ကမ္ဘာ့ Storage အများဆုံး SSD နေရာကို 100TB SSD ကိုထုတ်ပြီး ရယူသွားတဲ့ Nimbus Data
Ref : The Verge
Zawyè (Akhayar) 
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။
[UNICODE]
Nimbus Data ကုမ္ပဏီဟာ အခြားသော Storage ထုတ်လုပ်သူတွေလိုမျိုး Consumer Level SSD တွေ၊ Memory Drive တွေအများအပြားထုတ်လုပ်ခြင်းမရှိပေမယ့် အခုအချိန်မှာတော့ လက်ရှိ ကမ္ဘာပေါ်မှာ Storage အများဆုံးဖြစ်လာတဲ့ Nimbus Data ExaDrive DC100 အမည်ရှိတဲ့ SSD ကို ထုတ်လုပ်လိုက်ပါတယ်။
အခု Nimbus DC100 SSD ဟာ Storage အနေနဲ့ 100TB ရှိမှာဖြစ်ပြီး ဒါဟာ Gigabytes အနေနဲ့ဆိုရင် 1,000,000 GB တောင်ရှိမှာဖြစ်ပါတယ်။ Nimbus Data ရဲ့ပြောကြားချက်အရတော့ ကုမ္ပဏီဟာ သီးသန့် Customers အချို့နဲ့ ယခု DC100 SSD ကို စမ်းသပ်မှုတွေပြုလုပ်ပြီးဖြစ်ပြီး လာမယ့် နွေရာသီမှာ စတင်ရောင်းချမယ်လို့ ပြောကြားခဲ့ပါတယ်။
Nimbus DC100 ဟာ 3D NAND Flash Memory ကို အသုံးပြုမှာဖြစ်ပြီးတော့ Read & Write Speed အနေနဲ့ 500MB/s အထိရှိမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Nimbus Data ဟာ ကန့်သတ်ချက်မရှိတဲ့ ၅ နှစ်အာမခံကိုပါ ပေးသွားမှာဖြစ်ပြီးတော့ တကယ်လို့ အာမခံကာလထဲမှာ တစ်ခုခုဖြစ်ခဲ့တယ်ဆိုရင်တောင် အစားထိုးလဲလှယ်ပေးသွားမှာဖြစ်ပါတယ်။
Image result for nimbus data 100TB
အခုလိုမျိုး Nimbus ကနေ 100TB SSD ကို ထုတ်လုပ်လိုက်တဲ့အတွက် ပြီးခဲ့တဲ့လပိုင်းတုန်းက Storage အများဆုံးဖြစ်ခဲ့တဲ့ Samsung ရဲ့ 30.72TB SSD ထက်တောင် ၃ ဆကျော်လောက် Storage များပြားသွားတာပဲဖြစ်ပါတယ်။ အခုလိုမျိုး များပြားတဲ့ Storage နဲ့ SSD တွေဟာ သာမန်လူတန်းစားအသုံုးပြုသူတွေအတွက်တော့ ရရှိနိုင်ဦးမှာမဟုတ်သေးပဲ Enterprise တွေအတွက်ပဲဖြစ်နေဦးမှာပါ။
Ref : The Verge
Zawyè (Akhayar) 
www.akhayar.com