အခုလိုမျိုး Sony မဟုတ်ဘဲ Canon နဲ့ Nikon လိုမျိုး အဓိက Main Players တွေက Full Frame Mirrorless ကင်မရာတွေကို ထုတ်လုပ်ခြင်းမရှိသေးဘဲ DSLR တွေပဲ ထုတ်လုပ်နေတဲ့အတွက် Sony က ခေတ်သစ်ကင်မရာဈေးကွက်ကို ဦးဆောင်နေတယ်ဆိုပြီး ပြောကြားမှုတွေလည်း များပြားနေခဲ့တာပါ။
Ref : Engadget
Zawyè (Akhayar) 
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။
[UNICODE]
လက်ရှိအချိန်မှာ ကင်မရာဈေးကွက်မှာ Sony ကပဲ Full Frame Mirrorless Camera တွေကို အများအပြားထုတ်လုပ်ပြီး အောင်မြင်မှုရရှိနေတာဖြစ်ပါတယ်။ တခြားသော ကင်မရာထုတ်လုပ်သူတွေဖြစ်တဲ့ Canon ၊ Fujifilm တို့ကလည်း Mirrorless Camera တွေကို ထုတ်လုပ်နေပေမယ့် Full Frame အနေနဲ့တော့မဟုတ်ဘဲ APS-C Mirrorless Camera တွေကိုပဲ ထုတ်လုပ်နေတာဖြစ်ပါတယ်။
Nikon Mirrorless Camera
အခုလိုမျိုး Sony မဟုတ်ပဲ Canon နဲ့ Nikon လိုမျိုး အဓိက Main Players တွေက Full Frame Mirrorless ကင်မရာတွေကို ထုတ်လုပ်ခြင်းမရှိသေးဘဲ DSLR တွေပဲ ထုတ်လုပ်နေတဲ့အတွက် Sony က ခေတ်သစ်ကင်မရာဈေးကွက်ကို ဦးဆောင်နေတယ်ဆိုပြီး ပြောကြားမှုတွေလည်း များပြားနေခဲ့တာပါ။
အဲ့ဒီအတွက် အခုအချိန်မှာတော့ Nikon ကနေ ပထမဆုံးအနေနဲ့ Full Frame Mirrorless ကင်မရာတစ်ခုကို ထုတ်လုပ်သွားတော့မှာဖြစ်ပြီးတော့ လာမယ့် ရက်ပိုင်းမှာ ထုတ်လုပ်ဖို့ မာျးနေပါတယ်။ တစ်ခုရှိတာကတော့ အခုထွက်ရှိလာမယ့် Full Frame Mirrorless ကင်မရာက Sony A9 လိုမျိုး High End Pro ကင်မရာတွေကို ယှဉ်ပြိုင်မှာလား၊ ဒါမှမဟုတ် Sony A7 III လိုမျိုး Entry Full Frame ကင်မရာတွေကို ယှဉ်ပြိုင်မလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။
လောလောဆယ်မှာ သိရတဲ့သတင်းတွေအရတော့ Nikon ရဲ့ ယခု ပထမဆုံးသော Full Frame Mirrorless ကင်မရာက $4000 တန် 48 Megapixels ကင်မရာတစ်မျိုးနဲ့ $2400 တန် 25 Megapixels ကင်မရာဆိုပြီး ၂ မျိုးထုတ်လုပ်လာမယ်လို့ သိရပါတယ်။ Kit Lens အနေနဲ့ 24-70mm Lens ပါဝင်မှာဖြစ်ပြီးတော့ 5-Axis In-Body Image Stabilization ၊ 400+ Aufocusing Points နဲ့ 4K Video တွေကိုလည်း ရိုက်ကူးနိုင်မယ်လို့ သိရပါတယ်။
ဒါပေမယ့် အခု Nikon ရဲ့ Full Frame Mirrorless ကင်မရာတွေအတွက် Lens တွေက လက်ရှိ Nikon DSLR ကင်မရာတွေမှာအသုံးပြုနေတဲ့ Lens တွေကို တိုက်ရိုက်အသုံးပြုနိုင်မလား၊ ကြားထဲက Adapter ခံပြီး အသုံးပြုနိုင်မလားကတော့ မသေချာသေးပါဘူး။ Nikon အနေနဲ့ကတော့ Kit Lens အပြင် 35mm နဲ့ 50mm Lens တွေကိုပါ တစ်ပါတည်း မိတ်ဆက်နိုင်တယ်လို့ ယူဆထားကြပါတယ်။
ဘာပဲဖြစ်ဖြစ် Sony က တစ်ဦးတည်းဦးဆောင်နေတဲ့ Full Frame Mirrorless ကင်မရာဈေးကွက်ကို Nikon က အမှီလိုက်နိုင်မလားကတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။
Ref : Engadget
Zawyè (Akhayar) 
www.akhayar.com