This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ေျခစစ္ပြဲမွာ ျပသခဲ့တဲ့ ေျခစြမ္းပိုင္းအရ အေကာင္းဆံုး ပံုစံမွာ ရွိေနတဲ့ ႏိုက္ဂ်ီးရီးယားအသင္း

ႏိုက္ဂ်ီးရီးယားအသင္း
ဂ်ာမနီႏိုင္ငံမွာ က်င္းပခဲ့တဲ့ ၂၀၀၆ ၿပိဳင္ပြဲမွာ ေျခစစ္ပြဲ မေအာင္ျမင္ခဲ့တာကလြဲလို႔ အခုတစ္ႀကိမ္ အပါအဝင္ ေနာက္ဆံုး က်င္းပခဲ့တဲ့ ၿပိဳင္ပြဲ (၇)ႀကိမ္မွာ (၆)ႀကိမ္အထိ ပါဝင္ယွဥ္ၿပိဳင္ခဲ့တဲ့ အာဖရိကအသင္းျဖစ္ပါတယ္။ အာဖရိက အင္အားႀကီး အသင္းျဖစ္ၿပီး ေဒသတြင္း အဆင့္အတန္းအျမင့္ဆံုး ေဘာလံုးၿပိဳင္ပဲြျဖစ္တဲ့ အာဖရိက ႏိုင္ငံမ်ားဖလား ၿပိဳင္ပြဲမွာ (၃)ႀကိမ္အထိ ဗိုလ္စြဲထားတဲ့ အသင္းျဖစ္ပါတယ္။ ၁၉၉၄ ခုႏွစ္ ဧၿပီလမွာ ထုတ္ျပန္ခဲ့တဲ့ ႏိုင္ငံအသင္းေတြရဲ႕ ကမၻာ႔အဆင့္ သတ္မွတ္ခ်က္မွာ အဆင့္ (၅)ေနရာအထိ ရရွိခဲ့ၿပီး အာဖရိကအသင္းေတြထဲမွာ အဆင့္သတ္မွတ္ခ်က္ အျမင့္ဆံုး ရပ္တည္ႏိုင္တဲ့ အသင္းအျဖစ္ မွတ္တမ္းတင္ထားတာ ျဖစ္ပါတယ္။ ၁၉၆၂ ၿပိဳင္ပြဲကစလို႔ ေတာက္ေလွ်ာက္ ေျခစစ္ပြဲ ဝင္ခဲ့ေပမယ့္ အေမရိကန္ႏိုင္ငံမွာ က်င္းပတဲ့ ၁၉၉၄ ၿပိဳင္ပြဲမွ ေျခစစ္ပြဲ ေအာင္ျမင္ကာ ပထမဆံုးအႀကိမ္ ကမၻာ႔ဖလားၿပိဳင္ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ ရခဲ့ပါတယ္။ အမ္ယီမာ၊ ယိုဘို၊ ကႏူး၊ အိုကိုခ်ာ၊ အိုဒမ္ဝင္ဂီ၊ မာတင္၊ အိုကိုခ်ာတို႔လို နာမည္ေက်ာ္ ကစားသမားေတြ အေျမာက္အမ်ား ထြက္ေပၚခဲ့ဖူးၿပီး ေျခစြမ္းထက္ အာဖရိက ကစားသမားေတြ ပံုမွန္ ထြက္ေပၚေနတဲ့ အသင္းျဖစ္ပါတယ္။ ဂ်ာမန္လူမ်ိဳး ရိုဟာ လက္ထက္မွာ ပံုစံေကာင္းေတြ ျပသႏိုင္ခဲ့ၿပီး အာဖရိက ကိုယ္စားျပဳအသင္းေတြထဲမွာ ၂၀၁၈ ကမၻာ႔ဖလားကို ပထမဆံုး ေျခစစ္ပြဲ ေအာင္ျမင္တဲ့ အသင္းအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။ အာဖရိကအသင္းေတြထဲမွာ ရုရွားသြားမယ့္ ပထမဆံုး လက္မွတ္ကို ရရွိခဲ့သလို ၿပိဳင္ပြဲမွာလည္း ပံုစံေကာင္းေတြ ျပသႏိုင္မလားဆိုတာ ေစာင့္ၾကည့္သြားရမယ့္ အသင္းျဖစ္ပါတယ္။

