This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

အိုက္စလန္ကို အေကာင္းဆံုး ပံုစံနဲ႔ အႏုိင္ကစားခဲ့တဲ့ ႏိုက္ဂ်ီးရီးယား

ႏိုက္ဂ်ီးရီးယားရဲ႕ ႏိုင္ပြဲက အုပ္စု (D)ကို လႈပ္ခတ္ေစခဲ့တယ္။ လက္က်န္တစ္ေနရာကို အသင္း (၃)သင္း အၿပိဳင္လုရမယ့္ အေနအထားျဖစ္သြားခဲ့တယ္။ (၆)မွတ္ ရထားတဲ့ ခရိုေအးရွားကလြဲလို႔ ႏိုက္ဂ်ီးရီးယား၊ အာဂ်င္တီးနားနဲ႔ အိုက္စလန္တို႔ လက္က်န္ တစ္ေနရာကို အၿပိဳင္လုရမယ္။ (၂)သင္းစလံုး ေနာက္တစ္ဆင့္အတြက္ အေရးပါတဲ့ ပြဲစဥ္ျဖစ္လို႔ အဓိက ကစားသမား အစံုအလင္နဲ႔ ပြဲထြက္လာခဲ့တယ္။ ပြဲစကတည္းက ႏိုက္ဂ်ီးရီးယားတို႔ ပံုစံေကာင္းကို ျပသခဲ့ေပမယ့္ ပထမပိုင္းမွာ အိုက္စလန္ရဲ႕ ခံစစ္ကစားပံုက စုစည္းမႈအျပည့္ ျဖစ္ေနလို႔ အပိုင္ဂိုးသြင္းခြင့္မရခဲ့ဘူး။ အႏိုင္ရရင္ ေနာက္တစ္ဆင့္ တက္ဖို႔ အေကာင္းဆံုး အခြင့္အေရးေတြရွိေနေပမယ့္ တိုက္စစ္ဖြင့္မကစားခဲ့တဲ့ အိုက္စလန္ရဲ႕ ကစားပံုက စဥ္းစားစရာ ျဖစ္ခဲ့တယ္။ ပထမပိုင္းမွာ ခံစစ္ကစားပံု ေကာင္းမြန္ခဲ့သလို ဂိုးသြင္းခြင့္ေတြပါ ရရွိေအာင္ အိုက္စလန္တို႔ စြမ္းေဆာင္ႏိုင္ခဲ့တယ္။ ပထမပိုင္းမွာ တစ္ဖက္နဲ႔ တစ္ဖက္ ဂိုးမသြင္းႏိုင္ဘဲ ပထမပိုင္းၿပီးဆံုးခဲ့တယ္။

Nigeria-Vs-Iceland-Match

Nigeria-Vs-Iceland-Match

ဒုတိယပိုင္းမွာေတာ့ အႏိုင္လိုအပ္ေနခဲ့တဲ့ ႏိုက္ဂ်ီးရီးယားအသင္း တိုက္စစ္ဖြင့္ကစားလာခဲ့ၿပီး အေကာင္းဆံုး စြမ္းေဆာင္ရည္ေတြ ျပသႏိုင္ခဲ့တယ္။ ဒုတိယပိုင္းမွာ တိုက္စစ္မွဴး မူဆာ Musa ႏိုက္ဂ်ီးရီးယားအတြက္ ေျခစြမ္းျပခဲ့ၿပီး အသင္းအတြက္ အေရးပါတဲ့ အႏိုင္ဂိုး (၂)ဂိုးကို သြင္းယူေပးခဲ့တယ္။ ပထမပိုင္းမွာ အေကာင္းဆံုး ပံုစံတစ္ရပ္ကို ျပသခဲ့တဲ့ အိုက္စလန္ ခံစစ္ေၾကာင္းကို ဒုတိယပိုင္းမွာ မူဆာ Musa က အေကာင္းဆံုး ၿဖိဳခ်ႏိုင္ခဲ့တယ္။ ဒုတိယပိုင္း အစထဲက တိုက္စစ္ျမွင့္တင္လာတဲ့ ႏိုက္ဂ်ီးရီးယားအသင္း ပြဲကစားခ်ိန္ (၄၉)မိနစ္မွာပဲ အဖြင့္ဂိုးကို စတင္ရရွိခဲ့တယ္။ ေမာ့ဆက္စ္ Moses ရဲ႕ ဖန္တီးေပးမႈကေန ပံုစံေကာင္းျပေနတဲ့ မူဆာ Musa က အိုက္စလန္ ဂိုးသမား ဟယ္လ္ေဒၚဆန္ Halldorsson ရဲ႕ အေပၚေထာင့္ကို အျပင္းကန္သြင္းၿပီး ဦးေဆာင္ဂိုးကို ရယူေပးခဲ့တာ ျဖစ္တယ္။ ဦးေဆာင္ဂိုးရၿပီးေနာက္ပိုင္း ႏိုက္ဂ်ီးရီးယားရဲ႕ ကစားပံု ပိုမိုေကာင္းမြန္လာခဲ့ၿပီး အႏိုင္ေသခ်ာေစမယ့္ သြင္းဂိုးကို ပြဲကစားခ်ိန္ (၇၅)မိနစ္မွာ မူဆာ Musa ကပဲ ထပ္မံသြင္းယူေပးခဲ့တယ္။ အိုက္စလန္အသင္းရဲ႕ ေနာက္ခံလူေတြကို မူဆာ Musa အေကာင္းဆံုး ေက်ာ္ျဖတ္ၿပီး ဂိုးသမား ဟယ္လ္ေဒၚဆန္ Halldorsson ကိုပါ ထပ္မံ ေက်ာ္ျဖတ္ၿပီး လြတ္လြတ္ကၽြတ္ကၽြတ္ အေနအထားနဲ႔ အဆံုးသတ္ႏိုင္ခဲ့တယ္။

