[Zawgyi]

ဒီေန႕ေက်ာင္းစတက္တယ္ဆိုတဲ့အရင္ကငါးတန္းေက်ာင္းသူေလးနီနီခင္ေဇာ္

“ဒီေန႔ေက်ာင္းစတက္တယ္” ဆိုၿပီးနီနီခင္ေဇာ္က သူမရဲ႕လူမႈကြန္ရက္ေပၚမွာဒီစာေလးနဲ႕ အတူတူ ၅ တန္းေက်ာင္းသူဘဝကသူမရဲ႕ပံုေလးကိုတင္ထားတာေတြ႕ရပါတယ္။ လက္ရွိရုပ္ရည္နဲ႔ႏိႈင္းယွဥ္ၾကည့္ေတာ့ သူမဟာ ငယ္ရုပ္ေလးမေပ်ာက္တာကိုလည္း ေတြ႕ျမင္နိုင္ပါတယ္။

ငါးတန္းေက်ာင္းသူဘဝကနီနီခင္ေဇာ္

အေျခခံပညာအဆင့္ ကေလးေတြအကုန္လံုး ဇြန္လ ၁ ရက္ေန႕မွာ ေက်ာင္းစတက္ရတဲ့ အတြက္ အဆိုေတာ္နီနီခင္ေဇာ္ဟာ ငယ္ငယ္တုန္းကေက်ာင္းတက္ခဲ့တဲ့အခ်ိန္ေတြကို သတိရလြမ္းဆြတ္မိလို႕ အခုလို ပံုေလးတင္လိုက္တယ္လို႕ေတာ့ထင္ျမင္မိပါတယ္။

The Voice Myanmar မွာေတြ႕ရတဲ့ နီနီ

သူမကို အမာခံပရိသတ္ေတြရဲ႕အားေပးေထာက္ခံမႈေတြေၾကာင့္ အဆိုေတာ္ေလာကမွာ ေနရာတစ္ေနရာကိုရရွိထားၿပီး အခုဆိုရင္ The Voice Myanmar မွာလည္း ဒိုင္တစ္ဦး အျဖစ္သူ႔ထက္ဝါႀကီးတဲ့ စီနီယာေတြနဲ႔တြဲဖက္ၿပီးေတာ့ လုပ္ေဆာင္နိုင္ေနသူတစ္ဦးလည္းျဖစ္ပါတယ္။ ငါးတန္းတုန္းက နီနီတက္ခဲ့တဲ့ေက်ာင္းကေတာ့ အ.ထ.က ၁ သန္လ်င္ျဖစ္တယ္လို႕လည္းသိရပါတယ္။

Photo Credit:Ni Ni Khin Zaw Facebook Page

ၾကည္သာ (Akhayar)

www.akhayar.com
[Unicode]

ဒီနေ့ကျောင်းစတက်တယ်ဆိုတဲ့အရင်ကငါးတန်းကျောင်းသူလေးနီနီခင်ဇော်

“ဒီနေ့ကျောင်းစတက်တယ်” ဆိုပြီးနီနီခင်ဇော်က သူမရဲ့လူမှုကွန်ရက်ပေါ်မှာဒီစာလေးနဲ့ အတူတူ ၅ တန်းကျောင်းသူဘဝကသူမရဲ့ပုံလေးကိုတင်ထားတာတွေ့ရပါတယ်။ လက်ရှိရုပ်ရည်နဲ့နှိုင်းယှဉ်ကြည့်တော့ သူမဟာ ငယ်ရုပ်လေးမပျောက်တာကိုလည်း တွေ့မြင်နိုင်ပါတယ်။

ငါးတန်းကျောင်းသူဘဝကနီနီခင်ဇော်

အခြေခံပညာအဆင့် ကလေးတွေအကုန်လုံး ဇွန်လ ၁ ရက်နေ့မှာ ကျောင်းစတက်ရတဲ့ အတွက် အဆိုတော်နီနီခင်ဇော်ဟာ ငယ်ငယ်တုန်းကကျောင်းတက်ခဲ့တဲ့အချိန်တွေကို သတိရလွမ်းဆွတ်မိလို့ အခုလို ပုံလေးတင်လိုက်တယ်လို့တော့ထင်မြင်မိပါတယ်။

The Voice Myanmar မှာတွေ့ရတဲ့ နီနီ

သူမကို အမာခံပရိသတ်တွေရဲ့အားပေးထောက်ခံမှုတွေကြောင့် အဆိုတော်လောကမှာ နေရာတစ်နေရာကိုရရှိထားပြီး အခုဆိုရင် The Voice Myanmar မှာလည်း ဒိုင်တစ်ဦး အဖြစ်သူ့ထက်ဝါကြီးတဲ့ စီနီယာတွေနဲ့တွဲဖက်ပြီးတော့ လုပ်ဆောင်နိုင်နေသူတစ်ဦးလည်းဖြစ်ပါတယ်။ ငါးတန်းတုန်းက နီနီတက်ခဲ့တဲ့ကျောင်းကတော့ အ.ထ.က ၁ သန်လျင်ဖြစ်တယ်လို့လည်းသိရပါတယ်။

Photo Credit:Ni Ni Khin Zaw Facebook Page

ကြည်သာ (Akhayar)

www.akhayar.com