This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ကမၻာ႔ဖလားၿပိဳင္ပြဲ နီးကပ္လာခ်ိန္မွာ အီရန္အသင္းကို အားကစား ဖိနပ္ေထာက္ပံ့မႈ ရပ္ဆိုင္းလိုက္တဲ့ Nike

ကမၻာ႔ဖလားၿပိဳင္ပြဲ က်င္းပဖို႔ ရက္ပိုင္းသာ လိုေတာ့တဲ့အခ်ိန္မွာ အီရန္အသင္းကို အားကစားဖိနပ္ ေထာက္ပံ့ေပးေနတဲ့ အေမရိကန္အေျခစိုက္ နာမည္ေက်ာ္ အားကစားပစၥည္း ထုတ္လုပ္ေရး ကုမၸဏီ Nike က ေထာက္ပံ့မႈေတြကို ရပ္ဆိုင္းလိုက္ပါတယ္။ Nike ဘက္က အီရန္အသင္းကို အားကစားဖိနပ္ ေထာက္ပံ့မႈ ျပဳလုပ္ေပးေတာ့မွာမဟုတ္ေၾကာင္း ၿပီးခဲ့တဲ့ တနလၤာေန႔က အတည္ျပဳေျပာၾကားခဲ့ၿပီး စီးပြားေရး ပိတ္ဆို႔မႈ နည္းလမ္းေတြအရ ေထာက္ပံ့မႈေတြကို ရပ္ဆိုင္းခဲ့တာျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ Nike ဘက္က ေထာက္ပံ့မႈေတြကို ရပ္ဆိုင္းခဲ့လို႔ လာမယ့္ ကမၻာ႔ဖလားၿပိဳင္ပြဲမွာ အီရန္အသင္းသားေတြ ဝတ္ဆင္ကစားဖို႔ အားကစားဖိနပ္အတြက္ ျပင္ဆင္မႈေတြကို ျပဳလုပ္သြားရေတာ့မွာ ျဖစ္ပါတယ္။

Nike-stops-supplying-boots-to-Iran

Nike-stops-supplying-boots-to-Iran

ေထာက္ပံမႈ ရပ္ဆိုင္ခဲ့တာနဲ႔ ပတ္သက္ၿပီး “အေမရိကန္ရဲ႕ စီးပြားေရးပိတ္ဆို႔ေတြအရ အေမရိကန္ေျခစိုက္ ကုမၸဏီတစ္ခုျဖစ္တဲ့ Nike ဘက္ကလည္း အီရန္အသင္းကို အားကစားဖိနပ္ ေထာက္ပံ့မႈေတြ အခုအခ်ိန္မွာ ရပ္ဆိုင္းလိုက္ပါတယ္” လို႔ Nike ကုမၸဏီက ေျပာၾကားခဲ့ပါတယ္။ Nike ရဲ႕ ဆံုးျဖတ္ခ်က္ကို နားမလည္ျဖစ္ခဲ့ရေၾကာင္း အီရန္ေဘာလံုးအဖြဲ႔ခ်ဳပ္က ေျပာၾကားခဲ့ၿပီး ၿပီးခဲ့တဲ့ ၂၀၁၄ ကမၻာ႔ဖလားၿပိဳင္ပြဲမွာလည္း ၿပိဳင္ပြဲ နီးကပ္ခ်ိန္မွ အသင္းတစ္သင္းကို စီးပြားေရးပိတ္ဆို႔မႈ အေၾကာင္းျပၿပီး ေထာက္ပံ့မႈေတြကို Nike က ရပ္ဆိုင္းခဲ့ပါတယ္။ အီရန္ကစားသမား တခ်ိဳ႔ကေတာ့ သူတို႔ရဲ႕ အားကစားဖိနပ္ေတြကို ကိုယ္တိုင္ ဝယ္ယူခဲ့ၾကပါတယ္။ အီရန္အသင္းကို မန္ယူနည္းျပေဟာင္း ကားလို႔စ္ကြီးေရာ႔ဇ္ Carlos Queiroz က ကိုင္တြယ္ေနၿပီး အခုႏွစ္ ကမၻာ႔ဖလားၿပိဳင္ပြဲကို အေစာဆံုး ေျခစစ္ပြဲေအာင္ျမင္ခဲ့တဲ့ အသင္းျဖစ္ပါတယ္။

