[Zawgyi]

ဒုတိယအႀကိမ္ ျပန္လည္ျပသခြင့္ရရွိခဲ့တဲ့ “ည”ရုပ္ရွင္ဇာတ္ကားကို စကၤာပူႏိုင္ငံမွာ ျပသမယ္

လူငယ္သရုပ္ေဆာင္သစ္ေတြကို ေမြးထုတ္ေပးတဲ့အေနနဲ႔ လူငယ္ဒါရိုက္တာထူးပိုင္ေဇာ္ဦး ပံုေဖာ္ဖန္တီးထားတဲ့ “ည” ရုပ္ရွင္ဇာတ္ကားကို လာမယ့္ဧၿပီ ၂၉ ရက္နဲ႔ ေမ ၁ ရက္မွာ စကၤာပူႏိုင္ငံမွာ ျပသေပးသြားမွာျဖစ္တယ္လို႔ သိရပါတယ္။ စကၤာပူႏုိင္ငံ(Golden Mile Tower) မွာရွိတဲ့ Carnival Cinema မွာျဖစ္ၿပီး ျပသမယ့္၂ ရက္မွာ ပြဲခ်ိန္ေတြအေနနဲ႔ ေန႔လည္၁၂ နာရီနဲ႔ ၃ နာရီအခ်ိန္ေတြျဖစ္ကာ ၾကည့္ရႈအားေပးၾကမယ့္ ပရိသတ္ေတြအေနနဲ႔ လက္မွတ္မ်ားကို www.carnivalcinemas.sg မွာ ႀကိဳတင္မွာယူႏိုင္မွာျဖစ္တယ္လို႔ သိရပါတယ္။

“ည” ရုပ္ရွင္ဇာတ္ကားႀကီးကို ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္ ဇူလိုင္လက ျမန္မာႏိုင္ငံမွာရွိတဲ့ ရုပ္ရွင္ရံုတခ်ိဳ႕မွာျပသႏိုင္ခဲ့ၿပီး လူငယ္ေတြရဲ႕ပူးေပါင္းဖန္တီးမႈေၾကာင့္ ပရိသတ္ေတြစိတ္ဝင္စားခဲ့ကာ ေအာင္ျမင္မႈရရွိခဲ့တဲ့ ဇာတ္ကားတစ္ကားလည္းျဖစ္ခဲ့ပါတယ္။ ဒါအျပင္ အကယ္ဒမီေပးပြဲၿပီးခဲ့တဲ့အခ်ိန္မွာေတာ့ ပရိသတ္ေတြရဲ႕ျပန္လည္ေတာင္းဆိုမႈနဲ႔ “ည” ရုပ္ရွင္ဇာတ္ကားကို ဧၿပီ ၁၈ ရက္ကေန ၂၆ ရက္ေန႔အထိ ရန္ကုန္၊ မႏၱေလးနဲ႔ ေမာ္လၿမိဳင္ၿမိဳ႕ေတြမွာ ျပသေပးခဲ့တာျဖစ္ၿပီး “ည”အဖြဲ႔သားေတြနဲ႔ ပရိသတ္ေတြေတြ႔ဆံုတဲ့ Fan Meeting ကိုလည္း ၂၂ ရက္က ရန္ကုန္ၿမိိဳ႕မွာရွိတဲ့ Junction City မွာ က်င္းပျပဳလုပ္ေပးခဲ့ပါေသးတယ္။

April Fool ေန႔တစ္ေန႔မွာ အခ်င္းခ်င္းစေနာက္ရင္း မထင္မွတ္တဲ့အျဖစ္ဆိုးတစ္ခုေၾကာင့္ လူေသမႈတစ္ခုနဲ႔ ၾကံဳခဲ့ရတဲ့ သူငယ္ခ်င္းတစ္စုရဲ႕အေၾကာင္းေလးကို သဘာဝဆန္ဆန္ရိုက္ကူးေပးထားတာျဖစ္ၿပီး ထူးျခားခ်က္တစ္ခုအေနနဲ႔ သရုပ္ေဆာင္အသစ္ေတြျဖစ္ၾကတဲ့ ခ်မ္းမင္းရဲထြဋ္၊ ေအာင္ရဲထိုက္၊ ရပ္ဆဲလ္၊ ၿငိမ္းေသာ္၊ နက္ရိႈင္းကို၊ နန္းထေရစီ၊ မိုးယေသာ္၊ ေမဆူးေမာင္၊ နန္းေခးမိုနဲ႔ ျမတ္ႏိုးေအးတို႔ကို ထည့္သြင္းရိုက္ကူးထားတာျဖစ္ပါတယ္။ ကဲ…စကၤာပူမွာရွိတဲ့ ျမန္မာပရိသတ္ေတြအေနနဲ႔ကေတာ့ လူငယ္ဒါရိုက္တာ၊ လူငယ္မ်က္ႏွာသစ္သရုပ္ေဆာင္ေတြရဲ႕ ဖန္တီးမႈေလးကို အားေပးၾကဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ ထင္ပါတယ္။

