[Zawgyi]

အသားအေရကို အျမန္ဆံုးအိုမင္းရင္႔ေရာ္ေစတဲ့ အစားအစာမ်ား

ေဆးလိပ္ေသာက္ျခင္း၊ ေနေရာင္ထိေတြ႔မႈမ်ားျခင္း၊မ်ဳိးရုိးဗီဇေတြနဲ႔ တျခားေသာအေၾကာင္းအရာအမ်ဳိးမ်ဳိးေတြက အရြယ္မတုိင္မီမွာ လ်င္လ်င္ျမန္ျမန္နဲ႔ အိုမင္းရင့္ေရာ္လာတတ္ၾကပါတယ္။ ဒါေပမယ့္ လူေတာ္ေတာ္မ်ားမ်ားက စားေသာက္ေနထိုင္မႈပံုစံေၾကာင္႔ အခ်ိန္မတိုင္မီ အိုမင္းရင္႔ေရာ္မႈ ျဖစ္ေစတာကုိေတာ့ သိပ္ၿပီး သတိမထားမိၾကပါဘူး။ သတိမထားတဲ႔အတြက္ အိုမင္းရင္႔ေရာ္ေစတဲ႔ အစားအေသာက္ေတြကို စားသံုးမိတဲ႔အခါ အသက္ငယ္ငယ္နဲ႔ အသက္ႀကီးတယ္ဆိုၿပီး အထင္ခံရတာမ်ဳိးေတြ ၾကံဳေတြ႔ဖုူးၾကမွာပါ။ အဲဒီလိုမၾကံဳရေစဖို႔ ကိုယ္ရဲ႕ Lifestyle ကိုလည္းေျပာင္းၿပီး ငယ္ရြယ္ႏုဖတ္ေနတယ္လို႔ အထင္ခံရေစဖို႔ အိုမင္းရင္႔ေရာ္ေစတဲ႔ အစားအစာေတြကို သိထားၿပီး ေရွာင္ရွားသင္႔ပါတယ္။ ဘယ္လိုအစားအေသာက္ေတြက အိုမင္းရင္႔ေရာ္ေစတဲ႔ အေရးအေၾကာင္းေတြကို ျဖစ္ေစႏိုင္လဲဆိုတာ သိေစႏိုင္ဖုိ႔ ေအာက္မွာေဖာ္ျပေပးလိုက္ပါတယ္။

(၁) အခ်ဳိဓာတ္ရွိတဲ႔အစားအစာမ်ား

အခ်ဳိဓာတ္က စိတ္ကို ေပ်ာ္ရႊင္ေစတာမွန္ေပမယ္႔လည္း သၾကားကဲ႔သို႔ေသာ္ အခ်ဳိဓာတ္ေတြအလြန္အကၽြံစားသံုးမိရင္ Collagen (ငယ္ရြယ္ႏုပ်ဳိေစၿပီး တင္းရင္တဲ႔ အသားအေရျဖစ္ေစဖို႔အတြက္ ထြက္ရွိတဲ့ Protein) ထုတ္လုပ္မႈကို ထိခိုက္လာေစပါတယ္။ ဒါေပမယ္႔ သၾကားမပါတဲ႔ အစားအစာေတြကို စားဖို႔ဆိုတာကလည္း အလြန္ခက္ခဲပါတယ္။ အဲလိုခက္ခဲတဲ႔အတြက္ သၾကားေလ်ာ့စားႏိုင္ေစရန္ လွ်ဳိ႕ဝွက္နည္းလမ္းေလးတစ္ခု ေပးခ်င္ပါတယ္။ အဲ့နည္းလမ္းေလးကေတာ့ ၈၀/၂၀ လုိ႔ေခၚတဲ႔ နည္းလမ္းေလးပဲ ျဖစ္ပါတယ္။ ၈၀/၂၀ ဆုိတာက က်န္းမာေရးနဲ႔ကိုက္ညီတဲ႔ အစားအစာကို ၈၀ ရာခိုင္ႏႈန္းစားၿပီး အခ်ဳိဓာတ္ကို ၂၀ ရာခိုင္ႏႈန္းပဲ စားတာမ်ဳိးကို ဆိုလိုတာပါ။

