Digital SLR ဒါမွမဟုတ္ DSLR လုိ႔ လူသိမ်ားတဲ့ ကင္မရာေတြဟာ အခုအခ်ိန္မွာေတာ့ ေခတ္ေဟာင္းနည္းပညာတစ္ခုလုိျဖစ္စျပဳေနျပီးေတာ့ Sony ၊ Fujifilm လုိမ်ိဳး ကုမၸဏီေတြက သယ္ရလြယ္ကူတဲ့အျပင္ အရည္အေသြးပိုင္းအရ အလြန္သာလြန္ေနတဲ့ Mirrorless Camera ေတြကပဲ ကင္မရာေစ်းကြက္ကို ရယူထားတယ္လုိ႔ ေျပာလုိ႔ရပါတယ္။

အခုအခ်ိန္မွာ Professional Full Frame Mirrorless ကင္မရာေတြကို အေျမာက္အမ်ားထုတ္လုပ္ေနတာက Sony ပဲျဖစ္ျပီးေတာ့ Sony ရဲ႕ A7 Series ကင္မရာေတြနဲ႔ A9 ကင္မရာဟာ လက္ရွိအခ်ိန္မွာ စြမ္းေဆာင္ရည္ပုိင္းအရ ေစ်းႏႈန္းတူ DSLR Full Frame ကင္မရာေတြထက္ ေတာ္ေတာ္ေလးကိုသာလြန္ေနျပီျဖစ္ပါတယ္။ အဲ့ဒီအတြက္ DSLR ကင္မရာေတြမွာ ဆရာေတြျဖစ္ေနတဲ့ Canon နဲ႔ Nikon တုိ႔အတြက္လည္း Full Frame Mirrorless ကင္မရာေတြကို ထုတ္လုပ္ဖုိ႔လိုအပ္လာပါတယ္။

ဂ်ပန္ႏုိင္ငံအေျခစိုက္ကုမၸဏီတစ္ခုျဖစ္တဲ့ Nikon ကေတာ့ Full Frame Mirrorless ကကင္မရာကို ထုတ္လုပ္ဖုိ႔ ၾကံစည္ေနတာ အခုဆိုရင္ အခ်ိန္အနည္းငယ္ၾကာေနျပီျဖစ္ျပီးေတာ့ ေနာက္ဆံုးေတာ့ ထုတ္လုပ္မယ့္အခ်ိန္ကို ထုတ္ျပန္ေၾကျငာလုိက္ျပီျဖစ္ပါတယ္။ အခုေၾကျငာခ်က္အရ Nikon ရဲ႕ ပထမဆံုး Full Frame Mirrorless ကင္မရာကို လာမယ့္ ၾသဂုတ္လ ၂၃ ရက္ေန႔မွာ ျမင္ရေတာ့မွာပါ။

အခုလုိမ်ိဳး Nikon ကေန တရားဝင္ေၾကျငာမယ့္အခ်ိန္ကိုတင္ ေၾကျငာခဲ့တာမဟုတ္ဘဲ အခု Nikon Full Frame Mirrorless ကင္မရာအသစ္ရဲ႕ Teaser Video အခ်ိဳ႕ကိုလည္း တင္ထားခဲ့ပါတယ္။ အခု Teaser Video ေတြအရ Nikon ဟာ ယခု ကင္မရာအသစ္မွာ Mount အသစ္ကို အသံုးျပဳလာမွာျဖစ္ျပီး Camera System အသစ္တစ္ခုျဖစ္လာမယ္လုိ႔ သိရပါတယ္။ အဲ့ဒီအတြက္ Lens ေတြကိုလည္း ေျပာင္းလဲျပီး အသံုးျပဳရမွာပါ။

ဘာပဲျဖစ္ျဖစ္ Nikon အေနနဲ႔ အခုအခ်ိန္မွ Full Frame Mirrorless ကင္မရာေစ်းကြက္ထဲကို ဝင္ေရာက္လာမွာျဖစ္တဲ့အတြက္ လက္ရွိေစ်းကြက္ထဲမွာရွိေနတဲ့ Sony လုိမ်ိဳး ျပိဳင္ဘက္ေတြကို ယွဥ္ျပိဳင္ႏုိင္ပါ့မလား?

