[Zawgyi]

ေတာ္ဝင္အမ်ဳိးသမီးေတြ ဘယ္ေတာ့မွခ်ဳိးေဖာက္ေလ့မရွိတဲ႔ ဖက္ရွင္စည္းမ်ဥ္မ်ား

ေတာ္ဝင္မိသားစုေတြ အခမ္းအနားတက္တဲ့အခါမ်ဳိးမွာပဲျဖစ္ျဖစ္ ျပည္သူလူထုေရွ႕ထြက္တဲ့အခါမ်ဳိးပဲျဖစ္ျဖစ္ အျမဲက်က္သေရရွိရွိ လွလွပပနဲ႕ ထြက္ေပၚလာေလ့ရွိပါတယ္။ အဲလိုထြက္ေပၚလာဖို႔အတြက္ အဝတ္အစား၊ မိတ္ကပ္၊ ဆံပင္ကအစ ေခါင္းအစ ေျခအဆံုး အျပစ္ေျပာစရာမရွိေအာင္ ႀကိဳတင္ျပင္ဆင္ရပါတယ္။ျပင္ဆင္တဲ႔အခါမွာလည္း ေတာ္ဝင္မ်ဳိးႏြယ္ျဖစ္တဲ႔အတြက္ အျခားသာမန္လူေတြနဲ႕ ဆယ္လီေတြျပင္သလိုမ်ဳိး အရမ္းကာေရာႀကီး ျပင္ဆင္ျခယ္သလို႔ မရပါဘူး။ ေတာ္ဝင္ဆိုတဲ့ ဂုဏ္ပုဒ္နဲ႔ညီေအာင္ ဒီဖက္ရွင္စည္းမ်ဥ္းေတြကို ဘယ္ေတာ့မွ ခ်ဳိးေဖာက္ၿပီး မျပင္ဆင္ၾကပါဘူး။ အဲ႔ဒီဖက္ရွင္စည္းမ်ဥ္းေတြက ဘာေတြလဲဆိုတာ ၾကည္႔လိုက္ၾကရေအာင္။

(၁) ႏႈတ္ခမ္းနီထင္းထင္းႀကီးမဆိုးဘူး

ေတာ္ဝင္အမ်ဳိးသမီးေတြကို ႏႈတ္ခမ္းနီရဲရဲႀကီးနဲ႕ ဘယ္ေတာ႔မွေတြ႔ဖူးမွာမဟုတ္ပါဘူး။ဘာေၾကာင္႔လဲဆိုေတာ႔ ႏႈွတ္ခမ္းနီရဲရဲနဲ႕ ဘယ္ရီသီးအေရာင္ႏႈတ္ခမ္းနီမ်ဳိးကို မဆိုးဖို႔ တားျမစ္ထားလို႔ပဲ ျဖစ္ပါတယ္။ ပန္းေရာင္နဲ႕ Nude ကာလာရွိတဲ႔ အေရာင္မ်ဳိးကုိသာ ဆိုးခြင္႔ရွိၿပီး က်န္အေရာင္ေတြကိုေတာ့ ေတာ္ဝင္အမ်ဳိးသမီးေတြနဲ႔ မသင္႔ေတာ္တဲ႔အေရာင္ဆိုၿပီး မဆိုးဖို႔ ကန္႔သတ္ထားပါတယ္။ ဒီစည္းမ်ဥ္းေၾကာင္႔ ေကာင္းတာတစ္ခုကေတာ့ သူတုိ႔ေတြရဲ႕သြားေပၚမွာ ႏႈတ္ခမ္းနီေတြစြန္းေပေနတာမ်ဳိးကို မေတြ႔ရေတာ့ပါဘူး။