Sweets food

Sweets food

(၂) အရက္

အရက္က က်န္းမာေရးအတြက္တင္ ဆိုးက်ဳိးျဖစ္ေစတာမ်ဳိးမဟုတ္ဘဲ အသားအေရကိုလည္း ထိခိ္ုက္ေစတဲ႔ အဆိပ္ရွိအေဖ်ာ္ယမကာ ျဖစ္ပါတယ္။ အရက္ေသာက္လိုက္ရင္ အသည္းကို အဆိပ္ျဖစ္ေစၿပီး အသည္းက အဆိပ္ေတြကို မဖယ္ရွားႏိုင္တဲ႔အခါ အသားအေရမွာ လာထိခုိက္ၿပီး ဝက္ျခံနဲ႔ အေရးအေၾကာင္းေတြ ျဖစ္ေပၚလာေစပါတယ္။ ဒါေၾကာင့္မို႔ အိုမင္းရင္႔ေရာ္ေစတဲ႔ အေရးအေၾကာင္းေတြ ျဖစ္ေပၚေစတဲ႔ အရက္ကို လံုးဝမျဖတ္ႏိုင္ရင္ေတာ့ ေလ်ာ့ေသာက္သင့္ပါတယ္။

Alcohol

Alcohol

(၃) အတူးလြန္ေနတဲ႔အသားမ်ား

အတူးလြန္ေနတဲ႔ Barbecue အသားေတြမွာ ေရာင္ရမ္းမႈကို ျဖစ္ေပၚေစတဲ႔ Hydrocarbon ဓာတ္ေတြ အမ်ားအျပားပါဝင္ပါတယ္။ အဆိုပါဓာတ္က အသားအေရမွာထြက္ရွိတဲ႔ Collagen ထုတ္လုပ္မႈကို ပ်က္စီးေစပါတယ္။ အိုမင္းရင္႔ေရာ္မႈကို ေႏွာင္႔ေႏွးေစဖို႔အတြက္ တူးကၽြမ္းေနတဲ႔အသားေတြကို တတ္ႏိုင္သမွ် ေရွာင္ၾကဥ္ပါ။

Charred meats

Charred meats

(၄) ဆားပါဝင္မႈလြန္ကဲတဲ႔အစားအစာမ်ား

ဆားနဲ႔ခ်က္ျပဳတ္ထားတဲ႔ အစားအစာေတြကိုစားမွ ဆားစားသံုးတယ္လို႔ မဆိုလိုပါဘူး။ စည္သြပ္ဘူးလို႔ အသင္႔စား အစားအစာေတြကို စားတာကလည္း ဆားစားသံုးတာနဲ႔ တူညီပါတယ္။ ဘာေၾကာင္႔လဲဆိုေတာ့ စည္သြပ္ဘူးေတြကို အလြယ္တကူမပုပ္သိုးေစဖို႔အတြက္ ဆားကိုအသံုုးျပဳၿပီး ျပဳလုပ္ထားတာေၾကာင့္ ျဖစ္ပါတယ္။ ဆားစားသံုးမႈမ်ားလာတဲ႔အခါ ခႏၶာကိုယ္က ေရဓာတ္ေတြလုိအပ္လာၿပီး အသားအေရလည္း မို႔ေဖာင္းလာပါတယ္။ အဲလိုမျဖစ္ေစဖို႔အတြက္ ဆားအစား တျခားေသာဟင္းခတ္အေမႊးအႀကိဳင္ေတြကို အစားထိုးအသံုးျပဳၿပီး အန႔ံအရသာနဲ႔ျပည္႔စံုတဲ႔ ဟင္းေကာင္းတစ္ခြက္ ဖန္တီးကာ အသားအေရနဲ႔ က်န္းမာေရးကို ဂရုစိုက္လုိက္ပါ။