Nigeria-team-goal-celebrations

Nigeria-team-goal-celebrations

ကမၻာ႔ဖလားသမိုင္းေၾကာင္း
ပထမဆံုးအႀကိမ္ ေျခစစ္ပြဲ ေအာင္ျမင္ၿပီး ဝင္ေရာက္ယွဥ္ၿပိဳင္တဲ့ ၁၉၉၄ ကမၻာ႔ဖလားၿပိဳင္ပြဲမွာတင္ ေျခစြမ္းေကာင္းေတြ ျပသႏိုင္ခဲ့ၿပီး ရံႈးထြက္အဆင့္အထိ တက္ေရာက္ႏိုင္ခဲ့ပါတယ္။ အာဂ်င္တီးနား၊ ဘူလ္ေဂးရီးယား၊ ဂရိအသင္းေတြနဲ႔ တစ္အုပ္စုတည္း က်ခဲ့ေပမယ့္ ႏိုင္ဂ်ီးရီးယားအသင္းဟာ အုပ္စုပထမေနရာအထိ ရယူကာ ရံႈးထြက္အဆင့္ကို တက္ေရာက္ခဲ့ပါတယ္။ ရံႈးထြက္အဆင့္မွာ နာမည္ႀကီး အီတလီအသင္းနဲ႔ ေတြ႔ဆံုခဲ့ၿပီး နာမည္ေက်ာ္ တိုက္စစ္မွဴး ဘတ္ဂီယိုရဲ႕ ေနာက္က်ေခ်ပဂိုးနဲ႔ အခ်ိန္ပို အႏိုင္ဂိုးေတြေၾကာင့္ ဒီအဆင့္နဲ႔ပဲ ေက်နပ္ခဲ့ရတာ ျဖစ္ပါတယ္။ ႏိုက္ဂ်ီးရီးယားအသင္းဟာ ဆက္တိုက္ဆိုသလိုပဲ ၁၉၉၈ ကမၻာ႔ဖလားၿပိဳင္ပြဲမွာလည္း ေျခစစ္ပြဲေအာင္ျမင္ခဲ့ၿပီး စပိန္၊ ပါရာေဂြး၊ ဘူလ္ေဂးရီးယားအသင္းေတြကို ေက်ာ္ျဖတ္ကာ အုပ္စု ပထမေနရာကိုပါ ထပ္မံရယူႏိုင္ခဲ့ပါတယ္။ ဒီတစ္ႀကိမ္ၿပိဳင္ပြဲမွာလည္း ဒိန္းမတ္အသင္းကို ဂိုးျပတ္ရံႈးနိမ့္ခဲ့လို႔ ရံႈးထြက္အဆင့္နဲ႔ပဲ ေက်နပ္ခဲ့ရပါတယ္။ အာရွေျမမွာ က်င္းပတဲ့ ၂၀၀၂ ၿပိဳင္ပြဲနဲ႔ ေတာင္အာဖရိက ႏိုင္ငံမွာ က်င္းပတဲ့ ၂၀၁၀ ၿပိဳင္ပြဲေတြမွာေတာ့ အုပ္စုအဆင့္နဲ႔ပဲ ေက်နပ္ခဲ့ရပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၄ ၿပိဳင္ပြဲမွာလည္း ရံႈးထြက္အဆင့္ကို တက္ေရာက္ခဲ့ျပန္ၿပီး ဒီတစ္ႀကိမ္မွာလည္း နာမည္ႀကီး ျပင္သစ္အသင္းကို ေနာက္က်ဂိုးေတြနဲ႔ ရံႈးနိမ့္ခဲ့တာ ျဖစ္ပါတယ္။

ကမၻာ႔ဖလားေျခစစ္ပြဲ ျဖတ္သန္းခဲ့မႈ
ေျခစစ္ပြဲမွာ ကင္မရြန္း၊ အယ္လ္ဂ်ီးရီးယား၊ ဇမ္ဘီယာအသင္းတို႔လို႔ ကစားသမားေကာင္းေတြ ပါဝင္တဲ့ အသင္းေတြနဲ႔ ထိပ္တိုက္ရင္ဆိုင္ခဲ့ရေပမယ့္ ႏိုက္ဂ်ီးရီးယားအသင္း အခက္အခဲမရွိ ေက်ာ္ျဖတ္ႏိုင္ခဲ့ပါတယ္။ ေျခစစ္ပြဲ ေအာင္ျမင္ၿပီး ေနာက္ဆံုးပြဲစဥ္အျဖစ္ ကစားတဲ့ အယ္လ္ဂ်ီးရီးယားအသင္းနဲ႔ ပြဲစဥ္မွာ ရံႈးနိမ့္ခဲ့တဲ့ ပြဲသာ ရံႈးပြဲအျဖစ္ ရွိခဲ့ပါတယ္။ ေျခစစ္ပြဲအျဖစ္ (၆)ပြဲ ကစားခဲ့ရာမွာ (၄)ပြဲႏိုင္၊ (၁)သေရ၊ (၁)ပြဲ ရံႈး၊ ရမွတ္ (၁၃)မွတ္နဲ႔ ေျခစစ္ပြဲ ေအာင္ျမင္ခဲ့တာ ျဖစ္ပါတယ္။ ေတာင္ပံကစားသမား ေမာ့ဆက္စ္က အသင္းအတြက္ (၃)ဂိုး သြင္းယူေပးခဲ့ၿပီး ေျခစစ္ပြဲ တစ္ေလွ်ာက္ အသင္းအတြက္ ဂိုးအမ်ားဆံုး သြင္းယူေပးခဲ့တာ ျဖစ္ပါတယ္။