No Bright Lipstick

No Bright Lipstick

(၂) Contouring အရမ္းႀကီးမခ်ရဘူး

Kim Kardashian လိုမ်ိဳး Instagram ဘုရားမတစ္ပါးက Contouring လုပ္တာကို အရည္အခ်င္းတစ္ရပ္အေနနဲ႔သတ္မွတ္ျပီး ေတာ္သထက္ေတာ္ေအာင္ ဖန္တီးခြင္႔ရွိေအာင္ ေလ့က်င္ေသာ္လည္း အနာဂတ္ရဲ႕ ဆြိဒင္ဘုရင္မကေတာ႔ သူမနဲ႔ဆန္႔က်င္ဘက္ပါ။ ေတာ္ဝင္မ်ိဳးႏြယ္အမ်ိဳးသမီးေတြဟာ ေမးရုိးေပၚေအာင္ Contouring ခ်ၿပီး ျပင္ဆင္ဖို႔ ခြင္႔မျပဳပါဘူး။ သူတုိ႔ဟာ ထင္ေပၚတဲ့မိတ္ကပ္ျပင္ဆင္မႈထက္ သဘာဝက်တဲ႔ မိတ္ကပ္ျပင္ဆင္မႈမ်ဳိးကိုသာ ျပင္ဆင္ၾကရပါတယ္။ ပါးနီအနည္းငယ္လိမ္းျခယ္ၿပီး သဘာဝဆန္ဆန္မိတ္ကပ္ Look ကိုသာ ျပင္ဆင္ျခယ္သေလ့ရွိတာျဖစ္ပါတယ္။

No Heavy Contouring

No Heavy Contouring

(၃) Heavy Eye Makeup ေရွာင္ရမယ္

ေတာက္ပစူးရဲတဲ႔ မ်က္ဝန္းျပင္ဆင္မႈမ်ိဳးကို ေရွာင္ၾကဥ္ရပါတယ္။ မ်က္ေတာင္အတု၊ Winged Eyeliner သို႔ Smokey Eye ပံုစံမ်ဳိးကို ေတာ္ဝင္အမ်ဳိးသမီးေတြ ဘယ္ေတာ့မွ ျပင္ဆင္ခြင္႔မရွိပါဘူး။ သူတုိ႔ဟာ Eye Makeup လိမ္းျခယ္တဲ႔အခါမွာ Eyeshadow အနည္းငယ္နဲ႔ Mascara ကိုသာ အသံုးျပဳၾကပါတယ္။

No Heavy Eye Makeup

No Heavy Eye Makeup

(၄) Long Lasting Makeup ကိုသာလိမ္းရပါမယ္

ဘုရင္မေတြ၊ မိဖုရားေတြနဲ႔ တျခားဘဲြ႔ထူးဂုဏ္ထူးရွိတဲ႔ ေတာ္ဝင္အမ်ဳိးသမီးေတြက အမ်ဳိးမ်ဳိးေသာ အခမ္းအနားေတြနဲ႔ လႈပ္ရွားမႈေတြမွာ ပါဝင္ဆင္ႏႊဲရတာျဖစ္တဲ႔အတြက္ Makeup က ၾကာရွည္ခံမွ အဆင္ေျပမွာပါ။ တခ်ဳိ႕ေသာအခမ္းအနားေတြက နာရီနဲ႔ခ်ီၿပီး ၾကာတတ္တဲ့အတြက္ အခ်ိန္ဘယ္ေလာက္ၾကာၾကာ ရာသီဥတုဘယ္ေလာက္ဆုိးဆိုး ကြက္သြား ပ်က္သြားျခင္းမရွိတဲ႔ Long Lasting Makeup look မ်ဳိးျဖစ္ေနမွ အဆင္ေျပမွာပါ။ Long Lasting Makeup look မ်ဳိးရဖို႔အတြက္ ေသာ့ခ်က္ကေတာ့ အလြန္ေကာင္းမြန္တဲ႔ ေပါင္ဒါကို ေရြးခ်ယ္သံုးၿပီး Spray နဲ႔ Make up ကို Setting ျပန္လုပ္ေပးဖို႔ လုိပါတယ္။