Salted foods

Salted foods

(၅) အသင္႔စားအသားမ်ား

အသင္႔စားအသားေတြမွာ Sulfites ၊ ဆားေတြနဲ႔ တာရွည္ခံေစတဲ႔ ဓာတ္ပစၥည္းေတြ ပါဝင္တဲ႔အတြက္ ေရရွည္စားသံုးမိရင္ အသားအေရကို ေရာင္ရမ္းမႈေတြ ျဖစ္ေပၚေစပါတယ္။ ေရာင္ရမ္းျခင္းရဲ႕ အက်ဳိးဆက္ေၾကာင္႔ အသားအေရအိုမင္မႈႏႈန္း ျမန္ဆန္လာေစပါတယ္။ အဲလိုအသားမ်ဳိးေတြကို ရံဖန္ရံခါမွသာစားသံုးေပးျခင္းျဖင့္ က်န္းမာတဲ့ အသားအေရကို ရရွိပိုင္ဆိုင္ေအာင္ ႀကိဳးစားလိုက္ပါ။

Processed meats

Processed meats

(၆) အဆီမ်ားတဲ႔အစားအစာ

အဆီမ်ားတဲ႔အစားအစာေတြဟာ အိုမင္းရင္႔ေရာ္မႈကို လ်င္ျမန္စြာ ျဖစ္ေပၚေစၿပီး ႏွလံုးအဆို႔ရွင္ကို ပ်က္စီးေစႏိုင္ပါတယ္။ ဒါအျပင္ အဆီမ်ားတဲ႔ အစားအစာေတြမွာ ပါဝင္တဲ႔ အဆီေတြက အသားအေရအလြယ္တကူ ပ်က္စီးမႈ ပိုမိုျဖစ္ေပၚေအာင္ တြန္းအားေပးပါတယ္။ Hydrogenated Oil ေတြနဲ႔ Margarine ေတြ အသံုးျပဳၿပီး ခ်က္ျပဳတ္ထားတဲ႔ အစားအစာေတြကို ေရွာင္ရွားၿပီး သံလြင္ဆီတို႔လို အဆီေတြနဲ႔ ခ်က္ျပဳတ္ထားတဲ႔ အစားအစာမ်ားကိုသာ စားသံုးျခင္းျဖင္႔ အိုမင္းရင္႔ေရာ္မႈကို ေႏွာင္႔ေႏွးေအာင္ ျပဳလုပ္ပါ။

Trans Food

Trans Food

(၇) အရည္အေသြးနိမ့္တဲ႔ျဖည့္စြက္စာမ်ား

အစားအစာေတြစားသံုးျခင္းကေန အာဟာရဓာတ္ေတြ အျပည့္အဝမရႏိုင္တဲ႔အတြက္ ျဖည္႔စြက္စာေတြရဲ႕ အကူအညီကို ယူၾကရပါတယ္။ သို႔ေသာ္လည္း ေစ်းေပါတဲ့ ျဖည္႔စြက္စာေတြကို စားသံုးျခင္းက အာဟာရဓာတ္မျဖစ္ေစဘဲ အခန္႔မသင္႔ရင္ ဆိုးက်ဳိးေတြေတာင္ ျဖစ္ေစႏိုင္ပါတယ္။ ဒါအျပင္ ဗီတာမင္ေအနဲ႔ သြပ္ဓာတ္ေတြပါဝင္တဲ႔ ျဖည္႔စြက္စာေတြကို အလြန္အက်ဴးစားသံုးမိရင္ အသားအေရကို ေရဓာတ္ခန္းေျခာက္ေစပါတယ္။ အရည္အေသြးနိမ္႔တဲ႔ ျဖည္႔စြက္စာေတြအတြက္ ပိုက္ဆံေတြသံုးပစ္မယ္႔အစား အာဟာရဓာတ္ေတြျပည္႔ဝတဲ႔ အစားအစာေတြနဲ႔ အရည္အေသြးျမင္႔တဲ့ အစားအစာေတြကို စားသံုးေပးျခင္းျဖင္႔ က်န္းမာေရးနဲ႔ အလွအပကုို ဂရုစိုက္လိုက္ပါ။