Nigeria-Striker-Musa

Nigeria-Striker-Musa

ေစာင့္ၾကည့္ရမယ့္ ကစားသမားမ်ား
ဥေရာပအေျခစိုက္ ကစားသမားအမ်ားစုကို ေရြးခ်ယ္ထားၿပီး ေဒသတြင္း ကစားသမားအျဖစ္ ဂိုးသမား အီဇန္ဝါတစ္ဦးသာ အၿပီးသတ္လူစာရင္းမွာ ပါဝင္ခဲ့ပါတယ္။ အသင္းကို ခ်ယ္လ္ဆီးကြင္းလယ္လူေဟာင္း မီေခးလ္က ဦးေဆာင္လာခဲ့ၿပီး လူငယ္ကစားသမား အမ်ားဆံုးပါဝင္တဲ့ အာဖရိက အသင္းလည္း ျဖစ္ပါတယ္။ အသင္းကို အိုမာယူအို၊ ဘာလိုဂန္၊ အီတီဘို၊ ဗစ္တာေမာ့ဆက္စ္၊ အန္ဒီဒီ၊ အီဟီယန္နာခ်ိဳ၊ အီဝိုဘီတို႔လို႔ ပရီးမီးယားလိဂ္ အေျခစိုက္ ကစားသမားေတြနဲ႔ အေျချပဳတည္ေဆာက္ထားတာ ျဖစ္ပါတယ္။ CSKA ေမာ္စကိုအသင္းမွာ ကစားေနတဲ့ တိုက္စစ္ကစားသမား မူဆာကေတာ့ အဓိက ေစာင့္ၾကည့္သြားရမယ့္ ကစားသမား ျဖစ္ပါတယ္။ လွ်င္ျမန္မႈကို ဦးစားေပးကစားတက္တဲ့ တိုက္စစ္မွဴးတစ္ဦးျဖစ္ၿပီး အဆံုးသတ္ေကာင္းမြန္သလို၊ အသင္းေဖာ္ေတြအတြက္ ဂိုးဖန္တီးမႈေတြကို အကြက္ျမင္ျမင္ ဖန္တီးေပးတက္တဲ့ ကစားသမားျဖစ္လို႔ ရုရွားေျမနဲ႔ မစိမ္းတဲ့ မူဆာအတြက္ အသင္းအတြက္ ဘယ္လို ေအာင္ျမင္မႈေတြ ရရွိေအာင္ စြမ္းေဆာင္ေပးႏုိင္မလဲဆိုတာ စိတ္ဝင္စားဖို႔ ေကာင္းေနပါတယ္။

REF:Wikipedia
Photo:Neptune Prime, sportingnews.com, Pulse.ng
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ခြေစစ်ပွဲမှာ ပြသခဲ့တဲ့ ခြေစွမ်းပိုင်းအရ အကောင်းဆုံး ပုံစံမှာ ရှိနေတဲ့ နိုက်ဂျီးရီးယားအသင်း

