Full-frame Mirrorless Camera ေစ်းကြက္ဟာ Sony ရဲ႕ တစ္ဦးတည္းရယူထားတဲ့ ေစ်းကြက္တစ္ခုျဖစ္ျပီးေတာ့ ျပီးခဲ့ရက္ပိုင္းကဆုိရင္ အေမရိကရဲ႕ ေစ်းကြက္အကုန္လံုးကုိ Sony ကပဲ သိမ္းပိုက္ခဲ့တာျဖစ္ပါတယ္။ အဲ့ဒီအတြက္ Full-frame Camera ေတြထဲမွာ Canon နဲ႔ Nikon တုိ႔ရဲ႕ DSLR Camera ေတြဟာ Sony Mirrorless ေတြနဲ႔ ယွဥ္မယ္ဆုိရင္ တစ္ေခတ္ေနာက္က်ေနခဲ့တယ္လုိ႔ေတာင္ ေျပာလုိ႔ရပါတယ္။

Nikon Z7

ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ ယခင္ DSLR Full-frame Camera ေတြမွာ လူၾကိဳက္မ်ားတဲ့ Nikon ကေန ျပီးခဲ့တဲ့ ရက္သတၱပတ္ေတြမွာ မ်ိဳးစံုျပဳလုပ္ေနခဲ့တဲ့ Teaser ေတြအျပီးမွာ ေနာက္ဆံုးေတာ့ Nikon Z7 နဲ႔ Nikon Z6 ဆုိျပီး Z Series Full-frame Mirrorless Camera ေတြကို ထုတ္ျပလုိက္ျပီျဖစ္ပါတယ္။ အခု Nikon ကေန ထုတ္လုပ္လုိက္တဲ့ Full-frame Mirrorless Camera ေတြဟာ Sony ကို အဓိကယွဥ္ျပိဳင္ဖုိ႔ ျဖစ္လာတဲ့အျပင္ Professional Camera ေတြရဲ႕ အနာဂတ္ဟာ Mirrorless Camera ေတြသာျဖစ္တယ္လုိ႔ သတ္မွတ္လုိက္သလုိေတာင္ျဖစ္သြားခဲ့ပါတယ္။

Nikon Z7

Nikon ရဲ႕ အဆုိအရေတာ့ ယခု ထြက္ရွိလာခဲ့တဲ့ Nikon Z7 နဲ႔ Z6 Camera ေတြဟာ ေအာင္ျမင္ေနတဲ့ကင္မရာေတြျဖစ္တဲ့ Nikon D850 နဲ႔ D750 DSLR Camera ေတြအေပၚမွာ အဓိကမွီခိုျပီး ထုတ္လုပ္ထားတယ္လုိ႔ဆုိပါတယ္။ အခု Z Series Camera ေတြဟာ Lens Mount ကိုလည္း Z Mount အသစ္ကို အသံုးျပဳထားတာျဖစ္ျပီး အဆိုပါ Z Mount ရဲ႕ Diameter ဟာဆုိရင္ 55mm အထိရွိမွာျဖစ္တဲ့အတြက္ လက္ရွိ Full-frame Mirrorless Camera Mount ေတြထဲမွာ အၾကီးမားဆံုးျဖစ္လာသလုိ Nikon ရဲ႕ DSLR F Mount ထက္လည္း ၁၇ ရာခုိင္ႏႈန္းပိုျပီး ၾကီးေနတာျဖစ္ပါတယ္။

Nikon Z7

ပထမဆံုးအေနနဲ႔ Nikon Z7 မွာဆုိရင္ 45.7MP Full-frame Sensor တပ္ဆင္ထားမွာျဖစ္ျပီးေတာ့ Native ISO Range 64-256,000 အထိ ရွိမွာျဖစ္သလုိ Frame ရဲ႕ ၉၀ ရာခုိင္ႏႈန္းအထိ Coverage ရွိေနတဲ့ 493 Focus Points ရွိေနဦးမွာလည္းျဖစ္ပါတယ္။ Nikon Z7 ဟာ 9 fps Shooting ကိုလည္း ေထာက္ပံ့ေပးတဲ့အတြက္ ယခင္ D850 ထက္လည္း 2 fps ပိုမုိျမန္ဆန္မွာျဖစ္ပါတယ္။

Nikon Z6

Nikon Z6 ကေတာ့ Nikon Z7 ထက္ အနည္းငယ္စြမ္းေဆာင္ရည္နိမ့္ျပီးေတာ့ 24.5MP Sensor ကို Native ISO Range က 100-51,200 အထိ ရွိမွာျဖစ္ပါတယ္။ Focus Points ေတြအေနနဲ႔ကေတာ့ 273 Points ရွိမွာျဖစ္တယ္လုိ႔သိရပါတယ္။ Continuous Shooting အေနနဲ႔ကေတာ့ 12 fps Shooting အထိ Support ရရွိမွာပါ။

