[Zawgyi]

ေလယာဥ္ေပၚ သယ္ေဆာင္ခြင္႔မရွိတဲ့ပစၥည္းမ်ား

ခရီးသြားတဲ႔အခါ လူတိုင္းက ကိုယ္အိမ္ကိုယ္ယာကေန အျခားေနရာသစ္တစ္ခုကို သြားရတာျဖစ္တဲ႔အတြက္ ခရီးစဥ္တစ္ေလွ်ာက္ လိုအပ္မယ္ထင္တဲ႔ ပစၥည္းပစၥယေတြကို စံုစိေနေအာင္ အကုန္ထည္႔သြြားခ်င္ၾကပါတယ္။ အဲလိုထည္႔သြားတာက ေကာင္းေပမယ့္လည္း ေလယာဥ္န႔ဲ ခရီးသြားမယ္ဆိုရင္ေတာ႔ တခ်ိဳ႕ေသာပစၥည္းေတြဟာ ေလယာဥ္ေပၚကို ယူေဆာင္သြားလို႔မရတဲ႔အတြက္ အေလးခံၿပီး မထည္႔သြားဖို႔ အၾကံျပဳခ်င္ပါတယ္ေနာ္။ ေယာင္ၿပီး ထည္႔မသြားမိေစဖုိ႔ ေလယာဥ္ေပၚသယ္သြားလုိ႔မရတဲ႔ ပစၥည္းေလးေတြက ဘာေလးေတြလဲ ၾကည့္လိုက္ရေအာင္ေနာ္။

အရက္ျဖဴပုလင္း

အခ်ဴိ႕ေသာ Minibar-sized ပုလင္းေလးေတြကို ေလယာဥ္ေပၚကို သယ္ေဆာင္ခြင္႔ျပဳထားေပမယ္႔ ၁၀၀ မီလီလီတာေက်ာ္တဲ႔ တန္ဖိုးႀကီးအရက္ေတြကိုေတာ့ သယ္ေဆာင္ခြင္႔မျပဳပါဘူး။ Alcohol ၇၀ ရာခုိင္ႏႈန္းပါဝင္တဲ႔ အေဖ်ာ္ယမကာေတြကိုလည္း ကိုယ္နဲ႔အတူသယ္ေဆာင္မယ္႔အိတ္ထဲမွာလည္း ထည့္သြင္းၿပီး သယ္ေဆာင္ခြင့္မျပဳပါဘူး။ ဒါေၾကာင့္မို႔ ေလယာဥ္နဲ႔ခရီးသြားတဲ့အခါမွာ Alcohol ပမာဏမ်ားတဲ႔ အေဖ်ာ္ယမကာေတြ မသယ္ေဆာင္သြားတာ အေကာင္းဆံုးပါပဲ။

everclear alchol bottle

everclear alchol bottle

Magic 8 Ball

Transportation Security Administration (tsa.gov) ရဲ႕ အကိုးအကားအရ ကုိယ္နဲ႔တစ္ပါးတည္းသယ္ေဆာင္တဲ႔ အိတ္ထဲမွာဆိုရင္ Magic 8 ball ကို သယ္ေဆာင္တာကိုခြင္႔မျပဳပါဘူးတဲ႔။ ခရီးေဆာင္အိတ္ထဲမွာ ထည္႔ၿပီးသယ္ေဆာင္မယ္ဆိုရင္ေတာ့ သယ္ေကာင္း သယ္လုိ႔ရႏိုင္ပါတယ္။

Magic 8 Ball

Magic 8 Ball

Snow Globes

Snow Globes လွလွေလးေတြကို သယ္ေဆာင္သြားမယ္ဆိုရင္ လံုျခံဳေရးကို ျဖတ္တဲ့အခါမွာ အခက္ေတြ႔ႏိုင္ပါတယ္။ Snow Globes က Tennis Ball အရြယ္အစားရွိၿပီး အရည္ ၃.၄ ေအာင္စ ပါဝင္ပါတယ္။ အဲဒီ Snow Globes ထဲမွာရွိတဲ့ အရည္ေတြကုိ အကုန္ဖယ္ထုတ္ၿပီး အရည္ကို အိတ္အၾကည္ထဲ ထည္႔ကာ အျပင္အခံြကို သတ္သတ္ခဲြၿပီး ထည္႔သြားရပါလိမ္႔မယ္။ အဲလိုျပဳလုပ္လိုက္ၿပီဆိုရင္ေတာ့ ျပန္လည္တပ္ဆင္ဖို႔လည္း မလြယ္ကူေတာ႔ဘူးေလေနာ္။