Low quality supplements

Low quality supplements

(၈) ပင္လယ္စာမ်ား

ပုစြန္ထုပ္ႀကီး၊ပုစြန္ဆိတ္နဲ႔ ဂဏန္းေတြကဲ႔သို႔ေသာ ပင္လယ္စာေတြမွာ Iodoine ဓာတ္ေတြ ျမင့္မားစြာပါဝင္တဲ႔အတြက္ ေခၽြးေပါက္ေတြပိတ္ကာ ဝက္ျခံေတြ အလြန္အမင္းထြက္လာေစပါတယ္။ အဲဒီလုိ ပင္လယ္စာေတြစားမယ္႔အစား Omega Fatty Acid ေတြ ၾကြယ္ဝစြာပါဝင္တဲ႔ ငါးေတြကို စားသံုးေပးျခင္းျဖင့္ အသားအေရကို စိုေျပေစၿပီး ငယ္ရြယ္တဲ႔အသြင္အျပင္ကို ရရွိပိုင္ဆိုင္္ႏိုင္ေစမွာပါ။

Shellfish

Shellfish

(၉) နာနတ္ႀကီးပင္

နာနတ္ႀကီးပင္ကေန သဘာဝ အခ်ဳိဓာတ္ေတြရရွိတဲ႔အတြက္ မုန္႔ဖုတ္ျခင္းေတြနဲ႔ Smoothies ေတြ ျပဳလုပ္တဲ့အခါမွာအသံုးျပဳၾကပါတယ္။ ဒါေပမယ္႔ အဲအခ်ဳိဓာတ္ကို အခ်ဳိကဲလြန္တဲ႔အတြက္ အသည္းထဲကိုေရာက္ရွိတဲ႔အခါမွာ အဆီအျဖစ္သိုု႔ေျပာင္းသြားၿပီး Collagen ထုတ္လုပ္မႈကို အဟန္႔အတား ျဖစ္ေစပါတယ္။ Collagen ထြက္ရွိမႈႏႈန္းေႏွးလာတဲ႔အခါ အေရးအေၾကာင္းေတြနဲ႔ အိုမင္းရင္႔ေရာ္မႈေတြက ေနာက္ဆက္တဲြအေနနဲ႔ ျဖစ္လာပါေတာ့တယ္။ ဒါေၾကာင္႔မို႔ သဘာဝအခ်ဳိဓာတ္ရရွိဖို႔အတြက္ဆို နာနတ္ႀကီးပင္ကို အသံုးျပဳမယ္႔အစား သဘာဝပ်ားရည္နဲ႔ ဌက္ေပ်ာသီးကို အသံုးျပဳလို႔ရပါတယ္။

Agave

Agave

အသားအေရကို အိုမင္းရင့္ေရာ္ေစတဲ့ အစားအစာေတြကို သိသြားၿပီဆိုေတာ့ ဒီအစားအေသာက္ေတြကို ေရွာင္ရွားၿပီး ရွိရင္းစဲြအသက္အရြယ္ထက္ ငယ္ရြယ္လွပတဲ႔ အသြင္အျပင္ရရွိေအာင္ ေနထိုင္ၾကည္႔ၾကရေအာင္။

H.H(Akhayar)
www.akhayar.com

[Unicode]

အသားအရေကို အမြန်ဆုံးအိုမင်းရင့်ရော်စေတဲ့ အစားအစာများ

ဆေးလိပ်သောက်ခြင်း၊ နေရောင်ထိတွေ့မှုများခြင်း၊မျိုးရိုးဗီဇတွေနဲ့ တခြားသောအကြောင်းအရာအမျိုးမျိုးတွေက အရွယ်မတိုင်မီမှာ လျင်လျင်မြန်မြန်နဲ့ အိုမင်းရင့်ရော်လာတတ်ကြပါတယ်။ ဒါပေမယ့် လူတော်တော်များများက စားသောက်နေထိုင်မှုပုံစံကြောင့် အချိန်မတိုင်မီ အိုမင်းရင့်ရော်မှု ဖြစ်စေတာကိုတော့ သိပ်ပြီး သတိမထားမိကြပါဘူး။ သတိမထားတဲ့အတွက် အိုမင်းရင့်ရော်စေတဲ့ အစားအသောက်တွေကို စားသုံးမိတဲ့အခါ အသက်ငယ်ငယ်နဲ့ အသက်ကြီးတယ်ဆိုပြီး အထင်ခံရတာမျိုးတွေ ကြုံတွေ့ဖုူးကြမှာပါ။ အဲဒီလိုမကြုံရစေဖို့ ကိုယ်ရဲ့ Lifestyle ကိုလည်းပြောင်းပြီး ငယ်ရွယ်နုဖတ်နေတယ်လို့ အထင်ခံရစေဖို့ အိုမင်းရင့်ရော်စေတဲ့ အစားအစာတွေကို သိထားပြီး ရှောင်ရှားသင့်ပါတယ်။ ဘယ်လိုအစားအသောက်တွေက အိုမင်းရင့်ရော်စေတဲ့ အရေးအကြောင်းတွေကို ဖြစ်စေနိုင်လဲဆိုတာ သိစေနိုင်ဖို့ အောက်မှာဖော်ပြပေးလိုက်ပါတယ်။