အခု Nikon Z7 နဲ႔ Z6 Camera ၂ ခုစလံုးက In-body Image Stabilization ကို 5 Stops အထိရွိမွာျဖစ္ျပီး 4K 30fps Video ေတြကိုပါ ရုိက္ကူးႏုိင္မွာပါ။ Memory Card အေနနဲ႔ကေတာ့ Single XQD Card Slot ပဲပါဝင္မွာျဖစ္ျပီး EN-EL15b Battery ကိုပဲအသံုးျပဳထားတဲ့အတြက္ Z6 မွာ 310 Shots နဲ႔ Z7 မွာ 330 Shots ပဲ ရုိက္ကူးႏုိင္မွာျဖစ္ပါတယ္။

Nikon Z Lens

Nikon ဟာ ယခု Z7 နဲ႔ Z6 Camera ေတြအတြက္ Lens ၃ မ်ိဳးကိုလည္း တခါတည္း မိတ္ဆက္သြားခဲ့ျပီးေတာ့ အခု Lens ေတြကေတာ့ Nikkor Z 35mm f1.8 နဲ႔ Nikkor Z 50mm f1.8 Prime Lens ေတြနဲ႔ Kit Lens Nikkor Z 24-70 f4 Len ေတြပဲျဖစ္ပါတယ္။ Nikon ဟာ ယခင္တုန္းက Nikon DSLR Camera ေတြနဲ႔ တြဲသံုးႏုိင္မယ့္ FTZ Adapter ကိုလည္း မိတ္ဆက္ခဲ့ျပီး ေစ်းႏႈန္းအေနနဲ႔ကေတာ့ ေဒၚလာ ၂၅၀ ရွိမွာျဖစ္ပါတယ္။ ဒါ့အျပင္ Nikon ဟာ လာမယ့္ ၂၀၂၀ အထိ ထပ္မံထုတ္လုပ္သြားမယ့္ Lens ေတြကိုလည္း မိတ္ဆက္ခဲ့ပါတယ္။

Nikon Z Lenses

ေစ်းႏႈန္းေတြအေနနဲ႔ကေတာ့ Nikon Z7 ဟာ Body Only ကို ေဒၚလာ ၃၄၀၀ ရွိမွာျဖစ္ျပီး လာမယ့္ စက္တင္ဘာလ ၂၇ ရက္ေန႔မွာ စတင္ေရာင္းခ်သြားမွာျဖစ္ပါတယ္။ Nikon Z6 ကိုေတာ့ Body Only ကို ေဒၚလာ ၂၀၀၀ နဲ႔ လာမယ့္ ႏိုဝင္ဘာလမွေရာင္းခ်သြားမယ္လုိ႔ သိရပါတယ္။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Full-frame Mirrorless Camera စျေးကွက်ဟာ Sony ရဲ့ တစ်ဦးတည်းရယူထားတဲ့ စျေးကွက်တစ်ခုဖြစ်ပြီးတော့ ပြီးခဲ့ရက်ပိုင်းကဆိုရင် အမေရိကရဲ့ စျေးကွက်အကုန်လုံးကို Sony ကပဲ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် Full-frame Camera တွေထဲမှာ Canon နဲ့ Nikon တို့ရဲ့ DSLR Camera တွေဟာ Sony Mirrorless တွေနဲ့ ယှဉ်မယ်ဆိုရင် တစ်ခေတ်နောက်ကျနေခဲ့တယ်လို့တောင် ပြောလို့ရပါတယ်။

Nikon Z7

ဒါပေမယ့် အခုအချိန်မှာတော့ ယခင် DSLR Full-frame Camera တွေမှာ လူကြိုက်များတဲ့ Nikon ကနေ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာ မျိုးစုံပြုလုပ်နေခဲ့တဲ့ Teaser တွေအပြီးမှာ နောက်ဆုံးတော့ Nikon Z7 နဲ့ Nikon Z6 ဆိုပြီး Z Series Full-frame Mirrorless Camera တွေကို ထုတ်ပြလိုက်ပြီဖြစ်ပါတယ်။ အခု Nikon ကနေ ထုတ်လုပ်လိုက်တဲ့ Full-frame Mirrorless Camera တွေဟာ Sony ကို အဓိကယှဉ်ပြိုင်ဖို့ ဖြစ်လာတဲ့အပြင် Professional Camera တွေရဲ့ အနာဂတ်ဟာ Mirrorless Camera တွေသာဖြစ်တယ်လို့ သတ်မှတ်လိုက်သလိုတောင်ဖြစ်သွားခဲ့ပါတယ်။