Makeup Should be Long Lasting

Makeup Should be Long Lasting

(၅) လူျမင္ကြင္းေရွ႕မွာ ျပန္လည္ျပင္ဆင္ျခယ္သျခင္း မလုပ္ရဘူး

သာမန္အမ်ဴိးသမီးေတြက စားၿပီးေသာက္ၿပီးတဲ႔အခါမ်ဳိးမွာပဲျဖစ္ျဖစ္ အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင္႔ မိတ္ကပ္ျပင္ဆင္ထားတာ ပ်က္ယြင္းသြားရင္ Powder ေလးျပန္ရုိက္လိုက္တာမ်ဳိး ႏႈတ္ခမ္းနီေလး ျပန္ဆိုးလုိက္တာမ်ဳိး ျပဳလုပ္တတ္ၾကပါတယ္။ ေတာ္ဝင္အမ်ဳိးသမီးေတြကေတာ့ အဲလိုျပန္လည္ျပင္ဆင္ျခယ္သမႈမ်ဴိး လူျမင္ကြင္းမွာ မလုပ္ဖို႔ ျပင္းျပင္းထန္ထန္ တားျမစ္ထားပါတယ္။

No Touch-up in public

No Touch-up in public

(၆) လက္သည္းရွည္ထားၿပီးလက္သည္းနီမဆုိးရဘူး

Pedicure၊ Manicure ေတြ ဘယ္ေလာက္ေကာင္းေကာင္း ေတာ္ဝင္အမ်ဴိးသမီးေတြနဲ႔ သိပ္မသက္ဆုိင္သလုိပါပဲ။ ဘာလုိ႔လဲဆုိရင္ သူတုိ႔ေတြဟာ လက္သည္းကိုတိုတုိထားၿပီး လက္သည္းနီမဆိုးသေလာက္ေနရတာမုိ႔ပါ။ လက္သည္းနီဆိုးခဲ႔ရင္ေတာင္ အေရာင္ေဖ်ာ့ေဖ်ာ့ Nude Color မ်ဳိးေလးေတြပဲ ေရြးခ်ယ္ဆိုးၾကပါတယ္။

No Bright Nail Polish

No Bright Nail Polish

(၇) ဆံပင္စတိုင္လ္ကသပ္ရပ္ပံုက်ေနရပါမယ္

သပ္ရပ္ရုိးရွင္းတဲ့ ဆံပင္ျပင္ဆင္ထံုးဖဲြ႔မႈမ်ဳိးကိုသာ ေတာ္ဝင္အမ်ဳိးသမီးေတြကို ခြင္႔ျပဳထားပါတယ္။ ဥပမာအေနနဲ႔ Cambridge ၿမိဳ႕စားကေတာ္ Catherine Middleton ရဲ႕ သူမကိုယ္ပိုင္ဟန္ ဆံပင္ အေခြအလိမ္ေလးေတြလို ျပင္ဆင္မႈမ်ဳိးပါ။ ဒီလိုသပ္သပ္ရပ္ရပ္နဲ႔ ၾကည္႔ေကာင္းတဲ႔ပံုစံမ်ိဳးကိုသာ ေတ္ာဝင္အမ်ဳိးသမီးေတြကို ျပင္ဆင္ခြင္႔ျပဳေပးထားပါတယ္။

Hair Should be styled properly

Hair Should be styled properly

(၈) ဆံပင္ဆိုင္မွာ ပံုမွန္ Appointment ယူၿပီး ျပင္ဆင္ရပါတယ္

Kate Middleton ရဲ႕လွပပံုက်တဲ႔ ဆံပင္ပံုစံရဖို႔အတြက္ ရက္တုိင္းမဟုတ္ရင္ေတာင္ တစ္ပတ္ကို တစ္ႀကိမ္ေလာက္ အနည္းဆံုးအခ်ိန္ေပးၿပီး ထိန္းသိမ္းရပါတယ္။ အဲလုိထိန္းသိမ္းမႈမ်ဳိး တစိုက္မတ္မတ္လုပ္ေပးလို႔ ဆံသားေလးေတြက ဘယ္ေနရာေရာက္ေရာက္ ေခ်ာေမြ႔ ေတာက္ေျပာင္ေနပါတယ္။ ဒါအျပင္ ဆံပင္အေရာင္လိုမ်ဳိး အေသးစိတ္ကအစ အျမဲၾကည္႔ေနျပီး အေရာင္ေျပာင္းၿပီဆိုတာနဲ႔ ေသခ်ာျပန္ၿပီးထိန္းညိွပါတယ္။ လအနည္းငယ္ၾကာလာၿပီဆိုတာနဲ႔ ဆံပင္ကုိ ျပန္ျပန္တိေပးလို႔ က်န္းမာသန္စြမ္းလွပျပီး စတိုင္လ္က်တဲ႔ဆံပင္နဲ႔ အျမဲလိုလိုေတြ႔ရျခင္း ျဖစ္ပါတယ္။

