဳင္ဘက္ေတြနဲ႔ အင္အားခ်င္း မကြာဟေစဖုိ႔အတြက္ ကစားသမားသစ္ေတြ ေခၚယူေပးဖုိ႔ တာ၀န္ရွိသူေတြကုိ တိုက္တြန္းေျပာဆုိခဲ့ဖူးေပမယ့္ အသင္းက အခုအခ်ိန္အထိ ဘာမွ မလႈပ္ရွားေသးတာကေတာ့ အံ့ၾသစရာပါပဲ။ အခုေလာေလာဆယ္ စပါးအသင္းက အက္စတြန္ဗီလာအသင္းက ဂေရးလစ္ရွ္ Grealish ၊ မန္ယူေတာင္ပံကစားသမား မာစီယဲလ္ Martial တို႔ကုိ ပစ္မွတ္ထားေနတယ္လုိ႔ သတင္းထြက္ေနေပမယ့္လည္း ပုိခ်က္တီႏုိကေတာ့ ကစားသမားသစ္ေခၚဖုိ႔ မေသခ်ာဘူးလုိ႔ ဆုိခဲ့တာပါ။

Aston-Villa-star-Jack-Grealish

Aston-Villa-star-Jack-Grealish

ပုိခ်က္တီႏုိက “ၿပီးခဲ့တဲ့ရာသီကေတာ့ ကစားသမားတခ်ိဳ႕ေခၚမယ္လုိ႔ ကၽြန္ေတာ္ ေျပာခဲ့ဖူးေပမယ့္ ဒီရာသီမွာေတာ့ ဘယ္လုိျဖစ္မလဲ မသိပါဘူး။ ကစားသမားသစ္ ေခၚမလား၊ မေခၚဘူးလားဆုိတာ ကၽြန္ေတာ္လည္း မေျပာတတ္ဘူး။ ကၽြန္ေတာ္တို႔ ေခၚဖုိ႔ ႀကိဳးပမ္းေနတဲ့သူေတြေတာ့ ရွိပါတယ္”လုိ႔ ေျပာၾကားခဲ့တယ္။ စပါးအသင္းတိုက္စစ္မွဴး ဟာရီကိန္း Harry Kane ကုိ လာလီဂါထိပ္သီး ရီးယဲလ္အသင္းက ေခၚယူဖုိ႔ စိတ္၀င္စားေနတာေၾကာင့္ တကယ္လုိ႔ ဟာရီကိန္းကုိသာ လက္လႊတ္ခံရမယ္ဆုိရင္ေတာ့ ကစားသမားသစ္တစ္ဦးနဲ႔ ျပန္အစားထုိးဖုိ႔ရွိေနပါတယ္။

REF:sportskeeda.com
Photo:Ghanasoccernet.com,Daily Mirror,sportolive
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ကစားသမားသစ် ခေါ်ဖို့ မသေချာဘူးလို့ ဝန်ခံခဲ့တဲ့ ပိုချက်တီနို Pochettino

အခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ လှုပ်ရှားမှု သိပ်မရှိတဲ့ စပါးအသင်းရဲ့နည်းပြဖြစ်သူ ပိုချက်တီနို Pochettino က ကစားသမားသစ်ခေါ်ဖို့ သိပ်မသေချာဘဲ လက်ရှိလူစာရင်းနဲ့ပဲ ရာသီသစ်ကို စတင်ဖို့များနေတယ်ဆိုပြီး ဖွင့်ဟဝန်ခံလိုက်ပါတယ်။ စပါးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ အဆင့်(၃)နေရာရခဲ့ပြီး ချန်ပီယံလိဂ်တိုက်ရိုက်ဝင်ခွင့်ရခဲ့ပြီး သူတို့ရဲ့ပြိုင်ဘက်တွေဖြစ်တဲ့ လီဗာပူးလ်၊ မန်ယူတို့က ကစားသမားသစ်တွေ အပြိုင်အဆိုင်ခေါ်နေတဲ့အချိန်မှာ စပါးအသင်းကတော့ ကစားသမားသစ်တစ်ဦးမှ မခေါ်ရသေးပါဘူး။

Martial

Martial

ပိုချက်တီနိုဟာ အရင်တုန်းကဆိုရင် သူတို့ရဲ့ပြိုင်ဘက်တွေနဲ့ အင်အားချင်း မကွာဟစေဖို့အတွက် ကစားသမားသစ်တွေ ခေါ်ယူပေးဖို့ တာဝန်ရှိသူတွေကို တိုက်တွန်းပြောဆိုခဲ့ဖူးပေမယ့် အသင်းက အခုအချိန်အထိ ဘာမှ မလှုပ်ရှားသေးတာကတော့ အံ့သြစရာပါပဲ။ အခုလောလောဆယ် စပါးအသင်းက အက်စတွန်ဗီလာအသင်းက ဂရေးလစ်ရှ် Grealish ၊ မန်ယူတောင်ပံကစားသမား မာစီယဲလ် Martial တို့ကို ပစ်မှတ်ထားနေတယ်လို့ သတင်းထွက်နေပေမယ့်လည်း ပိုချက်တီနိုကတော့ ကစားသမားသစ်ခေါ်ဖို့ မသေချာဘူးလို့ ဆိုခဲ့တာပါ။

Aston-Villa-star-Jack-Grealish

Aston-Villa-star-Jack-Grealish

ပိုချက်တီနိုက “ပြီးခဲ့တဲ့ရာသီကတော့ ကစားသမားတချို့ခေါ်မယ်လို့ ကျွန်တော် ပြောခဲ့ဖူးပေမယ့် ဒီရာသီမှာတော့ ဘယ်လိုဖြစ်မလဲ မသိပါဘူး။ ကစားသမားသစ် ခေါ်မလား၊ မခေါ်ဘူးလားဆိုတာ ကျွန်တော်လည်း မပြောတတ်ဘူး။ ကျွန်တော်တို့ ခေါ်ဖို့ ကြိုးပမ်းနေတဲ့သူတွေတော့ ရှိပါတယ်”လို့ ပြောကြားခဲ့တယ်။ စပါးအသင်းတိုက်စစ်မှူး ဟာရီကိန်း Harry Kane ကို လာလီဂါထိပ်သီး ရီးယဲလ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် တကယ်လို့ ဟာရီကိန်းကိုသာ လက်လွှတ်ခံရမယ်ဆိုရင်တော့ ကစားသမားသစ်တစ်ဦးနဲ့ ပြန်အစားထိုးဖို့ရှိနေပါတယ်။

REF:sportskeeda.com
Photo:Ghanasoccernet.com,Daily Mirror,sportolive
Naing Linn(Akhayar)
www.akhayar.com