(၁) အချိုဓာတ်ရှိတဲ့အစားအစာများ

အချိုဓာတ်က စိတ်ကို ပျော်ရွှင်စေတာမှန်ပေမယ့်လည်း သကြားကဲ့သို့သော် အချိုဓာတ်တွေအလွန်အကျွံစားသုံးမိရင် Collagen (ငယ်ရွယ်နုပျိုစေပြီး တင်းရင်တဲ့ အသားအရေဖြစ်စေဖို့အတွက် ထွက်ရှိတဲ့ Protein) ထုတ်လုပ်မှုကို ထိခိုက်လာစေပါတယ်။ ဒါပေမယ့် သကြားမပါတဲ့ အစားအစာတွေကို စားဖို့ဆိုတာကလည်း အလွန်ခက်ခဲပါတယ်။ အဲလိုခက်ခဲတဲ့အတွက် သကြားလျော့စားနိုင်စေရန် လျှို့ဝှက်နည်းလမ်းလေးတစ်ခု ပေးချင်ပါတယ်။ အဲ့နည်းလမ်းလေးကတော့ ၈၀/၂၀ လို့ခေါ်တဲ့ နည်းလမ်းလေးပဲ ဖြစ်ပါတယ်။ ၈၀/၂၀ ဆိုတာက ကျန်းမာရေးနဲ့ကိုက်ညီတဲ့ အစားအစာကို ၈၀ ရာခိုင်နှုန်းစားပြီး အချိုဓာတ်ကို ၂၀ ရာခိုင်နှုန်းပဲ စားတာမျိုးကို ဆိုလိုတာပါ။

Sweets food

Sweets food

(၂) အရက်

အရက်က ကျန်းမာရေးအတွက်တင် ဆိုးကျိုးဖြစ်စေတာမျိုးမဟုတ်ဘဲ အသားအရေကိုလည်း ထိခိုက်စေတဲ့ အဆိပ်ရှိအဖျော်ယမကာ ဖြစ်ပါတယ်။ အရက်သောက်လိုက်ရင် အသည်းကို အဆိပ်ဖြစ်စေပြီး အသည်းက အဆိပ်တွေကို မဖယ်ရှားနိုင်တဲ့အခါ အသားအရေမှာ လာထိခိုက်ပြီး ဝက်ခြံနဲ့ အရေးအကြောင်းတွေ ဖြစ်ပေါ်လာစေပါတယ်။ ဒါကြောင့်မို့ အိုမင်းရင့်ရော်စေတဲ့ အရေးအကြောင်းတွေ ဖြစ်ပေါ်စေတဲ့ အရက်ကို လုံးဝမဖြတ်နိုင်ရင်တော့ လျော့သောက်သင့်ပါတယ်။

Alcohol

Alcohol

(၃) အတူးလွန်နေတဲ့အသားများ

အတူးလွန်နေတဲ့ Barbecue အသားတွေမှာ ရောင်ရမ်းမှုကို ဖြစ်ပေါ်စေတဲ့ Hydrocarbon ဓာတ်တွေ အများအပြားပါဝင်ပါတယ်။ အဆိုပါဓာတ်က အသားအရေမှာထွက်ရှိတဲ့ Collagen ထုတ်လုပ်မှုကို ပျက်စီးစေပါတယ်။ အိုမင်းရင့်ရော်မှုကို နှောင့်နှေးစေဖို့အတွက် တူးကျွမ်းနေတဲ့အသားတွေကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။