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Digital SLR ဒါမှမဟုတ် DSLR လို့ လူသိများတဲ့ ကင်မရာတွေဟာ အခုအချိန်မှာတော့ ခေတ်ဟောင်းနည်းပညာတစ်ခုလိုဖြစ်စပြုနေပြီးတော့ Sony ၊ Fujifilm လိုမျိုး ကုမ္ပဏီတွေက သယ်ရလွယ်ကူတဲ့အပြင် အရည်အသွေးပိုင်းအရ အလွန်သာလွန်နေတဲ့ Mirrorless Camera တွေကပဲ ကင်မရာဈေးကွက်ကို ရယူထားတယ်လို့ ပြောလို့ရပါတယ်။

အခုအချိန်မှာ Professional Full Frame Mirrorless ကင်မရာတွေကို အမြောက်အများထုတ်လုပ်နေတာက Sony ပဲဖြစ်ပြီးတော့ Sony ရဲ့ A7 Series ကင်မရာတွေနဲ့ A9 ကင်မရာဟာ လက်ရှိအချိန်မှာ စွမ်းဆောင်ရည်ပိုင်းအရ ဈေးနှုန်းတူ DSLR Full Frame ကင်မရာတွေထက် တော်တော်လေးကိုသာလွန်နေပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် DSLR ကင်မရာတွေမှာ ဆရာတွေဖြစ်နေတဲ့ Canon နဲ့ Nikon တို့အတွက်လည်း Full Frame Mirrorless ကင်မရာတွေကို ထုတ်လုပ်ဖို့လိုအပ်လာပါတယ်။

ဂျပန်နိုင်ငံအခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Nikon ကတော့ Full Frame Mirrorless ကကင်မရာကို ထုတ်လုပ်ဖို့ ကြံစည်နေတာ အခုဆိုရင် အချိန်အနည်းငယ်ကြာနေပြီဖြစ်ပြီးတော့ နောက်ဆုံးတော့ ထုတ်လုပ်မယ့်အချိန်ကို ထုတ်ပြန်ကြေငြာလိုက်ပြီဖြစ်ပါတယ်။ အခုကြေငြာချက်အရ Nikon ရဲ့ ပထမဆုံး Full Frame Mirrorless ကင်မရာကို လာမယ့် သြဂုတ်လ ၂၃ ရက်နေ့မှာ မြင်ရတော့မှာပါ။

အခုလိုမျိုး Nikon ကနေ တရားဝင်ကြေငြာမယ့်အချိန်ကိုတင် ကြေငြာခဲ့တာမဟုတ်ဘဲ အခု Nikon Full Frame Mirrorless ကင်မရာအသစ်ရဲ့ Teaser Video အချို့ကိုလည်း တင်ထားခဲ့ပါတယ်။ အခု Teaser Video တွေအရ Nikon ဟာ ယခု ကင်မရာအသစ်မှာ Mount အသစ်ကို အသုံးပြုလာမှာဖြစ်ပြီး Camera System အသစ်တစ်ခုဖြစ်လာမယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် Lens တွေကိုလည်း ပြောင်းလဲပြီး အသုံးပြုရမှာပါ။

ဘာပဲဖြစ်ဖြစ် Nikon အနေနဲ့ အခုအချိန်မှ Full Frame Mirrorless ကင်မရာဈေးကွက်ထဲကို ဝင်ရောက်လာမှာဖြစ်တဲ့အတွက် လက်ရှိဈေးကွက်ထဲမှာရှိနေတဲ့ Sony လိုမျိုး ပြိုင်ဘက်တွေကို ယှဉ်ပြိုင်နိုင်ပါ့မလား?

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com