Nintendo ဟာ ဝယ္လုိအားျမင့္မားမယ့္ ၂၀၁၇ခုႏွစ္ အားလပ္ရက္၊ ေစ်းဝယ္ရာသီမတုိင္ခင္မွာ Switch ကြန္ဆုိးလ္ေတြရဲ႕ ထုတ္လုပ္မႈကုိ ျမွင့္တင္ဖြယ္ရွိေနတယ္လို႔ Financial Times သတင္းစာရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။

ၿပီးခဲ့တဲ့ မတ္လတုန္းက ထုတ္လုပ္ခဲ့တဲ့ ဂိမ္းစက္ေတြကို စတင္ထုတ္လုပ္ခဲ့ၿပီးေတာ့ အရမ္းေခတ္စားခဲ့ပါတယ္။ ဒါေၾကာင့္ ဂ်ပန္ဂိမ္းကုမၸဏီက Production Order ေတြကုိ တုိးျမွင့္လုိက္တယ္လုိ႔ Wall Street Journal က ေဖာ္ျပခဲ့ၿပီး ၿပီးခဲ့တဲ့ ဘ႑ာႏွစ္အတြင္းမွာတင္ ကြန္ဆုိးေပါင္း ၁၆သန္းေက်ာ္ကုိ ေရာင္းခ်ခဲ့ရတယ္လုိ႔ ဆုိပါတယ္။

ဒါေၾကာင့္ လာမယ့္ ၂၀၁၈မတ္လမတုိင္မီအထိ အနည္းဆံုး အလံုးေရ ၁၈သန္း ထုတ္လုပ္ေရာင္းခ်ႏုိင္ဖုိ႔အတြက္လည္း Nintendo က ျပင္ဆင္ေနပါတယ္။

Financial Times ရဲ႕ မွတ္ခ်က္မွာေတာ့ ဒီအေၾကာင္းကုိ ကုမၸဏီက ျငင္းဆုိထားေသာ္ျငားလည္းပဲ ထုတ္လုပ္မႈကုိ ႏွစ္ဆေလာက္အထိ ျမွင့္တင္ဖြယ္ရွိေနတယ္လုိ႔ သံုးသပ္သူေတြက ဆုိၾကပါတယ္။

ဒီလုိ ထုတ္လုပ္မႈ ျမွင့္တင္ဖုိ႔ ျပဳလုပ္ေနတာဟာ ပစၥည္းမွာ အသံုးျပဳထားတဲ့ LCD မ်က္ႏွာျပင္ေတြလုိ႔ Supply ျပသနာအခ်ိဳ႕နဲ႔လည္း ရင္ဆုိင္ရဖြယ္ရွိေနတာပါ။ ဒီလုိ ထုတ္လုပ္မႈ ျမွင့္တင္တာေၾကာင့္ လက္ရွိဂိမ္းစက္ မရေသးသူေတြလည္း ဒီႏွစ္ရဲ႕ တစ္ခ်ိန္ခ်ိန္မွာ ဝယ္ယူႏုိင္မွာပါ။

Joker (Akhayar)

Ref: The Verge

=============

[Unicode]

Nintendo က Switch ကွန်ဆိုးလ်တွေရဲ့ ထုတ်လုပ်မှုကို တိုးမြှင့်မယ်လို့ သတင်းထွက်လာ

Nintendo ဟာ ဝယ်လိုအားမြင့်မားမယ့် ၂၀၁၇ခုနှစ် အားလပ်ရက်၊ စျေးဝယ်ရာသီမတိုင်ခင်မှာ Switch ကွန်ဆိုးလ်တွေရဲ့ ထုတ်လုပ်မှုကို မြှင့်တင်ဖွယ်ရှိနေတယ်လို့ Financial Times သတင်းစာရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လတုန်းက ထုတ်လုပ်ခဲ့တဲ့ ဂိမ်းစက်တွေကို စတင်ထုတ်လုပ်ခဲ့ပြီးတော့ အရမ်းခေတ်စားခဲ့ပါတယ်။ ဒါကြောင့် ဂျပန်ဂိမ်းကုမ္ပဏီက Production Order တွေကို တိုးမြှင့်လိုက်တယ်လို့ Wall Street Journal က ဖော်ပြခဲ့ပြီး ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်အတွင်းမှာတင် ကွန်ဆိုးပေါင်း ၁၆သန်းကျော်ကို ရောင်းချခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် လာမယ့် ၂၀၁၈မတ်လမတိုင်မီအထိ အနည်းဆုံး အလုံးရေ ၁၈သန်း ထုတ်လုပ်ရောင်းချနိုင်ဖို့အတွက်လည်း Nintendo က ပြင်ဆင်နေပါတယ်။

Financial Times ရဲ့ မှတ်ချက်မှာတော့ ဒီအကြောင်းကို ကုမ္ပဏီက ငြင်းဆိုထားသော်ငြားလည်းပဲ ထုတ်လုပ်မှုကို နှစ်ဆလောက်အထိ မြှင့်တင်ဖွယ်ရှိနေတယ်လို့ သုံးသပ်သူတွေက ဆိုကြပါတယ်။

ဒီလို ထုတ်လုပ်မှု မြှင့်တင်ဖို့ ပြုလုပ်နေတာဟာ ပစ္စည်းမှာ အသုံးပြုထားတဲ့ LCD မျက်နှာပြင်တွေလို့ Supply ပြသနာအချို့နဲ့လည်း ရင်ဆိုင်ရဖွယ်ရှိနေတာပါ။ ဒီလို ထုတ်လုပ်မှု မြှင့်တင်တာကြောင့် လက်ရှိဂိမ်းစက် မရသေးသူတွေလည်း ဒီနှစ်ရဲ့ တစ်ချိန်ချိန်မှာ ဝယ်ယူနိုင်မှာပါ။

Joker (Akhayar)

Ref: The Verge