[Zawgyi]

ဝိတ္ခ်လိုသူေတြအတြက္ ညအိပ္ရာဝင္တုိင္းမွာ မျဖစ္မေနျပဳလုပ္ရမယ့္ ထိေရာက္တဲ့နည္းလမ္းေတြ…

ဝိတ္ခ်ဖုိ႔ဆုိတာ တခ်ိဳ႕လူေတြအတြက္ေတာ့ အေတာ္ခက္ခဲေနတဲ့အလုပ္ပါ။ အစားေရွာင္တာ၊အားကစားလုပ္တာ၊ ခႏၶာကုိယ္ထိန္းသိမ္းတာမ်ိဳးေတြလုပ္ေပမယ့္ မထိေရာက္ပဲ ဝိတ္ခ်ျခင္းမွာ မေအာင္ျမင္ေသးသူေတြလည္းရွိပါတယ္။ ဒါဆုိ ဘယ္လုိနည္းလမ္းေတြထပ္ရွိဦးမလဲ။ေဆးစားရမွာလား၊ အားကစားကုိ ဒီ့ထက္ပုိၿပီး အားစုိက္ထုတ္ရမွာလား။ အစာေတြကုိ ေရွာင္ရဦးမလားဆုိတဲ့ ေမးခြန္းေတြနဲ႔ ဝိတ္ခ်ဖုိ႔နည္းလမ္းရွာေဖြေနသူေတြအတြက္ နည္းလမ္းေကာင္းတစ္ခု ေဖာ္ျပေပးခ်င္ပါတယ္။ အဲ့ဒါကေတာ့ ညအိပ္ရာမဝင္ခင္အခ်ိန္မွာ ဒီအရာေတြ လုပ္ေဆာင္ျခင္းျဖင့္ ဝိတ္ခ်ဖုိ႔ နည္းလမ္းတစ္ခုရမွာပါ။ ဒီေတာ့ ေလ့လာၾကည့္ရေအာင္…

အိပ္ရာ၀င္ကာနီးတိုင္း ႏုိ႔တစ္ခြက္ပံုမွန္ေသာက္ပါ

ညဘက္အိပ္ရာဝင္တဲ့အခါ ႏုိ႔တစ္ခြက္ပံုမွန္ေသာက္ပါ။ ႏုိ႔ေသာက္ျခင္းဟာ သင့္ရဲ႕အိပ္စက္ျခင္းကုိ အေထာက္ကူျပဳေစႏုိင္ရံုသာမက ညဘက္အခ်ိန္ခါ လုိအပ္တဲ့ ဆာေလာင္မႈျဖည့္တင္းမယ့္ အစာလည္း ျဖစ္ေစႏုိင္ပါတယ္။ ပရုိတင္းဓာတ္ႏွစ္မ်ိဳး ၾကြယ္ဝစြာပါဝင္ၿပီးေတာ့ ႏြားႏုိ႕က ညဘက္အိပ္စက္ျခင္းမွာ လုိအပ္တဲ့အမုိင္ႏုိအက္စစ္ဓာတ္ေတြကုိ ျဖည့္တင္းေပးကာ ဒါဟာ ခႏၶာကုိယ္အေလးခ်ိန္ေလွ်ာ့ခ်ေပးဖုိ႔အတြက္ အေကာင္းဆံုး ေထာက္ပံ့ေပးမွာျဖစ္ပါတယ္။

Drinking Milk

ညစာစားၿပီးတုိင္း လမ္းေလွ်ာက္ပါ

ညစာစားၿပီးတုိင္း လမ္းေလွ်ာက္ေပးပါ။ အစားစားၿပီးတုိင္း လမ္းေလွ်ာက္ျခင္းဟာ အစာအိမ္ထဲ အစာေခ်ဖ်က္စနစ္ကုိ ေကာင္းမြန္ေစၿပီးေတာ့ ဝမ္းဗုိက္စူတာ၊ ဗုိက္ေခါက္ထြက္တာေတြကုိလည္း မျဖစ္ေစႏုိင္ပါဘူး။ ဒါ့ေၾကာင့္မုိ႔လုိ႔ အစားစားၿပီးတုိင္း၊ ညစာစားၿပီးခ်ိန္တုိင္း ခဏတာလမ္းေလွ်ာက္ျခင္းအေလ့အက်င့္ကုိ ျပဳလုပ္ပါ။