Regular Hair Apponitment

Regular Hair Appointment

(၉) သာမန္အခမ္းအနားေတြမွာပါဦးထုပ္ေဆာင္းၾကပါတယ္

Royal Dress စည္းမ်ဥ္းေတြအရ ခရစ္စမတ္လိုပဲြေတာ္ေတြ၊ မဂၤလာေဆာင္ေတြအပါအဝင္ သာမန္အခမ္းအနားအားလံုးမွာပါ ဦးထုပ္က မျဖစ္မေနဆင္ျမန္းရတဲ႔ အဆင္တန္ဆာျဖစ္ပါတယ္။ သရဖူေတြကိုေတာ့ ဘုရင္ သို႔မဟုတ္ မိဖုရားေတြကသာ ဆင္ျမန္းခြင္႔႔ရၾကပါတယ္။ Tiaras လို႔ေခၚတဲ႔ လက္ဝတ္ရတနာနဲ႔စီျခယ္ထားတဲ့ သရဖူမ်ဳိးကိုေတာ့ ဝတ္စံုျပည္႔ဝတ္ဆင္ရတဲ႔ အခမ္းအနားမ်ဳိးမွာပဲ ေဆာင္းဖို႔ခြင္႔ျပဳထားပါတယ္။ မ်ားေသာအားျဖင္႔ေတာ့ ေတာ္ဝင္အမ်ဳိးသမီးေတြ မဂၤလာေဆာင္ရင္ Tiaras ဆာင္းေလ့ရွိၾကပါတယ္။

Hats used for formal event

Hats used for formal event

အခုေဖာ္ျပခဲ႔တာကေတာ့ ေတာ္ဝင္အမ်ဳိးသမီးေတြအေနနဲ႔ ဘယ္ေတာ့မွ မခ်ဳိးဖ်က္ရတဲ႔ အလွအပ စည္းမ်ဥ္းေတြျဖစ္လို႔ ဒီစည္းမ်ဥ္းေတြအေပၚ ပရိသတ္ႀကီးျမင္တဲ့ အျမင္ေလးေတြရွိရင္ ေျပာျပေပးသြားၾကပါဦးေနာ္။ ဒါအျပင္ ကိုယ္ေန႔စဥ္လုပ္ေနက် အလွအပေရးရာမွာ အသံုးဝင္တဲ႔အခ်က္ရွိရင္လည္း ထည္႔သြင္းအသံုးခ်လို႔ရပါတယ္။

H.H(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

တော်ဝင်အမျိုးသမီးတွေ ဘယ်တော့မှချိုးဖောက်လေ့မရှိတဲ့ ဖက်ရှင်စည်းမျဉ်များ

တော်ဝင်မိသားစုတွေ အခမ်းအနားတက်တဲ့အခါမျိုးမှာပဲဖြစ်ဖြစ် ပြည်သူလူထုရှေ့ထွက်တဲ့အခါမျိုးပဲဖြစ်ဖြစ် အမြဲကျက်သရေရှိရှိ လှလှပပနဲ့ ထွက်ပေါ်လာလေ့ရှိပါတယ်။ အဲလိုထွက်ပေါ်လာဖို့အတွက် အဝတ်အစား၊ မိတ်ကပ်၊ ဆံပင်ကအစ ခေါင်းအစ ခြေအဆုံး အပြစ်ပြောစရာမရှိအောင် ကြိုတင်ပြင်ဆင်ရပါတယ်။ပြင်ဆင်တဲ့အခါမှာလည်း တော်ဝင်မျိုးနွယ်ဖြစ်တဲ့အတွက် အခြားသာမန်လူတွေနဲ့ ဆယ်လီတွေပြင်သလိုမျိုး အရမ်းကာရောကြီး ပြင်ဆင်ခြယ်သလို့ မရပါဘူး။ တော်ဝင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ညီအောင် ဒီဖက်ရှင်စည်းမျဉ်းတွေကို ဘယ်တော့မှ ချိုးဖောက်ပြီး မပြင်ဆင်ကြပါဘူး။ အဲ့ဒီဖက်ရှင်စည်းမျဉ်းတွေက ဘာတွေလဲဆိုတာ ကြည့်လိုက်ကြရအောင်။

