
LoveROMS.com


Nintendo 3DS Games



Nintendo Switch


Ref : Polygon

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Nintendo Console ဂိမ်းစက်တွေက ယခင်ထဲကနေ အခုအချိန်အထိ ဆော့ကစားသူများပြားနေတုန်းပဲဖြစ်ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာ Emulator Software တွေများပြားလာပြီး PC ကပဲဖြစ်ဖြစ် Android Devices တွေကပဲဖြစ်ဖြစ် Nintendo NES Game တွေကို ROM Download ဆွဲလိုက်ရုံနဲ့ ဆော့ကစားနိုင်နေပြီပဲဖြစ်ပါတယ်။

LoveROMS.com

အခုလိုမျိုး ဆော့ကစားလို့ရနေတာကို Nintendo အနေနဲ့ကတော့ သဘောကျတဲ့ပုံမပေါ်ပါဘူး။ အခုအချိန်မှာ Nintendo ကနေ လက်ရှိ Nintendo ROMs တွေကို Download ပြုလုပ်နိုင်တဲ့ အကြီးစား Website ၂ ခုကို တရားစွဲလိုက်ပြီး ဖျက်ချဖို့တောင်းဆိုလိုက်ပြီဖြစ်ပါတယ်။ Nintendo ကတော့ အဆိုပါ Website တွေဟာ Nintendo ရဲ့ Intellectual Property Rites တွေကို အကြီးအကျယ်ခိုးယူတာဖြစ်တယ်ဆိုပြီး ပြောကြားထားခဲ့တာဖြစ်ပါတယ်။

Nintendo 3DS Games

Nintendo ကနေ တရားစွဲထားတဲ့ Website ၂ ခုထဲက တစ်ခုဖြစ်တဲ့ LoveRetro.co ဟာဆိုရင် အခုအချိန်မှာ Offline ဖြုတ်ချပြီးဖြစ်ပြီးတော့ နောက်တစ်ခုဖြစ်တဲ့ LoveROMS ကလည်း Nintendo Files တွေ အကုန်လုံးကို Website ကနေ ဖယ်ရှားထားပြီးဖြစ်တယ်လို့ သိရပါတယ်။ Nintendo ရဲ့ စွပ်စွဲချက်အရတော့ အဆိုပါ Websites ၂ ခုစလုံးက တစ်ဦးတည်းကနေ ဆောင်ရွက်နေတာလို့ ပြောကြားထားခဲ့တာပါ။

Nintendo ဟာ ယခု LoveROMS နဲ့ LoveRETRO Websites ၂ ခုကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့က U.S District Court for the District of Arizona မှာ တရားဆွဲခဲ့တာဖြစ်ပြီးတော့ Nintendo ရဲ့ တရားဝင်ခွင့်ပြုချက်မရှိဘဲ Nintendo ကနေ Developed ပြုလုပ်ထားတဲ့ ဂိမ်းပေါင်းထောင်နဲ့ ချီပြီးကို Copies တွေ ကူးယူခဲ့မှုနဲ့ တရားစွဲခဲ့တာဖြစ်ပါတယ်။

Nintendo Switch

အခု Nintendo ရဲ့ တရားစွဲမှုက သူရဲ့ ဂိမ်းတွေအကုန်လုံးကို ထည့်သွင်းမယ်ဆိုရင် ဒေါ်လာ သန်း ၁၀၀ ဝန်းကျင်အထိ ရှိနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Nintendo ရဲ့ တောင်းဆိုချက်အရဆိုရင် အခု Websites တွေကို ပိတ်သိမ်းရုံတင်မကပဲ ထိခိုက်နစ်နာခဲ့မှုတွေအတွက် ပြန်လည်တွက်ချက်ပေးဖို့နဲ့ အခု Websites တွေရဲ့ Domain Names တွေကိုပါ Control လုပ်ဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

Ref : Polygon

Zawyè (Akhayar) 

www.akhayar.com