REF:Daily Telegraph
Photo:NBC, Iransportspress.com
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ကမ္ဘာ့ဖလားပြိုင်ပွဲ နီးကပ်လာချိန်မှာ အီရန်အသင်းကို အားကစား ဖိနပ်ထောက်ပံ့မှု ရပ်ဆိုင်းလိုက်တဲ့ Nike

ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပဖို့ ရက်ပိုင်းသာ လိုတော့တဲ့အချိန်မှာ အီရန်အသင်းကို အားကစားဖိနပ် ထောက်ပံ့ပေးနေတဲ့ အမေရိကန်အခြေစိုက် နာမည်ကျော် အားကစားပစ္စည်း ထုတ်လုပ်ရေး ကုမ္ပဏီ Nike က ထောက်ပံ့မှုတွေကို ရပ်ဆိုင်းလိုက်ပါတယ်။ Nike ဘက်က အီရန်အသင်းကို အားကစားဖိနပ် ထောက်ပံ့မှု ပြုလုပ်ပေးတော့မှာမဟုတ်ကြောင်း ပြီးခဲ့တဲ့ တနင်္လာနေ့က အတည်ပြုပြောကြားခဲ့ပြီး စီးပွားရေး ပိတ်ဆို့မှု နည်းလမ်းတွေအရ ထောက်ပံ့မှုတွေကို ရပ်ဆိုင်းခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ Nike ဘက်က ထောက်ပံ့မှုတွေကို ရပ်ဆိုင်းခဲ့လို့ လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီရန်အသင်းသားတွေ ဝတ်ဆင်ကစားဖို့ အားကစားဖိနပ်အတွက် ပြင်ဆင်မှုတွေကို ပြုလုပ်သွားရတော့မှာ ဖြစ်ပါတယ်။

Nike-stops-supplying-boots-to-Iran

Nike-stops-supplying-boots-to-Iran

ထောက်ပံမှု ရပ်ဆိုင်ခဲ့တာနဲ့ ပတ်သက်ပြီး “အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့တွေအရ အမေရိကန်ခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Nike ဘက်ကလည်း အီရန်အသင်းကို အားကစားဖိနပ် ထောက်ပံ့မှုတွေ အခုအချိန်မှာ ရပ်ဆိုင်းလိုက်ပါတယ်” လို့ Nike ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။ Nike ရဲ့ ဆုံးဖြတ်ချက်ကို နားမလည်ဖြစ်ခဲ့ရကြောင်း အီရန်ဘောလုံးအဖွဲ့ချုပ်က ပြောကြားခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ပြိုင်ပွဲ နီးကပ်ချိန်မှ အသင်းတစ်သင်းကို စီးပွားရေးပိတ်ဆို့မှု အကြောင်းပြပြီး ထောက်ပံ့မှုတွေကို Nike က ရပ်ဆိုင်းခဲ့ပါတယ်။ အီရန်ကစားသမား တချို့ကတော့ သူတို့ရဲ့ အားကစားဖိနပ်တွေကို ကိုယ်တိုင် ဝယ်ယူခဲ့ကြပါတယ်။ အီရန်အသင်းကို မန်ယူနည်းပြဟောင်း ကားလို့စ်ကွီးရော့ဇ် Carlos Queiroz က ကိုင်တွယ်နေပြီး အခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို အစောဆုံး ခြေစစ်ပွဲအောင်မြင်ခဲ့တဲ့ အသင်းဖြစ်ပါတယ်။

REF:Daily Telegraph
Photo:NBC, Iransportspress.com
Aung Kyaw Wai (Akhayar)
www.akhayar.com