(၁) နှုတ်ခမ်းနီထင်းထင်းကြီးမဆိုးဘူး

တော်ဝင်အမျိုးသမီးတွေကို နှုတ်ခမ်းနီရဲရဲကြီးနဲ့ ဘယ်တော့မှတွေ့ဖူးမှာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့ နှုှတ်ခမ်းနီရဲရဲနဲ့ ဘယ်ရီသီးအရောင်နှုတ်ခမ်းနီမျိုးကို မဆိုးဖို့ တားမြစ်ထားလို့ပဲ ဖြစ်ပါတယ်။ ပန်းရောင်နဲ့ Nude ကာလာရှိတဲ့ အရောင်မျိုးကိုသာ ဆိုးခွင့်ရှိပြီး ကျန်အရောင်တွေကိုတော့ တော်ဝင်အမျိုးသမီးတွေနဲ့ မသင့်တော်တဲ့အရောင်ဆိုပြီး မဆိုးဖို့ ကန့်သတ်ထားပါတယ်။ ဒီစည်းမျဉ်းကြောင့် ကောင်းတာတစ်ခုကတော့ သူတို့တွေရဲ့သွားပေါ်မှာ နှုတ်ခမ်းနီတွေစွန်းပေနေတာမျိုးကို မတွေ့ရတော့ပါဘူး။

No Bright Lipstick

No Bright Lipstick

(၂) Contouring အရမ်းကြီးမချရဘူး

Kim Kardashian လိုမျိုး Instagram ဘုရားမတစ်ပါးက Contouring လုပ်တာကို အရည်အချင်းတစ်ရပ်အနေနဲ့သတ်မှတ်ပြီး တော်သထက်တော်အောင် ဖန်တီးခွင့်ရှိအောင် လေ့ကျင်သော်လည်း အနာဂတ်ရဲ့ ဆွိဒင်ဘုရင်မကတော့ သူမနဲ့ဆန့်ကျင်ဘက်ပါ။ တော်ဝင်မျိုးနွယ်အမျိုးသမီးတွေဟာ မေးရိုးပေါ်အောင် Contouring ချပြီး ပြင်ဆင်ဖို့ ခွင့်မပြုပါဘူး။ သူတို့ဟာ ထင်ပေါ်တဲ့မိတ်ကပ်ပြင်ဆင်မှုထက် သဘာဝကျတဲ့ မိတ်ကပ်ပြင်ဆင်မှုမျိုးကိုသာ ပြင်ဆင်ကြရပါတယ်။ ပါးနီအနည်းငယ်လိမ်းခြယ်ပြီး သဘာဝဆန်ဆန်မိတ်ကပ် Look ကိုသာ ပြင်ဆင်ခြယ်သလေ့ရှိတာဖြစ်ပါတယ်။

No Heavy Contouring

No Heavy Contouring

(၃) Heavy Eye Makeup ရှောင်ရမယ်

တောက်ပစူးရဲတဲ့ မျက်ဝန်းပြင်ဆင်မှုမျိုးကို ရှောင်ကြဉ်ရပါတယ်။ မျက်တောင်အတု၊ Winged Eyeliner သို့ Smokey Eye ပုံစံမျိုးကို တော်ဝင်အမျိုးသမီးတွေ ဘယ်တော့မှ ပြင်ဆင်ခွင့်မရှိပါဘူး။ သူတို့ဟာ Eye Makeup လိမ်းခြယ်တဲ့အခါမှာ Eyeshadow အနည်းငယ်နဲ့ Mascara ကိုသာ အသုံးပြုကြပါတယ်။

