[Zawgyi]

“ည”နဲ႔ “ဥပါယ္တံမ်ဥ္” ျပန္တင္ရင္ ဝန္းရံဦးမွာပဲမလား ပရိသတ္ၾကီး

ခ်စ္လွစြာေသာ ျမန္မာဇာတ္ကား Revolution လုပ္ေနတဲ့ ၊ေပါကားမၾကိဳက္တဲ့ ပရိသတ္ၾကီးအတြက္ သတင္းေကာင္းတစ္ခု ရွိေနပါတယ္။ အသစ္အသစ္ေတြြနဲ႔ ဖန္တီးခဲ့တဲ့ ဒါရုိက္တာ ထူးပိုင္ေဇာ္ဦးရဲ့ “ည-Night” ဇာတ္ကားနဲ႔ ဒါရိုက္တာ Christina Kyi ရဲ့  “ဥပါယ္တံမ်ဥ္- Deception” ဇာတ္ကားေတြဟာ မၾကည့္လိုက္ရေသးတဲ့ ပရိသတ္ၾကီးအတြက္ေရာ၊ ထပ္ၾကည့္ခ်င္ေနတဲ့ ပရိသတ္ၾကီးအတြက္ပါ ရံုေတြေပၚကို တေက်ာ့ျပန္ ေရာက္ရွိလာေတာ့မယ္တဲ့ခင္ဗ်။

“ည”ဇာတ္ကားနဲ႔ “ဥပါယ္တံမ်ဥ္” ဇာတ္ကားကို JCGV ရံုေတြမွာ ျပန္လည္ျပသဖို႔ ရွိတယ္လို႔ Post တင္ထားျပီး ျပသမယ့္ရက္ကိုလည္း ထပ္မံေၾကညာေပးမယ္လို႔ ဆိုပါတယ္။ ျပသမယ့္ရက္သိရရင္လည္း အခရာက Update လိုက္လုပ္ေပးမွာပါ။

“ည”ဇာတ္ကားဟာ ဒါရိုက္တာ ထူးပို္င္ေဇာ္ဦးရဲ့ ရုိက္ခ်က္ေတြနဲ႔ လူငယ္သရုပ္ေဆာင္ေတြျဖစ္တဲ့ ခ်မ္းမင္းရဲထြဋ္၊ ေအာင္ရဲထို္က္၊ ရပ္ဆဲလ္၊ ျငိမ္းေသာ္၊ နက္ရႈိင္းကုိ၊ နန္းထေရစီ၊ မုိးယေသာ္၊ ေမဆူူးေမာင္၊ နန္းေခးမိုနဲ႔ ျမတ္ႏုိးေအးတို႔ပါဝင္ထားျပီး ဇာတ္ကားရဲ့ အလင္းအေမွာင္နဲ႔ ဇာတ္လမ္းလွည့္ကြက္ေတြဟာ မထင္ထားေလာက္ေအာင္ အခ်ိတ္အဆက္မိျပီး ေကာင္းပါတယ္။

“ဥပါယ္တံမ်ဥ္”ဇာတ္ကားဟာလည္း သက္မြန္ျမင့္ကလဲြလို႔ ဇဏ္ခီ၊ ေအာင့္ျမင့္ျမတ္နဲ႔ ထိုင္းမေလး Kaew Korravee တို႔လို အသစ္ေတြနဲ႔ ေဖာက္ခဲ့ျပီး ဇာတ္ကားဟာ အရင္ျမန္မာဇာတ္ကားေတြလို ဇာတ္မဆန္မႈနဲ႔ လွည့္ကြက္ေတြ ေကာင္းလို႔လည္း (၈) ပတ္ၾကာတဲ့အထိကို ရံုတင္ခဲ့ရတာပါ။

အခုလို ဒီဘက္ေခတ္ရုပ္ရွင္ႏွစ္ေတြမွာ မၾကံဳစဖူး ရံုခ်ျပီးမွ ျပန္တင္ရတဲ့ ဇာတ္ကားေတြ ျဖစ္ျပီး ႏွစ္ကားလံုးရဲ့ Twist ေတြကလည္း ေကာင္းမြန္တဲ့အတြက္ ရံုျပန္တင္ရင္ အားေပးဝန္းရံၾကဦးမယ္လို႔ ေမွ်ာ္လင့္မိပါတယ္။