Nikon Z7

Nikon ရဲ့ အဆိုအရတော့ ယခု ထွက်ရှိလာခဲ့တဲ့ Nikon Z7 နဲ့ Z6 Camera တွေဟာ အောင်မြင်နေတဲ့ကင်မရာတွေဖြစ်တဲ့ Nikon D850 နဲ့ D750 DSLR Camera တွေအပေါ်မှာ အဓိကမှီခိုပြီး ထုတ်လုပ်ထားတယ်လို့ဆိုပါတယ်။ အခု Z Series Camera တွေဟာ Lens Mount ကိုလည်း Z Mount အသစ်ကို အသုံးပြုထားတာဖြစ်ပြီး အဆိုပါ Z Mount ရဲ့ Diameter ဟာဆိုရင် 55mm အထိရှိမှာဖြစ်တဲ့အတွက် လက်ရှိ Full-frame Mirrorless Camera Mount တွေထဲမှာ အကြီးမားဆုံးဖြစ်လာသလို Nikon ရဲ့ DSLR F Mount ထက်လည်း ၁၇ ရာခိုင်နှုန်းပိုပြီး ကြီးနေတာဖြစ်ပါတယ်။

Nikon Z7

ပထမဆုံးအနေနဲ့ Nikon Z7 မှာဆိုရင် 45.7MP Full-frame Sensor တပ်ဆင်ထားမှာဖြစ်ပြီးတော့ Native ISO Range 64-256,000 အထိ ရှိမှာဖြစ်သလို Frame ရဲ့ ၉၀ ရာခိုင်နှုန်းအထိ Coverage ရှိနေတဲ့ 493 Focus Points ရှိနေဦးမှာလည်းဖြစ်ပါတယ်။ Nikon Z7 ဟာ 9 fps Shooting ကိုလည်း ထောက်ပံ့ပေးတဲ့အတွက် ယခင် D850 ထက်လည်း 2 fps ပိုမိုမြန်ဆန်မှာဖြစ်ပါတယ်။

Nikon Z6

Nikon Z6 ကတော့ Nikon Z7 ထက် အနည်းငယ်စွမ်းဆောင်ရည်နိမ့်ပြီးတော့ 24.5MP Sensor ကို Native ISO Range က 100-51,200 အထိ ရှိမှာဖြစ်ပါတယ်။ Focus Points တွေအနေနဲ့ကတော့ 273 Points ရှိမှာဖြစ်တယ်လို့သိရပါတယ်။ Continuous Shooting အနေနဲ့ကတော့ 12 fps Shooting အထိ Support ရရှိမှာပါ။

အခု Nikon Z7 နဲ့ Z6 Camera ၂ ခုစလုံးက In-body Image Stabilization ကို 5 Stops အထိရှိမှာဖြစ်ပြီး 4K 30fps Video တွေကိုပါ ရိုက်ကူးနိုင်မှာပါ။ Memory Card အနေနဲ့ကတော့ Single XQD Card Slot ပဲပါဝင်မှာဖြစ်ပြီး EN-EL15b Battery ကိုပဲအသုံးပြုထားတဲ့အတွက် Z6 မှာ 310 Shots နဲ့ Z7 မှာ 330 Shots ပဲ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

Nikon Z Lens

Nikon ဟာ ယခု Z7 နဲ့ Z6 Camera တွေအတွက် Lens ၃ မျိုးကိုလည်း တခါတည်း မိတ်ဆက်သွားခဲ့ပြီးတော့ အခု Lens တွေကတော့ Nikkor Z 35mm f1.8 နဲ့ Nikkor Z 50mm f1.8 Prime Lens တွေနဲ့ Kit Lens Nikkor Z 24-70 f4 Len တွေပဲဖြစ်ပါတယ်။ Nikon ဟာ ယခင်တုန်းက Nikon DSLR Camera တွေနဲ့ တွဲသုံးနိုင်မယ့် FTZ Adapter ကိုလည်း မိတ်ဆက်ခဲ့ပြီး စျေးနှုန်းအနေနဲ့ကတော့ ဒေါ်လာ ၂၅၀ ရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် Nikon ဟာ လာမယ့် ၂၀၂၀ အထိ ထပ်မံထုတ်လုပ်သွားမယ့် Lens တွေကိုလည်း မိတ်ဆက်ခဲ့ပါတယ်။

Nikon Z Lenses

စျေးနှုန်းတွေအနေနဲ့ကတော့ Nikon Z7 ဟာ Body Only ကို ဒေါ်လာ ၃၄၀၀ ရှိမှာဖြစ်ပြီး လာမယ့် စက်တင်ဘာလ ၂၇ ရက်နေ့မှာ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။ Nikon Z6 ကိုတော့ Body Only ကို ဒေါ်လာ ၂၀၀၀ နဲ့ လာမယ့် နိုဝင်ဘာလမှရောင်းချသွားမယ်လို့ သိရပါတယ်။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com