No Heavy Eye Makeup

No Heavy Eye Makeup

(၄) Long Lasting Makeup ကိုသာလိမ်းရပါမယ်

ဘုရင်မတွေ၊ မိဖုရားတွေနဲ့ တခြားဘွဲ့ထူးဂုဏ်ထူးရှိတဲ့ တော်ဝင်အမျိုးသမီးတွေက အမျိုးမျိုးသော အခမ်းအနားတွေနဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ဆင်နွှဲရတာဖြစ်တဲ့အတွက် Makeup က ကြာရှည်ခံမှ အဆင်ပြေမှာပါ။ တချို့သောအခမ်းအနားတွေက နာရီနဲ့ချီပြီး ကြာတတ်တဲ့အတွက် အချိန်ဘယ်လောက်ကြာကြာ ရာသီဥတုဘယ်လောက်ဆိုးဆိုး ကွက်သွား ပျက်သွားခြင်းမရှိတဲ့ Long Lasting Makeup look မျိုးဖြစ်နေမှ အဆင်ပြေမှာပါ။ Long Lasting Makeup look မျိုးရဖို့အတွက် သော့ချက်ကတော့ အလွန်ကောင်းမွန်တဲ့ ပေါင်ဒါကို ရွေးချယ်သုံးပြီး Spray နဲ့ Make up ကို Setting ပြန်လုပ်ပေးဖို့ လိုပါတယ်။

Makeup Should be Long Lasting

Makeup Should be Long Lasting

(၅) လူမြင်ကွင်းရှေ့မှာ ပြန်လည်ပြင်ဆင်ခြယ်သခြင်း မလုပ်ရဘူး

သာမန်အမျိူးသမီးတွေက စားပြီးသောက်ပြီးတဲ့အခါမျိုးမှာပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် မိတ်ကပ်ပြင်ဆင်ထားတာ ပျက်ယွင်းသွားရင် Powder လေးပြန်ရိုက်လိုက်တာမျိုး နှုတ်ခမ်းနီလေး ပြန်ဆိုးလိုက်တာမျိုး ပြုလုပ်တတ်ကြပါတယ်။ တော်ဝင်အမျိုးသမီးတွေကတော့ အဲလိုပြန်လည်ပြင်ဆင်ခြယ်သမှုမျိူး လူမြင်ကွင်းမှာ မလုပ်ဖို့ ပြင်းပြင်းထန်ထန် တားမြစ်ထားပါတယ်။

No Touch-up in public

No Touch-up in public

(၆) လက်သည်းရှည်ထားပြီးလက်သည်းနီမဆိုးရဘူး

Pedicure၊ Manicure တွေ ဘယ်လောက်ကောင်းကောင်း တော်ဝင်အမျိူးသမီးတွေနဲ့ သိပ်မသက်ဆိုင်သလိုပါပဲ။ ဘာလို့လဲဆိုရင် သူတို့တွေဟာ လက်သည်းကိုတိုတိုထားပြီး လက်သည်းနီမဆိုးသလောက်နေရတာမို့ပါ။ လက်သည်းနီဆိုးခဲ့ရင်တောင် အရောင်ဖျော့ဖျော့ Nude Color မျိုးလေးတွေပဲ ရွေးချယ်ဆိုးကြပါတယ်။

No Bright Nail Polish

No Bright Nail Polish

(၇) ဆံပင်စတိုင်လ်ကသပ်ရပ်ပုံကျနေရပါမယ်

သပ်ရပ်ရိုးရှင်းတဲ့ ဆံပင်ပြင်ဆင်ထုံးဖွဲ့မှုမျိုးကိုသာ တော်ဝင်အမျိုးသမီးတွေကို ခွင့်ပြုထားပါတယ်။ ဥပမာအနေနဲ့ Cambridge မြို့စားကတော် Catherine Middleton ရဲ့ သူမကိုယ်ပိုင်ဟန် ဆံပင် အခွေအလိမ်လေးတွေလို ပြင်ဆင်မှုမျိုးပါ။ ဒီလိုသပ်သပ်ရပ်ရပ်နဲ့ ကြည့်ကောင်းတဲ့ပုံစံမျိုးကိုသာ တေ်ာဝင်အမျိုးသမီးတွေကို ပြင်ဆင်ခွင့်ပြုပေးထားပါတယ်။