Photo Credit: ည Facebook

www.akhayar.com

[Unicode]

ဒုတိယအကြိမ် ပြန်လည်ပြသခွင့်ရရှိခဲ့တဲ့ “ည”ရုပ်ရှင်ဇာတ်ကားကို စင်္ကာပူနိုင်ငံမှာ ပြသမယ်

လူငယ်သရုပ်ဆောင်သစ်တွေကို မွေးထုတ်ပေးတဲ့အနေနဲ့ လူငယ်ဒါရိုက်တာထူးပိုင်ဇော်ဦး ပုံဖော်ဖန်တီးထားတဲ့ “ည” ရုပ်ရှင်ဇာတ်ကားကို လာမယ့်ဧပြီ ၂၉ ရက်နဲ့ မေ ၁ ရက်မှာ စင်္ကာပူနိုင်ငံမှာ ပြသပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ စင်္ကာပူနိုင်ငံ(Golden Mile Tower) မှာရှိတဲ့ Carnival Cinema မှာဖြစ်ပြီး ပြသမယ့်၂ ရက်မှာ ပွဲချိန်တွေအနေနဲ့ နေ့လည်၁၂ နာရီနဲ့ ၃ နာရီအချိန်တွေဖြစ်ကာ ကြည့်ရှုအားပေးကြမယ့် ပရိသတ်တွေအနေနဲ့ လက်မှတ်များကို www.carnivalcinemas.sg မှာ ကြိုတင်မှာယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

“ည” ရုပ်ရှင်ဇာတ်ကားကြီးကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဇူလိုင်လက မြန်မာနိုင်ငံမှာရှိတဲ့ ရုပ်ရှင်ရုံတချို့မှာပြသနိုင်ခဲ့ပြီး လူငယ်တွေရဲ့ပူးပေါင်းဖန်တီးမှုကြောင့် ပရိသတ်တွေစိတ်ဝင်စားခဲ့ကာ အောင်မြင်မှုရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားလည်းဖြစ်ခဲ့ပါတယ်။ ဒါအပြင် အကယ်ဒမီပေးပွဲပြီးခဲ့တဲ့အချိန်မှာတော့ ပရိသတ်တွေရဲ့ပြန်လည်တောင်းဆိုမှုနဲ့ “ည” ရုပ်ရှင်ဇာတ်ကားကို ဧပြီ ၁၈ ရက်ကနေ ၂၆ ရက်နေ့အထိ ရန်ကုန်၊ မန္တလေးနဲ့ မော်လမြိုင်မြို့တွေမှာ ပြသပေးခဲ့တာဖြစ်ပြီး “ည”အဖွဲ့သားတွေနဲ့ ပရိသတ်တွေတွေ့ဆုံတဲ့ Fan Meeting ကိုလည်း ၂၂ ရက်က ရန်ကုန်မြို့မှာရှိတဲ့ Junction City မှာ ကျင်းပပြုလုပ်ပေးခဲ့ပါသေးတယ်။

April Fool နေ့တစ်နေ့မှာ အချင်းချင်းစနောက်ရင်း မထင်မှတ်တဲ့အဖြစ်ဆိုးတစ်ခုကြောင့် လူသေမှုတစ်ခုနဲ့ ကြုံခဲ့ရတဲ့ သူငယ်ချင်းတစ်စုရဲ့အကြောင်းလေးကို သဘာဝဆန်ဆန်ရိုက်ကူးပေးထားတာဖြစ်ပြီး ထူးခြားချက်တစ်ခုအနေနဲ့ သရုပ်ဆောင်အသစ်တွေဖြစ်ကြတဲ့ ချမ်းမင်းရဲထွဋ်၊ အောင်ရဲထိုက်၊ ရပ်ဆဲလ်၊ ငြိမ်းသော်၊ နက်ရှိုင်းကို၊ နန်းထရေစီ၊ မိုးယသော်၊ မေဆူးမောင်၊ နန်းခေးမိုနဲ့ မြတ်နိုးအေးတို့ကို ထည့်သွင်းရိုက်ကူးထားတာဖြစ်ပါတယ်။ ကဲ…စင်္ကာပူမှာရှိတဲ့ မြန်မာပရိသတ်တွေအနေနဲ့ကတော့ လူငယ်ဒါရိုက်တာ၊ လူငယ်မျက်နှာသစ်သရုပ်ဆောင်တွေရဲ့ ဖန်တီးမှုလေးကို အားပေးကြဖို့ အဆင်သင့်ဖြစ်နေပြီလို့ ထင်ပါတယ်။

Photo Credit: ည Facebook

www.akhayar.com