Acer Swift 3

Acer Swift 3

Acer Swift 3 အေၾကာင္း အေသးစိတ္ၾကည့္ရန္

အခ်ိန္မွန္အိပ္စက္ပါ

အခ်ိန္မွန္အိပ္စက္ပါ။ အိပ္ခ်ိန္ပံုမွန္မရွိတာ၊ အိပ္ေရးမဝတဲ့သူေတြမွာဆုိရင္ ကုိယ္အေလးခ်ိန္တက္လာေလ့ရွိပါတယ္။ အိပ္စက္ခ်ိန္ကုိပံုမွန္မထားတာ၊ ညဥ့္နက္လြန္းမွ အိပ္စက္တာေတြက ကုိယ္အေလးခ်ိန္တုိးလာျခင္းေတြကုိ ျဖစ္ေစပါတယ္။ အိပ္ေရးမဝျခင္းေၾကာင့္ အဆီဆဲလ္ေတြက အင္ဆူလင္ကုိတုိက္ထုတ္ႏုိင္မယ့္ လုပ္ေဆာင္ျခင္းေတြမရွိေတာ့လုိ႔ ကုိယ္အေလးခ်ိန္ကုိ ပုိမုိတုိးျမွင့္လာေစႏုိင္တာေၾကာင့္ လည္း ျဖစ္ပါတယ္။

Sleeping

အိပ္ရာမ၀င္ခင္ ကိုယ္လက္လႈပ္ရွားမႈလုပ္ပါ

အိပ္ရာမဝင္ခင္ ေယာဂ၊ ေလ့က်င့္ခန္းတစ္ခုခုလုပ္ပါ။ ကုိယ္လက္လႈပ္ရွားမႈေလ့က်င့္ခန္းက ကုိယ္ ခႏၶာ သက္ေတာင္႔သက္သာျဖစ္ေစကာ၊ အေညာင္းအညာေျပေစၿပီးေတာ့ ခႏၶာကုိယ္အေလးခ်ိန္ေလွ်ာ့ခ်ျခင္းကုိ ေထာက္ပံ့ေပးႏုိင္မွာျဖစ္ပါတယ္။ ေနာက္ၿပီး ကုိယ္လက္နဲ႔ ၾကြက္သားေတြကုိ ပံုမွန္အလုပ္လုပ္ေစလုိ႔လည္း ခႏၶာကုိယ္ေနထုိင္လုိ႔ ေကာင္းမြန္ေစမွာပါ။

Acer Swift 3

Acer Swift 3

Acer Swift 3 အေၾကာင္း အေသးစိတ္ၾကည့္ရန္

ညစာထဲမွာ ပူပူစပ္စပ္ေလးေတြထည့္စားပါ

ညစာထဲမွာ အပူအစပ္အရသာေတြ ထည့္ၿပီးစားသံုးပါ။ ငရုပ္သီးပါဝင္တဲ့ အစားအစာ၊ စပ္တဲ့အစား အေသာက္ေတြက သဘာဝဓာတ္ေတြကုိ တုိးျမွင့္ေစၿပီးေတာ့ ခႏၶာကုိယ္တြင္း ဇီဝကမၼျဖစ္စဥ္ကုိလည္း တုိးျမွင့္ေစႏုိင္ကာ အဆီေတြေလာင္ကၽြမ္းမႈမွာ အထူးသက္ေရာက္မႈျဖစ္ေစလုိ႔ ခႏၶာကုိယ္အေလးခ်ိန္ကုိ ေလွ်ာ့ခ်ေပးႏုိင္ပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ဝိတ်ချလိုသူတွေအတွက် ညအိပ်ရာဝင်တိုင်းမှာ မဖြစ်မနေပြုလုပ်ရမယ့် ထိရောက်တဲ့နည်းလမ်းတွေ…

ဝိတ်ချဖို့ဆိုတာ တချို့လူတွေအတွက်တော့ အတော်ခက်ခဲနေတဲ့အလုပ်ပါ။ အစားရှောင်တာ၊အားကစားလုပ်တာ၊ ခန္ဓာကိုယ်ထိန်းသိမ်းတာမျိုးတွေလုပ်ပေမယ့် မထိရောက်ပဲ ဝိတ်ချခြင်းမှာ မအောင်မြင်သေးသူတွေလည်းရှိပါတယ်။ ဒါဆို ဘယ်လိုနည်းလမ်းတွေထပ်ရှိဦးမလဲ။ဆေးစားရမှာလား၊ အားကစားကို ဒီ့ထက်ပိုပြီး အားစိုက်ထုတ်ရမှာလား။ အစာတွေကို ရှောင်ရဦးမလားဆိုတဲ့ မေးခွန်းတွေနဲ့ ဝိတ်ချဖို့နည်းလမ်းရှာဖွေနေသူတွေအတွက် နည်းလမ်းကောင်းတစ်ခု ဖော်ပြပေးချင်ပါတယ်။ အဲ့ဒါကတော့ ညအိပ်ရာမဝင်ခင်အချိန်မှာ ဒီအရာတွေ လုပ်ဆောင်ခြင်းဖြင့် ဝိတ်ချဖို့ နည်းလမ်းတစ်ခုရမှာပါ။ ဒီတော့ လေ့လာကြည့်ရအောင်…