ရိုးလူ (Akhayar)

www.akhayar.com
[Unicode]

“ည”နဲ့ “ဥပါယ်တံမျဉ်” ပြန်တင်ရင် ဝန်းရံဦးမှာပဲမလား ပရိသတ်ကြီး

ချစ်လှစွာသော မြန်မာဇာတ်ကား Revolution လုပ်နေတဲ့ ၊ပေါကားမကြိုက်တဲ့ ပရိသတ်ကြီးအတွက် သတင်းကောင်းတစ်ခု ရှိနေပါတယ်။ အသစ်အသစ်တွေနဲ့ ဖန်တီးခဲ့တဲ့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးရဲ့ “ည-Night” ဇာတ်ကားနဲ့ ဒါရိုက်တာ Christina Kyi ရဲ့  “ဥပါယ်တံမျဉ်- Deception” ဇာတ်ကားတွေဟာ မကြည့်လိုက်ရသေးတဲ့ ပရိသတ်ကြီးအတွက်ရော၊ ထပ်ကြည့်ချင်နေတဲ့ ပရိသတ်ကြီးအတွက်ပါ ရုံတွေပေါ်ကို တကျော့ပြန် ရောက်ရှိလာတော့မယ်တဲ့ခင်ဗျ။

“ည”ဇာတ်ကားနဲ့ “ဥပါယ်တံမျဉ်” ဇာတ်ကားကို JCGV ရုံတွေမှာ ပြန်လည်ပြသဖို့ ရှိတယ်လို့ Post တင်ထားပြီး ပြသမယ့်ရက်ကိုလည်း ထပ်မံကြေညာပေးမယ်လို့ ဆိုပါတယ်။ ပြသမယ့်ရက်သိရရင်လည်း အခရာက Update လိုက်လုပ်ပေးမှာပါ။

“ည”ဇာတ်ကားဟာ ဒါရိုက်တာ ထူးပိုင်ဇော်ဦးရဲ့ ရိုက်ချက်တွေနဲ့ လူငယ်သရုပ်ဆောင်တွေဖြစ်တဲ့ ချမ်းမင်းရဲထွဋ်၊ အောင်ရဲထိုက်၊ ရပ်ဆဲလ်၊ ငြိမ်းသော်၊ နက်ရှိုင်းကို၊ နန်းထရေစီ၊ မိုးယသော်၊ မေဆူူးမောင်၊ နန်းခေးမိုနဲ့ မြတ်နိုးအေးတို့ပါဝင်ထားပြီး ဇာတ်ကားရဲ့ အလင်းအမှောင်နဲ့ ဇာတ်လမ်းလှည့်ကွက်တွေဟာ မထင်ထားလောက်အောင် အချိတ်အဆက်မိပြီး ကောင်းပါတယ်။

“ဥပါယ်တံမျဉ်”ဇာတ်ကားဟာလည်း သက်မွန်မြင့်ကလွဲလို့ ဇဏ်ခီ၊ အောင့်မြင့်မြတ်နဲ့ ထိုင်းမလေး Kaew Korravee တို့လို အသစ်တွေနဲ့ ဖောက်ခဲ့ပြီး ဇာတ်ကားဟာ အရင်မြန်မာဇာတ်ကားတွေလို ဇာတ်မဆန်မှုနဲ့ လှည့်ကွက်တွေ ကောင်းလို့လည်း (၈) ပတ်ကြာတဲ့အထိကို ရုံတင်ခဲ့ရတာပါ။

အခုလို ဒီဘက်ခေတ်ရုပ်ရှင်နှစ်တွေမှာ မကြုံစဖူး ရုံချပြီးမှ ပြန်တင်ရတဲ့ ဇာတ်ကားတွေ ဖြစ်ပြီး နှစ်ကားလုံးရဲ့ Twist တွေကလည်း ကောင်းမွန်တဲ့အတွက် ရုံပြန်တင်ရင် အားပေးဝန်းရံကြဦးမယ်လို့ မျှော်လင့်မိပါတယ်။

ရိုးလူ (Akhayar)

www.akhayar.com