Charred meats

Charred meats

(၄) ဆားပါဝင်မှုလွန်ကဲတဲ့အစားအစာများ

ဆားနဲ့ချက်ပြုတ်ထားတဲ့ အစားအစာတွေကိုစားမှ ဆားစားသုံးတယ်လို့ မဆိုလိုပါဘူး။ စည်သွပ်ဘူးလို့ အသင့်စား အစားအစာတွေကို စားတာကလည်း ဆားစားသုံးတာနဲ့ တူညီပါတယ်။ ဘာကြောင့်လဲဆိုတော့ စည်သွပ်ဘူးတွေကို အလွယ်တကူမပုပ်သိုးစေဖို့အတွက် ဆားကိုအသုံးပြုပြီး ပြုလုပ်ထားတာကြောင့် ဖြစ်ပါတယ်။ ဆားစားသုံးမှုများလာတဲ့အခါ ခန္ဓာကိုယ်က ရေဓာတ်တွေလိုအပ်လာပြီး အသားအရေလည်း မို့ဖောင်းလာပါတယ်။ အဲလိုမဖြစ်စေဖို့အတွက် ဆားအစား တခြားသောဟင်းခတ်အမွှေးအကြိုင်တွေကို အစားထိုးအသုံးပြုပြီး အနံ့အရသာနဲ့ပြည့်စုံတဲ့ ဟင်းကောင်းတစ်ခွက် ဖန်တီးကာ အသားအရေနဲ့ ကျန်းမာရေးကို ဂရုစိုက်လိုက်ပါ။

Salted foods

Salted foods

(၅) အသင့်စားအသားများ

အသင့်စားအသားတွေမှာ Sulfites ၊ ဆားတွေနဲ့ တာရှည်ခံစေတဲ့ ဓာတ်ပစ္စည်းတွေ ပါဝင်တဲ့အတွက် ရေရှည်စားသုံးမိရင် အသားအရေကို ရောင်ရမ်းမှုတွေ ဖြစ်ပေါ်စေပါတယ်။ ရောင်ရမ်းခြင်းရဲ့ အကျိုးဆက်ကြောင့် အသားအရေအိုမင်မှုနှုန်း မြန်ဆန်လာစေပါတယ်။ အဲလိုအသားမျိုးတွေကို ရံဖန်ရံခါမှသာစားသုံးပေးခြင်းဖြင့် ကျန်းမာတဲ့ အသားအရေကို ရရှိပိုင်ဆိုင်အောင် ကြိုးစားလိုက်ပါ။

Processed meats

Processed meats

(၆) အဆီများတဲ့အစားအစာ

အဆီများတဲ့အစားအစာတွေဟာ အိုမင်းရင့်ရော်မှုကို လျင်မြန်စွာ ဖြစ်ပေါ်စေပြီး နှလုံးအဆို့ရှင်ကို ပျက်စီးစေနိုင်ပါတယ်။ ဒါအပြင် အဆီများတဲ့ အစားအစာတွေမှာ ပါဝင်တဲ့ အဆီတွေက အသားအရေအလွယ်တကူ ပျက်စီးမှု ပိုမိုဖြစ်ပေါ်အောင် တွန်းအားပေးပါတယ်။ Hydrogenated Oil တွေနဲ့ Margarine တွေ အသုံးပြုပြီး ချက်ပြုတ်ထားတဲ့ အစားအစာတွေကို ရှောင်ရှားပြီး သံလွင်ဆီတို့လို အဆီတွေနဲ့ ချက်ပြုတ်ထားတဲ့ အစားအစာများကိုသာ စားသုံးခြင်းဖြင့် အိုမင်းရင့်ရော်မှုကို နှောင့်နှေးအောင် ပြုလုပ်ပါ။