Musa-Goal-Celebrations

Musa-Goal-Celebrations

ဒုတိယ ဦးေဆာင္ဂိုးကို ရရွိၿပီးတဲ့ ေနာက္မွာေတာ့ ႏိုက္ဂ်ီးရီးယားအသင္း ခံစစ္ကစားပံု ေျပာင္းလဲခဲ့လို႔ အိုက္စလန္အသင္း တိုက္စစ္ဆင္မႈေတြ ျပဳလုပ္လာႏိုင္ခဲ့တယ္။ ဒါေၾကာင့္ ပြဲကစားခ်ိန္ (၈၃)မိနစ္မွာ အိုက္စလန္အသင္း ပယ္နယ္တီကန္ခြင့္ ရရွိခဲ့ေပမယ့္ အဓိက ကြင္းလယ္လူ ဆီဂတ္ဒ္ဆန္ Sigurdsson ရဲ႕ ကန္ခ်က္က အံ့အားသင့္ဖြယ္ ေကာင္းေလာက္ေအာင္ကို ဂိုးဘားတန္းေပၚ ေက်ာ္သြားခဲ့လို႔ ေခ်ပဂိုးရမယ့္ အပိုင္အခြင့္အေရးနဲ႔ လြဲေခ်ာ္ခဲ့ရတယ္။ ေနာက္ပိုင္းပြဲခ်ိန္ေတြမွာ ႏုိက္ဂ်ီးရီးယားအသင္း အႏိုင္ရလဒ္ကို ထိန္းခ်ဳပ္သြားခဲ့လို႔ အိုက္စလန္အသင္း ရံႈးပြဲ ႀကံဳေတြ႔ခဲ့ရတယ္။ ဒီေန႔ပြဲရဲ႕ အေကာင္းဆံုး ကစားသမားဆုကို ႏိုက္ဂ်ီးရီးယားအသင္းအတြက္ အႏိုင္ဂိုး (၂)ဂိုးစလံုး သြင္းယူေပးခဲ့တဲ့ မူဆာ Musa က ရရွိခဲ့ပါတယ္။

Photo:FIFA.com
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

အိုက်စလန်ကို အကောင်းဆုံး ပုံစံနဲ့ အနိုင်ကစားခဲ့တဲ့ နိုက်ဂျီးရီးယား

နိုက်ဂျီးရီးယားရဲ့ နိုင်ပွဲက အုပ်စု (D)ကို လှုပ်ခတ်စေခဲ့တယ်။ လက်ကျန်တစ်နေရာကို အသင်း (၃)သင်း အပြိုင်လုရမယ့် အနေအထားဖြစ်သွားခဲ့တယ်။ (၆)မှတ် ရထားတဲ့ ခရိုအေးရှားကလွဲလို့ နိုက်ဂျီးရီးယား၊ အာဂျင်တီးနားနဲ့ အိုက်စလန်တို့ လက်ကျန် တစ်နေရာကို အပြိုင်လုရမယ်။ (၂)သင်းစလုံး နောက်တစ်ဆင့်အတွက် အရေးပါတဲ့ ပွဲစဉ်ဖြစ်လို့ အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့တယ်။ ပွဲစကတည်းက နိုက်ဂျီးရီးယားတို့ ပုံစံကောင်းကို ပြသခဲ့ပေမယ့် ပထမပိုင်းမှာ အိုက်စလန်ရဲ့ ခံစစ်ကစားပုံက စုစည်းမှုအပြည့် ဖြစ်နေလို့ အပိုင်ဂိုးသွင်းခွင့်မရခဲ့ဘူး။ အနိုင်ရရင် နောက်တစ်ဆင့် တက်ဖို့ အကောင်းဆုံး အခွင့်အရေးတွေရှိနေပေမယ့် တိုက်စစ်ဖွင့်မကစားခဲ့တဲ့ အိုက်စလန်ရဲ့ ကစားပုံက စဉ်းစားစရာ ဖြစ်ခဲ့တယ်။ ပထမပိုင်းမှာ ခံစစ်ကစားပုံ ကောင်းမွန်ခဲ့သလို ဂိုးသွင်းခွင့်တွေပါ ရရှိအောင် အိုက်စလန်တို့ စွမ်းဆောင်နိုင်ခဲ့တယ်။ ပထမပိုင်းမှာ တစ်ဖက်နဲ့ တစ်ဖက် ဂိုးမသွင်းနိုင်ဘဲ ပထမပိုင်းပြီးဆုံးခဲ့တယ်။