နိုက်ဂျီးရီးယားအသင်း
ဂျာမနီနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၀၀၆ ပြိုင်ပွဲမှာ ခြေစစ်ပွဲ မအောင်မြင်ခဲ့တာကလွဲလို့ အခုတစ်ကြိမ် အပါအဝင် နောက်ဆုံး ကျင်းပခဲ့တဲ့ ပြိုင်ပွဲ (၇)ကြိမ်မှာ (၆)ကြိမ်အထိ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ အာဖရိကအသင်းဖြစ်ပါတယ်။ အာဖရိက အင်အားကြီး အသင်းဖြစ်ပြီး ဒေသတွင်း အဆင့်အတန်းအမြင့်ဆုံး ဘောလုံးပြိုင်ပွဲဖြစ်တဲ့ အာဖရိက နိုင်ငံများဖလား ပြိုင်ပွဲမှာ (၃)ကြိမ်အထိ ဗိုလ်စွဲထားတဲ့ အသင်းဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ် ဧပြီလမှာ ထုတ်ပြန်ခဲ့တဲ့ နိုင်ငံအသင်းတွေရဲ့ ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ အဆင့် (၅)နေရာအထိ ရရှိခဲ့ပြီး အာဖရိကအသင်းတွေထဲမှာ အဆင့်သတ်မှတ်ချက် အမြင့်ဆုံး ရပ်တည်နိုင်တဲ့ အသင်းအဖြစ် မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။ ၁၉၆၂ ပြိုင်ပွဲကစလို့ တောက်လျှောက် ခြေစစ်ပွဲ ဝင်ခဲ့ပေမယ့် အမေရိကန်နိုင်ငံမှာ ကျင်းပတဲ့ ၁၉၉၄ ပြိုင်ပွဲမှ ခြေစစ်ပွဲ အောင်မြင်ကာ ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့ပါတယ်။ အမ်ယီမာ၊ ယိုဘို၊ ကနူး၊ အိုကိုချာ၊ အိုဒမ်ဝင်ဂီ၊ မာတင်၊ အိုကိုချာတို့လို နာမည်ကျော် ကစားသမားတွေ အမြောက်အများ ထွက်ပေါ်ခဲ့ဖူးပြီး ခြေစွမ်းထက် အာဖရိက ကစားသမားတွေ ပုံမှန် ထွက်ပေါ်နေတဲ့ အသင်းဖြစ်ပါတယ်။ ဂျာမန်လူမျိုး ရိုဟာ လက်ထက်မှာ ပုံစံကောင်းတွေ ပြသနိုင်ခဲ့ပြီး အာဖရိက ကိုယ်စားပြုအသင်းတွေထဲမှာ ၂၀၁၈ ကမ္ဘာ့ဖလားကို ပထမဆုံး ခြေစစ်ပွဲ အောင်မြင်တဲ့ အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အာဖရိကအသင်းတွေထဲမှာ ရုရှားသွားမယ့် ပထမဆုံး လက်မှတ်ကို ရရှိခဲ့သလို ပြိုင်ပွဲမှာလည်း ပုံစံကောင်းတွေ ပြသနိုင်မလားဆိုတာ စောင့်ကြည့်သွားရမယ့် အသင်းဖြစ်ပါတယ်။