Snow Globe

Snow Globe

ဓာတ္ေျမၾသဇာ

ဓာတ္ေျမၾသဇာကို ေလယာဥ္ေပၚယူသြားလို႔ မရဘူးလို႔ေျပာရင္ ဟုတ္ေရာဟုတ္ရဲ႕လားလုိ႔ေတြးမိႏိုင္ပါတယ္။ ဓာတ္ေျမၾသဇာက ေပါက္ကဲြမႈကုိ ျဖစ္ေစတတ္ပါတယ္။ ေျမၾသဇာေတြမွာပါဝင္တဲ႔ Ammonium Nitrate အခ်ဳိ႕က ဗံုးေတြမွာပါဝင္တဲ႔ ပါဝင္ပစၥည္းေတြနဲ႔တူတဲ႔ အတြက္ေၾကာင့္ ျဖစ္ပါတယ္။ ေလယာဥ္စီးတဲ႔ ခရီးသည္ေတြထဲမွာ စိုက္ပ်ဴိးေရးဝါသနာပါတဲ့သူေတြရွိရင္ ဓာတ္ေျမၾသဇာကို ေလယာဥ္ဆင္းမွသာ ေရာက္တဲ႔ေနရာကေန ဝယ္ယူအသံုးျပဳပါလုိ႔ အၾကံျပဳပါရေစ။

Fertilizer

Fertilizer

အစြန္းခၽြတ္ေဆး

အပန္းေျဖအနားယူခရီးသြားတဲ႔အခါမွာ ႀကီးႀကီးက်ယ္က်ယ္ေလွ်ာ္ဖြတ္သန္႔စင္ဖို႔ အစီအစဥ္ရွိမယ္ေတာ့ မထင္ပါဘူး။ အစီအစဥ္ရွိခဲ့ရင္လည္း အစြန္းခၽြတ္ေဆးကိုေတာ့ ေလယာဥ္ေပၚကို သယ္ေဆာင္သြားလို႔မရပါဘူး။ ၃.၄ ေအာင္စ အရည္ဘူးေလးပဲ ျဖစ္ေနရင္ေတာင္မွ ေလယာဥ္ေပၚကို သယ္ေဆာင္ခြင္႔မရွိပါဘူးေနာ္။

ကစားစရာဓား

ဒီကစားစရာဓားက အႏၱရာယ္ႀကီးႀကီးမားမား တစ္စံုတစ္ရာမရွိေပမယ္႔လည္း Transportation Security Administration က ခရီးေဆာင္အိတ္ထဲထည္႔ၿပီး ေလယာဥ္ေပၚကို သယ္ေဆာင္ဖုိ႔ ခြင္႔မျပဳထားပါဘူး။

Foam Sword

Foam Sword

ဝက္ဝံကိုတုိက္ခိုက္တဲ႔ Spray

ႏိုင္ငံရပ္ျခားခရီးသြားၿပီး စခန္းခ်ေနဖို႔နဲ႔ ေတာင္တက္ဖို႔အစီအစဥ္ရွိခဲ႔ရင္ သားရဲတိရစာၦန္ အႏၱရာယ္ကာကြယ္ဖို႔အတြက္ Bear Spray( ဝက္ဝံကိုတိုက္ခိုက္တဲ့ငရုတ္ေကာင္း Spray) နဲ႔ Bear Banger(ဝက္ဝံေတြကိုေၾကာက္သြားေစတဲ႔ အသံက်ယ္ေလာင္စြာထြက္တဲ့ ကိရိယာ) ေတြကုိ အသံုးျပဳတတ္ၾကပါတယ္။ ဒီပစၥည္းေတြကို လက္မွာကိုင္ေဆာင္ထားတဲ႔အိတ္ထဲနဲ႔ ခရီးေဆာင္အိတ္ထဲကိုပါထည့္ၿပီး သယ္ေဆာင္ခြင္႔ မျပဳထားပါဘူး။