Hair Should be styled properly

Hair Should be styled properly

(၈) ဆံပင်ဆိုင်မှာ ပုံမှန် Appointment ယူပြီး ပြင်ဆင်ရပါတယ်

Kate Middleton ရဲ့လှပပုံကျတဲ့ ဆံပင်ပုံစံရဖို့အတွက် ရက်တိုင်းမဟုတ်ရင်တောင် တစ်ပတ်ကို တစ်ကြိမ်လောက် အနည်းဆုံးအချိန်ပေးပြီး ထိန်းသိမ်းရပါတယ်။ အဲလိုထိန်းသိမ်းမှုမျိုး တစိုက်မတ်မတ်လုပ်ပေးလို့ ဆံသားလေးတွေက ဘယ်နေရာရောက်ရောက် ချောမွေ့ တောက်ပြောင်နေပါတယ်။ ဒါအပြင် ဆံပင်အရောင်လိုမျိုး အသေးစိတ်ကအစ အမြဲကြည့်နေပြီး အရောင်ပြောင်းပြီဆိုတာနဲ့ သေချာပြန်ပြီးထိန်းညှိပါတယ်။ လအနည်းငယ်ကြာလာပြီဆိုတာနဲ့ ဆံပင်ကို ပြန်ပြန်တိပေးလို့ ကျန်းမာသန်စွမ်းလှပပြီး စတိုင်လ်ကျတဲ့ဆံပင်နဲ့ အမြဲလိုလိုတွေ့ရခြင်း ဖြစ်ပါတယ်။

Regular Hair Apponitment

Regular Hair Appointment

(၉) သာမန်အခမ်းအနားတွေမှာပါဦးထုပ်ဆောင်းကြပါတယ်

Royal Dress စည်းမျဉ်းတွေအရ ခရစ်စမတ်လိုပွဲတော်တွေ၊ မင်္ဂလာဆောင်တွေအပါအဝင် သာမန်အခမ်းအနားအားလုံးမှာပါ ဦးထုပ်က မဖြစ်မနေဆင်မြန်းရတဲ့ အဆင်တန်ဆာဖြစ်ပါတယ်။ သရဖူတွေကိုတော့ ဘုရင် သို့မဟုတ် မိဖုရားတွေကသာ ဆင်မြန်းခွင့့်ရကြပါတယ်။ Tiaras လို့ခေါ်တဲ့ လက်ဝတ်ရတနာနဲ့စီခြယ်ထားတဲ့ သရဖူမျိုးကိုတော့ ဝတ်စုံပြည့်ဝတ်ဆင်ရတဲ့ အခမ်းအနားမျိုးမှာပဲ ဆောင်းဖို့ခွင့်ပြုထားပါတယ်။ များသောအားဖြင့်တော့ တော်ဝင်အမျိုးသမီးတွေ မင်္ဂလာဆောင်ရင် Tiaras ဆာင်းလေ့ရှိကြပါတယ်။

Hats used for formal event

Hats used for formal event

အခုဖော်ပြခဲ့တာကတော့ တော်ဝင်အမျိုးသမီးတွေအနေနဲ့ ဘယ်တော့မှ မချိုးဖျက်ရတဲ့ အလှအပ စည်းမျဉ်းတွေဖြစ်လို့ ဒီစည်းမျဉ်းတွေအပေါ် ပရိသတ်ကြီးမြင်တဲ့ အမြင်လေးတွေရှိရင် ပြောပြပေးသွားကြပါဦးနော်။ ဒါအပြင် ကိုယ်နေ့စဉ်လုပ်နေကျ အလှအပရေးရာမှာ အသုံးဝင်တဲ့အချက်ရှိရင်လည်း ထည့်သွင်းအသုံးချလို့ရပါတယ်။

H.H(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။