Nintendo ဟာ Legend of Zelda ဂိမ္းကုိ စမတ္ဖုန္းေတြအတြက္ ထုတ္လုပ္ဖုိ႔ လုပ္ေဆာင္ေနၿပီ ျဖစ္တယ္လုိ႔ Wall Street Journal ႀကီးရဲ႕ သတင္းတစ္ပုဒ္အရ သိရပါတယ္။ ဂိမ္းဟာ ဒီႏွစ္အတြင္း ထြက္လာမယ့္ Animal Crossing ရဲ႕ မုိဘုိင္းလ္ဗားရွင္းကုိ ထုတ္လုပ္မယ့္ပံုစံကုိ ေျခရာနင္းမွာ ျဖစ္ပါတယ္။ Nintendo ရဲ႕ CEO ျဖစ္သူ Tatsumi Kimishima ရဲ႕ ေျပာၾကားခ်က္အရ ကုမၸဏီအေနနဲ႔ ၂၀၁၈ခုႏွစ္ မတ္လမွာ အဆံုးသတ္မယ့္ ဘ႑ာႏွစ္အတြင္းမွာ စမတ္ဖုန္းဂိမ္းႏွစ္မ်ိဳးကေန သံုးမိ်ဳးအထိ ထုတ္လုပ္ဖုိ႔အတြက္ စီစဥ္ထားေၾကာင္း သိရပါတယ္။

WSJ ရဲ႕ သတင္းဟာ Zelda အမည္နဲ႔ အေသးစိတ္ေဖာ္ျပထားတာမဟုတ္ေပမယ့္လဲ Zelda အပါအဝင္ Super Mario Run ကုိ Free ေပးမယ့္ ဗားရွင္းနဲ႔ Free-to-play ေမာ္ဒယ္အေနနဲ႔ပဲ ထြက္လာမယ့္ Fire Emblem Heroes တုိ႔လုိ ဂိမ္းေတြ ပါဝင္မွာ ျဖစ္ေၾကာင္း သိရပါတယ္။ ဒီလုိ ဂိမ္းအမိုက္စားေတြကုိ မိုဘိုင္းလ္မွာ ထုတ္လုပ္ဖုိ႔ စီစဥ္ေနတဲ့အတြက္ ပရိတ္သတ္ေတြအတြက္ေတာ့ စိတ္လႈပ္ရွားစရာ ျဖစ္ခဲ့ပါတယ္။

The Legend of Zelda ဟာ Switch ကြန္ဆိုးကို ထုတ္လုပ္ၿပီးတဲ့ေနာက္ ေအာင္ျမင္မႈအရွိန္အဟုန္ေကာင္းေကာင္းနဲ႔ ခ်ီတက္ေနတဲ့ ဂိမ္းတစ္ခုျဖစ္ၿပီး Breath of The Wild ကုိ Sitch ေရာ Wii U မွာပါ ရရွိေနၿပီ ျဖစ္ပါတယ္။ ဒီလိုဂိမ္းကုိ မုိဘိုင္းလ္မွာ ကစားႏုိင္မယ္ဆုိရင္ေတာ့ ပရိတ္သတ္ေတြအတြက္ကေတာ့ တကယ္ စိတ္လႈပ္ရွားဖုိ႔ ေကာင္းပါတယ္။ Trailer ကုိ ေအာက္မွာ ၾကည့္ႏုိင္ပါတယ္။

Joker (Akhayar)

Ref: The Verge

==============

[Unicode]

The Legend of Zelda ကို မိုဘိုင်းလ်ဂိမ်းအနေနဲ့ Nintendo ထုတ်လုပ်ဖို့ စီစဉ်နေ

Nintendo ဟာ Legend of Zelda ဂိမ်းကို စမတ်ဖုန်းတွေအတွက် ထုတ်လုပ်ဖို့ လုပ်ဆောင်နေပြီ ဖြစ်တယ်လို့ Wall Street Journal ကြီးရဲ့ သတင်းတစ်ပုဒ်အရ သိရပါတယ်။ ဂိမ်းဟာ ဒီနှစ်အတွင်း ထွက်လာမယ့် Animal Crossing ရဲ့ မိုဘိုင်းလ်ဗားရှင်းကို ထုတ်လုပ်မယ့်ပုံစံကို ခြေရာနင်းမှာ ဖြစ်ပါတယ်။ Nintendo ရဲ့ CEO ဖြစ်သူ Tatsumi Kimishima ရဲ့ ပြောကြားချက်အရ ကုမ္ပဏီအနေနဲ့ ၂၀၁၈ခုနှစ် မတ်လမှာ အဆုံးသတ်မယ့် ဘဏ္ဍာနှစ်အတွင်းမှာ စမတ်ဖုန်းဂိမ်းနှစ်မျိုးကနေ သုံးမျိုးအထိ ထုတ်လုပ်ဖို့အတွက် စီစဉ်ထားကြောင်း သိရပါတယ်။

WSJ ရဲ့ သတင်းဟာ Zelda အမည်နဲ့ အသေးစိတ်ဖော်ပြထားတာမဟုတ်ပေမယ့်လဲ Zelda အပါအဝင် Super Mario Run ကို Free ပေးမယ့် ဗားရှင်းနဲ့ Free-to-play မော်ဒယ်အနေနဲ့ပဲ ထွက်လာမယ့် Fire Emblem Heroes တို့လို ဂိမ်းတွေ ပါဝင်မှာ ဖြစ်ကြောင်း သိရပါတယ်။ ဒီလို ဂိမ်းအမိုက်စားတွေကို မိုဘိုင်းလ်မှာ ထုတ်လုပ်ဖို့ စီစဉ်နေတဲ့အတွက် ပရိတ်သတ်တွေအတွက်တော့ စိတ်လှုပ်ရှားစရာ ဖြစ်ခဲ့ပါတယ်။

The Legend of Zelda ဟာ Switch ကွန်ဆိုးကို ထုတ်လုပ်ပြီးတဲ့နောက် အောင်မြင်မှုအရှိန်အဟုန်ကောင်းကောင်းနဲ့ ချီတက်နေတဲ့ ဂိမ်းတစ်ခုဖြစ်ပြီး Breath of The Wild ကို Sitch ရော Wii U မှာပါ ရရှိနေပြီ ဖြစ်ပါတယ်။ ဒီလိုဂိမ်းကို မိုဘိုင်းလ်မှာ ကစားနိုင်မယ်ဆိုရင်တော့ ပရိတ်သတ်တွေအတွက်ကတော့ တကယ် စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။

Joker (Akhayar)

Ref: The Verge