Bear Spray

Bear Spray

ငရုတ္ေကာင္း Spray

လက္မွာကိုင္ေဆာင္ထားတဲ႔အိတ္ထဲကို ငရုတ္ေကာင္း Spray သယ္ေဆာင္ခြင္႔မရွိပါဘူး။ ခရီးေဆာင္အိတ္ထဲကိုလည္း ထည့္ဖို႔ကန္႔သတ္ထားတဲ႔အတြက္ သယ္ေဆာင္လို႔ မရပါဘူး။ ငရုတ္ေကာင္း Spray က မိမိကုိယ္ကို ေဘးအႏၱရာယ္ကင္းဖို႔အတြက္ ပက္ဖ်န္းၿပီးသံုးလို႔ရတဲ့ အကာအကြယ္ပစၥည္းျဖစ္ေပမယ္႔လည္း အဲဒီထဲမွာ မ်က္ရည္ယိုဗံုး ႏွစ္ရာခိုင္ႏႈန္းပါဝင္တဲ႔အတြက္ သယ္ယူဖို႔ ခြင့္မျပဳတာျဖစ္ပါတယ္။

Pepper Spray

Pepper Spray

ဆံပင္ေကာက္စက္

ဆံပင္ေကာက္ဟာမိန္းကေလးေတြအတြက္ မရွိမျဖစ္ပစၥည္းျဖစ္ေပမယ္႔ ဆံပင္ေကာက္စက္ရဲ႕ဘီးလိပ္ဟာ ဓာတ္ဆီမွထုတ္လုပ္တဲ႔ ဓာတ္ေငြ႔ေတြအသံုးျပဳထားတဲ့အတြက္ မေတာ္တဆမီးနဲ႔ေတြ႕တဲ့အခါမွာ ေပါက္ကဲြတာမ်ဳိး ျဖစ္တတ္ပါတယ္။ ဒါေၾကာင္႔မို႔ သယ္ယူမယ္ဆိုရင္ ဆံပင္ဘီးလိပ္ကို ေဘးကင္းလံုျခံဳေအာင္ အထပ္ထပ္ဖံုးအုပ္ၿပီးမွ သယ္ေဆာင္သင္႔ပါတယ္။ ျဖစ္ႏိုင္ရင္ေတာ့ မသယ္သြားတာ အေကာင္းဆံုးပါပဲ။

Cordless curling irons

Cordless curling irons

H.H(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

လေယာဉ်ပေါ် သယ်ဆောင်ခွင့်မရှိတဲ့ပစ္စည်းများ

ခရီးသွားတဲ့အခါ လူတိုင်းက ကိုယ်အိမ်ကိုယ်ယာကနေ အခြားနေရာသစ်တစ်ခုကို သွားရတာဖြစ်တဲ့အတွက် ခရီးစဉ်တစ်လျှောက် လိုအပ်မယ်ထင်တဲ့ ပစ္စည်းပစ္စယတွေကို စုံစိနေအောင် အကုန်ထည့်သွားချင်ကြပါတယ်။ အဲလိုထည့်သွားတာက ကောင်းပေမယ့်လည်း လေယာဉ်နဲ့ ခရီးသွားမယ်ဆိုရင်တော့ တချို့သောပစ္စည်းတွေဟာ လေယာဉ်ပေါ်ကို ယူဆောင်သွားလို့မရတဲ့အတွက် အလေးခံပြီး မထည့်သွားဖို့ အကြံပြုချင်ပါတယ်နော်။ ယောင်ပြီး ထည့်မသွားမိစေဖို့ လေယာဉ်ပေါ်သယ်သွားလို့မရတဲ့ ပစ္စည်းလေးတွေက ဘာလေးတွေလဲ ကြည့်လိုက်ရအောင်နော်။