Trans Food

Trans Food

(၇) အရည်အသွေးနိမ့်တဲ့ဖြည့်စွက်စာများ

အစားအစာတွေစားသုံးခြင်းကနေ အာဟာရဓာတ်တွေ အပြည့်အဝမရနိုင်တဲ့အတွက် ဖြည့်စွက်စာတွေရဲ့ အကူအညီကို ယူကြရပါတယ်။ သို့သော်လည်း ဈေးပေါတဲ့ ဖြည့်စွက်စာတွေကို စားသုံးခြင်းက အာဟာရဓာတ်မဖြစ်စေဘဲ အခန့်မသင့်ရင် ဆိုးကျိုးတွေတောင် ဖြစ်စေနိုင်ပါတယ်။ ဒါအပြင် ဗီတာမင်အေနဲ့ သွပ်ဓာတ်တွေပါဝင်တဲ့ ဖြည့်စွက်စာတွေကို အလွန်အကျူးစားသုံးမိရင် အသားအရေကို ရေဓာတ်ခန်းခြောက်စေပါတယ်။ အရည်အသွေးနိမ့်တဲ့ ဖြည့်စွက်စာတွေအတွက် ပိုက်ဆံတွေသုံးပစ်မယ့်အစား အာဟာရဓာတ်တွေပြည့်ဝတဲ့ အစားအစာတွေနဲ့ အရည်အသွေးမြင့်တဲ့ အစားအစာတွေကို စားသုံးပေးခြင်းဖြင့် ကျန်းမာရေးနဲ့ အလှအပကို ဂရုစိုက်လိုက်ပါ။

Low quality supplements

Low quality supplements

(၈) ပင်လယ်စာများ

ပုစွန်ထုပ်ကြီး၊ပုစွန်ဆိတ်နဲ့ ဂဏန်းတွေကဲ့သို့သော ပင်လယ်စာတွေမှာ Iodoine ဓာတ်တွေ မြင့်မားစွာပါဝင်တဲ့အတွက် ချွေးပေါက်တွေပိတ်ကာ ဝက်ခြံတွေ အလွန်အမင်းထွက်လာစေပါတယ်။ အဲဒီလို ပင်လယ်စာတွေစားမယ့်အစား Omega Fatty Acid တွေ ကြွယ်ဝစွာပါဝင်တဲ့ ငါးတွေကို စားသုံးပေးခြင်းဖြင့် အသားအရေကို စိုပြေစေပြီး ငယ်ရွယ်တဲ့အသွင်အပြင်ကို ရရှိပိုင်ဆိုင်နိုင်စေမှာပါ။

Shellfish

Shellfish

(၉) နာနတ်ကြီးပင်

နာနတ်ကြီးပင်ကနေ သဘာဝ အချိုဓာတ်တွေရရှိတဲ့အတွက် မုန့်ဖုတ်ခြင်းတွေနဲ့ Smoothies တွေ ပြုလုပ်တဲ့အခါမှာအသုံးပြုကြပါတယ်။ ဒါပေမယ့် အဲအချိုဓာတ်ကို အချိုကဲလွန်တဲ့အတွက် အသည်းထဲကိုရောက်ရှိတဲ့အခါမှာ အဆီအဖြစ်သို့ပြောင်းသွားပြီး Collagen ထုတ်လုပ်မှုကို အဟန့်အတား ဖြစ်စေပါတယ်။ Collagen ထွက်ရှိမှုနှုန်းနှေးလာတဲ့အခါ အရေးအကြောင်းတွေနဲ့ အိုမင်းရင့်ရော်မှုတွေက နောက်ဆက်တွဲအနေနဲ့ ဖြစ်လာပါတော့တယ်။ ဒါကြောင့်မို့ သဘာဝအချိုဓာတ်ရရှိဖို့အတွက်ဆို နာနတ်ကြီးပင်ကို အသုံးပြုမယ့်အစား သဘာဝပျားရည်နဲ့ ဌက်ပျောသီးကို အသုံးပြုလို့ရပါတယ်။

Agave

Agave

အသားအရေကို အိုမင်းရင့်ရော်စေတဲ့ အစားအစာတွေကို သိသွားပြီဆိုတော့ ဒီအစားအသောက်တွေကို ရှောင်ရှားပြီး ရှိရင်းစွဲအသက်အရွယ်ထက် ငယ်ရွယ်လှပတဲ့ အသွင်အပြင်ရရှိအောင် နေထိုင်ကြည့်ကြရအောင်။

H.H(Akhayar)
www.akhayar.com