Nigeria-Vs-Iceland-Match

Nigeria-Vs-Iceland-Match

ဒုတိယပိုင်းမှာတော့ အနိုင်လိုအပ်နေခဲ့တဲ့ နိုက်ဂျီးရီးယားအသင်း တိုက်စစ်ဖွင့်ကစားလာခဲ့ပြီး အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့တယ်။ ဒုတိယပိုင်းမှာ တိုက်စစ်မှူး မူဆာ Musa နိုက်ဂျီးရီးယားအတွက် ခြေစွမ်းပြခဲ့ပြီး အသင်းအတွက် အရေးပါတဲ့ အနိုင်ဂိုး (၂)ဂိုးကို သွင်းယူပေးခဲ့တယ်။ ပထမပိုင်းမှာ အကောင်းဆုံး ပုံစံတစ်ရပ်ကို ပြသခဲ့တဲ့ အိုက်စလန် ခံစစ်ကြောင်းကို ဒုတိယပိုင်းမှာ မူဆာ Musa က အကောင်းဆုံး ဖြိုချနိုင်ခဲ့တယ်။ ဒုတိယပိုင်း အစထဲက တိုက်စစ်မြှင့်တင်လာတဲ့ နိုက်ဂျီးရီးယားအသင်း ပွဲကစားချိန် (၄၉)မိနစ်မှာပဲ အဖွင့်ဂိုးကို စတင်ရရှိခဲ့တယ်။ မော့ဆက်စ် Moses ရဲ့ ဖန်တီးပေးမှုကနေ ပုံစံကောင်းပြနေတဲ့ မူဆာ Musa က အိုက်စလန် ဂိုးသမား ဟယ်လ်ဒေါ်ဆန် Halldorsson ရဲ့ အပေါ်ထောင့်ကို အပြင်းကန်သွင်းပြီး ဦးဆောင်ဂိုးကို ရယူပေးခဲ့တာ ဖြစ်တယ်။ ဦးဆောင်ဂိုးရပြီးနောက်ပိုင်း နိုက်ဂျီးရီးယားရဲ့ ကစားပုံ ပိုမိုကောင်းမွန်လာခဲ့ပြီး အနိုင်သေချာစေမယ့် သွင်းဂိုးကို ပွဲကစားချိန် (၇၅)မိနစ်မှာ မူဆာ Musa ကပဲ ထပ်မံသွင်းယူပေးခဲ့တယ်။ အိုက်စလန်အသင်းရဲ့ နောက်ခံလူတွေကို မူဆာ Musa အကောင်းဆုံး ကျော်ဖြတ်ပြီး ဂိုးသမား ဟယ်လ်ဒေါ်ဆန် Halldorsson ကိုပါ ထပ်မံ ကျော်ဖြတ်ပြီး လွတ်လွတ်ကျွတ်ကျွတ် အနေအထားနဲ့ အဆုံးသတ်နိုင်ခဲ့တယ်။

Musa-Goal-Celebrations

Musa-Goal-Celebrations

ဒုတိယ ဦးဆောင်ဂိုးကို ရရှိပြီးတဲ့ နောက်မှာတော့ နိုက်ဂျီးရီးယားအသင်း ခံစစ်ကစားပုံ ပြောင်းလဲခဲ့လို့ အိုက်စလန်အသင်း တိုက်စစ်ဆင်မှုတွေ ပြုလုပ်လာနိုင်ခဲ့တယ်။ ဒါကြောင့် ပွဲကစားချိန် (၈၃)မိနစ်မှာ အိုက်စလန်အသင်း ပယ်နယ်တီကန်ခွင့် ရရှိခဲ့ပေမယ့် အဓိက ကွင်းလယ်လူ ဆီဂတ်ဒ်ဆန် Sigurdsson ရဲ့ ကန်ချက်က အံ့အားသင့်ဖွယ် ကောင်းလောက်အောင်ကို ဂိုးဘားတန်းပေါ် ကျော်သွားခဲ့လို့ ချေပဂိုးရမယ့် အပိုင်အခွင့်အရေးနဲ့ လွဲချော်ခဲ့ရတယ်။ နောက်ပိုင်းပွဲချိန်တွေမှာ နိုက်ဂျီးရီးယားအသင်း အနိုင်ရလဒ်ကို ထိန်းချုပ်သွားခဲ့လို့ အိုက်စလန်အသင်း ရှုံးပွဲ ကြုံတွေ့ခဲ့ရတယ်။ ဒီနေ့ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို နိုက်ဂျီးရီးယားအသင်းအတွက် အနိုင်ဂိုး (၂)ဂိုးစလုံး သွင်းယူပေးခဲ့တဲ့ မူဆာ Musa က ရရှိခဲ့ပါတယ်။

Photo:FIFA.com
Aung Kyaw Wai (Akhayar)
www.akhayar.com