အရက်ဖြူပုလင်း

အချိူ့သော Minibar-sized ပုလင်းလေးတွေကို လေယာဉ်ပေါ်ကို သယ်ဆောင်ခွင့်ပြုထားပေမယ့် ၁၀၀ မီလီလီတာကျော်တဲ့ တန်ဖိုးကြီးအရက်တွေကိုတော့ သယ်ဆောင်ခွင့်မပြုပါဘူး။ Alcohol ၇၀ ရာခိုင်နှုန်းပါဝင်တဲ့ အဖျော်ယမကာတွေကိုလည်း ကိုယ်နဲ့အတူသယ်ဆောင်မယ့်အိတ်ထဲမှာလည်း ထည့်သွင်းပြီး သယ်ဆောင်ခွင့်မပြုပါဘူး။ ဒါကြောင့်မို့ လေယာဉ်နဲ့ခရီးသွားတဲ့အခါမှာ Alcohol ပမာဏများတဲ့ အဖျော်ယမကာတွေ မသယ်ဆောင်သွားတာ အကောင်းဆုံးပါပဲ။

everclear alchol bottle

everclear alchol bottle

Magic 8 Ball

Transportation Security Administration (tsa.gov) ရဲ့ အကိုးအကားအရ ကိုယ်နဲ့တစ်ပါးတည်းသယ်ဆောင်တဲ့ အိတ်ထဲမှာဆိုရင် Magic 8 ball ကို သယ်ဆောင်တာကိုခွင့်မပြုပါဘူးတဲ့။ ခရီးဆောင်အိတ်ထဲမှာ ထည့်ပြီးသယ်ဆောင်မယ်ဆိုရင်တော့ သယ်ကောင်း သယ်လို့ရနိုင်ပါတယ်။

Magic 8 Ball

Magic 8 Ball

Snow Globes

Snow Globes လှလှလေးတွေကို သယ်ဆောင်သွားမယ်ဆိုရင် လုံခြုံရေးကို ဖြတ်တဲ့အခါမှာ အခက်တွေ့နိုင်ပါတယ်။ Snow Globes က Tennis Ball အရွယ်အစားရှိပြီး အရည် ၃.၄ အောင်စ ပါဝင်ပါတယ်။ အဲဒီ Snow Globes ထဲမှာရှိတဲ့ အရည်တွေကို အကုန်ဖယ်ထုတ်ပြီး အရည်ကို အိတ်အကြည်ထဲ ထည့်ကာ အပြင်အခွံကို သတ်သတ်ခွဲပြီး ထည့်သွားရပါလိမ့်မယ်။ အဲလိုပြုလုပ်လိုက်ပြီဆိုရင်တော့ ပြန်လည်တပ်ဆင်ဖို့လည်း မလွယ်ကူတော့ဘူးလေနော်။

Snow Globe

Snow Globe

ဓာတ်မြေသြဇာ

ဓာတ်မြေသြဇာကို လေယာဉ်ပေါ်ယူသွားလို့ မရဘူးလို့ပြောရင် ဟုတ်ရောဟုတ်ရဲ့လားလို့တွေးမိနိုင်ပါတယ်။ ဓာတ်မြေသြဇာက ပေါက်ကွဲမှုကို ဖြစ်စေတတ်ပါတယ်။ မြေသြဇာတွေမှာပါဝင်တဲ့ Ammonium Nitrate အချို့က ဗုံးတွေမှာပါဝင်တဲ့ ပါဝင်ပစ္စည်းတွေနဲ့တူတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ လေယာဉ်စီးတဲ့ ခရီးသည်တွေထဲမှာ စိုက်ပျိူးရေးဝါသနာပါတဲ့သူတွေရှိရင် ဓာတ်မြေသြဇာကို လေယာဉ်ဆင်းမှသာ ရောက်တဲ့နေရာကနေ ဝယ်ယူအသုံးပြုပါလို့ အကြံပြုပါရစေ။