အိပ်ရာဝင်ကာနီးတိုင်း နို့တစ်ခွက်ပုံမှန်သောက်ပါ

ညဘက်အိပ်ရာဝင်တဲ့အခါ နို့တစ်ခွက်ပုံမှန်သောက်ပါ။ နို့သောက်ခြင်းဟာ သင့်ရဲ့အိပ်စက်ခြင်းကို အထောက်ကူပြုစေနိုင်ရုံသာမက ညဘက်အချိန်ခါ လိုအပ်တဲ့ ဆာလောင်မှုဖြည့်တင်းမယ့် အစာလည်း ဖြစ်စေနိုင်ပါတယ်။ ပရိုတင်းဓာတ်နှစ်မျိုး ကြွယ်ဝစွာပါဝင်ပြီးတော့ နွားနို့က ညဘက်အိပ်စက်ခြင်းမှာ လိုအပ်တဲ့အမိုင်နိုအက်စစ်ဓာတ်တွေကို ဖြည့်တင်းပေးကာ ဒါဟာ ခန္ဓာကိုယ်အလေးချိန်လျှော့ချပေးဖို့အတွက် အကောင်းဆုံး ထောက်ပံ့ပေးမှာဖြစ်ပါတယ်။

Drinking Milk

ညစာစားပြီးတိုင်း လမ်းလျှောက်ပါ

ညစာစားပြီးတိုင်း လမ်းလျှောက်ပေးပါ။ အစားစားပြီးတိုင်း လမ်းလျှောက်ခြင်းဟာ အစာအိမ်ထဲ အစာချေဖျက်စနစ်ကို ကောင်းမွန်စေပြီးတော့ ဝမ်းဗိုက်စူတာ၊ ဗိုက်ခေါက်ထွက်တာတွေကိုလည်း မဖြစ်စေနိုင်ပါဘူး။ ဒါ့ကြောင့်မို့လို့ အစားစားပြီးတိုင်း၊ ညစာစားပြီးချိန်တိုင်း ခဏတာလမ်းလျှောက်ခြင်းအလေ့အကျင့်ကို ပြုလုပ်ပါ။

Acer Swift 3

Acer Swift 3

Acer Swift 3 အကြောင်း အသေးစိတ်ကြည့်ရန်

အချိန်မှန်အိပ်စက်ပါ

အချိန်မှန်အိပ်စက်ပါ။ အိပ်ချိန်ပုံမှန်မရှိတာ၊ အိပ်ရေးမဝတဲ့သူတွေမှာဆိုရင် ကိုယ်အလေးချိန်တက်လာလေ့ရှိပါတယ်။ အိပ်စက်ချိန်ကိုပုံမှန်မထားတာ၊ ညဉ့်နက်လွန်းမှ အိပ်စက်တာတွေက ကိုယ်အလေးချိန်တိုးလာခြင်းတွေကို ဖြစ်စေပါတယ်။ အိပ်ရေးမဝခြင်းကြောင့် အဆီဆဲလ်တွေက အင်ဆူလင်ကိုတိုက်ထုတ်နိုင်မယ့် လုပ်ဆောင်ခြင်းတွေမရှိတော့လို့ ကိုယ်အလေးချိန်ကို ပိုမိုတိုးမြှင့်လာစေနိုင်တာကြောင့် လည်း ဖြစ်ပါတယ်။

Sleeping

အိပ်ရာမဝင်ခင် ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ

အိပ်ရာမဝင်ခင် ယောဂ၊ လေ့ကျင့်ခန်းတစ်ခုခုလုပ်ပါ။ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းက ကိုယ် ခန္ဓာ သက်တောင့်သက်သာဖြစ်စေကာ၊ အညောင်းအညာပြေစေပြီးတော့ ခန္ဓာကိုယ်အလေးချိန်လျှော့ချခြင်းကို ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။ နောက်ပြီး ကိုယ်လက်နဲ့ ကြွက်သားတွေကို ပုံမှန်အလုပ်လုပ်စေလို့လည်း ခန္ဓာကိုယ်နေထိုင်လို့ ကောင်းမွန်စေမှာပါ။

Acer Swift 3

Acer Swift 3

Acer Swift 3 အကြောင်း အသေးစိတ်ကြည့်ရန်

ညစာထဲမှာ ပူပူစပ်စပ်လေးတွေထည့်စားပါ

ညစာထဲမှာ အပူအစပ်အရသာတွေ ထည့်ပြီးစားသုံးပါ။ ငရုပ်သီးပါဝင်တဲ့ အစားအစာ၊ စပ်တဲ့အစား အသောက်တွေက သဘာဝဓာတ်တွေကို တိုးမြှင့်စေပြီးတော့ ခန္ဓာကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်ကိုလည်း တိုးမြှင့်စေနိုင်ကာ အဆီတွေလောင်ကျွမ်းမှုမှာ အထူးသက်ရောက်မှုဖြစ်စေလို့ ခန္ဓာကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်ပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။