Nigeria-team-goal-celebrations

Nigeria-team-goal-celebrations

ကမ္ဘာ့ဖလားသမိုင်းကြောင်း
ပထမဆုံးအကြိမ် ခြေစစ်ပွဲ အောင်မြင်ပြီး ဝင်ရောက်ယှဉ်ပြိုင်တဲ့ ၁၉၉၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတင် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီး ရှုံးထွက်အဆင့်အထိ တက်ရောက်နိုင်ခဲ့ပါတယ်။ အာဂျင်တီးနား၊ ဘူလ်ဂေးရီးယား၊ ဂရိအသင်းတွေနဲ့ တစ်အုပ်စုတည်း ကျခဲ့ပေမယ့် နိုင်ဂျီးရီးယားအသင်းဟာ အုပ်စုပထမနေရာအထိ ရယူကာ ရှုံးထွက်အဆင့်ကို တက်ရောက်ခဲ့ပါတယ်။ ရှုံးထွက်အဆင့်မှာ နာမည်ကြီး အီတလီအသင်းနဲ့ တွေ့ဆုံခဲ့ပြီး နာမည်ကျော် တိုက်စစ်မှူး ဘတ်ဂီယိုရဲ့ နောက်ကျချေပဂိုးနဲ့ အချိန်ပို အနိုင်ဂိုးတွေကြောင့် ဒီအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ နိုက်ဂျီးရီးယားအသင်းဟာ ဆက်တိုက်ဆိုသလိုပဲ ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး စပိန်၊ ပါရာဂွေး၊ ဘူလ်ဂေးရီးယားအသင်းတွေကို ကျော်ဖြတ်ကာ အုပ်စု ပထမနေရာကိုပါ ထပ်မံရယူနိုင်ခဲ့ပါတယ်။ ဒီတစ်ကြိမ်ပြိုင်ပွဲမှာလည်း ဒိန်းမတ်အသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့လို့ ရှုံးထွက်အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ အာရှမြေမှာ ကျင်းပတဲ့ ၂၀၀၂ ပြိုင်ပွဲနဲ့ တောင်အာဖရိက နိုင်ငံမှာ ကျင်းပတဲ့ ၂၀၁၀ ပြိုင်ပွဲတွေမှာတော့ အုပ်စုအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၄ ပြိုင်ပွဲမှာလည်း ရှုံးထွက်အဆင့်ကို တက်ရောက်ခဲ့ပြန်ပြီး ဒီတစ်ကြိမ်မှာလည်း နာမည်ကြီး ပြင်သစ်အသင်းကို နောက်ကျဂိုးတွေနဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားခြေစစ်ပွဲ ဖြတ်သန်းခဲ့မှု
ခြေစစ်ပွဲမှာ ကင်မရွန်း၊ အယ်လ်ဂျီးရီးယား၊ ဇမ်ဘီယာအသင်းတို့လို့ ကစားသမားကောင်းတွေ ပါဝင်တဲ့ အသင်းတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရပေမယ့် နိုက်ဂျီးရီးယားအသင်း အခက်အခဲမရှိ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ခြေစစ်ပွဲ အောင်မြင်ပြီး နောက်ဆုံးပွဲစဉ်အဖြစ် ကစားတဲ့ အယ်လ်ဂျီးရီးယားအသင်းနဲ့ ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့တဲ့ ပွဲသာ ရှုံးပွဲအဖြစ် ရှိခဲ့ပါတယ်။ ခြေစစ်ပွဲအဖြစ် (၆)ပွဲ ကစားခဲ့ရာမှာ (၄)ပွဲနိုင်၊ (၁)သရေ၊ (၁)ပွဲ ရှုံး၊ ရမှတ် (၁၃)မှတ်နဲ့ ခြေစစ်ပွဲ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ တောင်ပံကစားသမား မော့ဆက်စ်က အသင်းအတွက် (၃)ဂိုး သွင်းယူပေးခဲ့ပြီး ခြေစစ်ပွဲ တစ်လျှောက် အသင်းအတွက် ဂိုးအများဆုံး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

Nigeria-Striker-Musa

Nigeria-Striker-Musa

စောင့်ကြည့်ရမယ့် ကစားသမားများ
ဥရောပအခြေစိုက် ကစားသမားအများစုကို ရွေးချယ်ထားပြီး ဒေသတွင်း ကစားသမားအဖြစ် ဂိုးသမား အီဇန်ဝါတစ်ဦးသာ အပြီးသတ်လူစာရင်းမှာ ပါဝင်ခဲ့ပါတယ်။ အသင်းကို ချယ်လ်ဆီးကွင်းလယ်လူဟောင်း မီခေးလ်က ဦးဆောင်လာခဲ့ပြီး လူငယ်ကစားသမား အများဆုံးပါဝင်တဲ့ အာဖရိက အသင်းလည်း ဖြစ်ပါတယ်။ အသင်းကို အိုမာယူအို၊ ဘာလိုဂန်၊ အီတီဘို၊ ဗစ်တာမော့ဆက်စ်၊ အန်ဒီဒီ၊ အီဟီယန်နာချို၊ အီဝိုဘီတို့လို့ ပရီးမီးယားလိဂ် အခြေစိုက် ကစားသမားတွေနဲ့ အခြေပြုတည်ဆောက်ထားတာ ဖြစ်ပါတယ်။ CSKA မော်စကိုအသင်းမှာ ကစားနေတဲ့ တိုက်စစ်ကစားသမား မူဆာကတော့ အဓိက စောင့်ကြည့်သွားရမယ့် ကစားသမား ဖြစ်ပါတယ်။ လျှင်မြန်မှုကို ဦးစားပေးကစားတက်တဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်ပြီး အဆုံးသတ်ကောင်းမွန်သလို၊ အသင်းဖော်တွေအတွက် ဂိုးဖန်တီးမှုတွေကို အကွက်မြင်မြင် ဖန်တီးပေးတက်တဲ့ ကစားသမားဖြစ်လို့ ရုရှားမြေနဲ့ မစိမ်းတဲ့ မူဆာအတွက် အသင်းအတွက် ဘယ်လို အောင်မြင်မှုတွေ ရရှိအောင် စွမ်းဆောင်ပေးနိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

REF:Wikipedia
Photo:Neptune Prime, sportingnews.com, Pulse.ng
Aung Kyaw Wai (Akhayar)
www.akhayar.com