Fertilizer

Fertilizer

အစွန်းချွတ်ဆေး

အပန်းဖြေအနားယူခရီးသွားတဲ့အခါမှာ ကြီးကြီးကျယ်ကျယ်လျှော်ဖွတ်သန့်စင်ဖို့ အစီအစဉ်ရှိမယ်တော့ မထင်ပါဘူး။ အစီအစဉ်ရှိခဲ့ရင်လည်း အစွန်းချွတ်ဆေးကိုတော့ လေယာဉ်ပေါ်ကို သယ်ဆောင်သွားလို့မရပါဘူး။ ၃.၄ အောင်စ အရည်ဘူးလေးပဲ ဖြစ်နေရင်တောင်မှ လေယာဉ်ပေါ်ကို သယ်ဆောင်ခွင့်မရှိပါဘူးနော်။

ကစားစရာဓား

ဒီကစားစရာဓားက အန္တရာယ်ကြီးကြီးမားမား တစ်စုံတစ်ရာမရှိပေမယ့်လည်း Transportation Security Administration က ခရီးဆောင်အိတ်ထဲထည့်ပြီး လေယာဉ်ပေါ်ကို သယ်ဆောင်ဖို့ ခွင့်မပြုထားပါဘူး။

Foam Sword

Foam Sword

ဝက်ဝံကိုတိုက်ခိုက်တဲ့ Spray

နိုင်ငံရပ်ခြားခရီးသွားပြီး စခန်းချနေဖို့နဲ့ တောင်တက်ဖို့အစီအစဉ်ရှိခဲ့ရင် သားရဲတိရစ္ဆာန် အန္တရာယ်ကာကွယ်ဖို့အတွက် Bear Spray( ဝက်ဝံကိုတိုက်ခိုက်တဲ့ငရုတ်ကောင်း Spray) နဲ့ Bear Banger(ဝက်ဝံတွေကိုကြောက်သွားစေတဲ့ အသံကျယ်လောင်စွာထွက်တဲ့ ကိရိယာ) တွေကို အသုံးပြုတတ်ကြပါတယ်။ ဒီပစ္စည်းတွေကို လက်မှာကိုင်ဆောင်ထားတဲ့အိတ်ထဲနဲ့ ခရီးဆောင်အိတ်ထဲကိုပါထည့်ပြီး သယ်ဆောင်ခွင့် မပြုထားပါဘူး။

Bear Spray

Bear Spray

ငရုတ်ကောင်း Spray

လက်မှာကိုင်ဆောင်ထားတဲ့အိတ်ထဲကို ငရုတ်ကောင်း Spray သယ်ဆောင်ခွင့်မရှိပါဘူး။ ခရီးဆောင်အိတ်ထဲကိုလည်း ထည့်ဖို့ကန့်သတ်ထားတဲ့အတွက် သယ်ဆောင်လို့ မရပါဘူး။ ငရုတ်ကောင်း Spray က မိမိကိုယ်ကို ဘေးအန္တရာယ်ကင်းဖို့အတွက် ပက်ဖျန်းပြီးသုံးလို့ရတဲ့ အကာအကွယ်ပစ္စည်းဖြစ်ပေမယ့်လည်း အဲဒီထဲမှာ မျက်ရည်ယိုဗုံး နှစ်ရာခိုင်နှုန်းပါဝင်တဲ့အတွက် သယ်ယူဖို့ ခွင့်မပြုတာဖြစ်ပါတယ်။

Pepper Spray

Pepper Spray

ဆံပင်ကောက်စက်

ဆံပင်ကောက်ဟာမိန်းကလေးတွေအတွက် မရှိမဖြစ်ပစ္စည်းဖြစ်ပေမယ့် ဆံပင်ကောက်စက်ရဲ့ဘီးလိပ်ဟာ ဓာတ်ဆီမှထုတ်လုပ်တဲ့ ဓာတ်ငွေ့တွေအသုံးပြုထားတဲ့အတွက် မတော်တဆမီးနဲ့တွေ့တဲ့အခါမှာ ပေါက်ကွဲတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ သယ်ယူမယ်ဆိုရင် ဆံပင်ဘီးလိပ်ကို ဘေးကင်းလုံခြုံအောင် အထပ်ထပ်ဖုံးအုပ်ပြီးမှ သယ်ဆောင်သင့်ပါတယ်။ ဖြစ်နိုင်ရင်တော့ မသယ်သွားတာ အကောင်းဆုံးပါပဲ။

Cordless curling irons

Cordless curling irons

H.H(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။