[Zawgyi]

ဒဏ္ရာေၾကာင့္ ကမၻာ႔ဖလားၿပိဳင္ပြဲဝင္ ဒိန္းမတ္ လူစာရင္းက ႏႈတ္ထြက္ခဲ့တဲ့ ဘန္တနာ

ကမၻာ႔ဖလားၿပိဳင္ပြဲဝင္ ဒိန္းမတ္အသင္းရဲ႕ အၿပီးသတ္ လူစာရင္းကေန တိုက္စစ္မွဴး ဘန္တနာ Bendtner ေပါင္ျခံဒဏ္ရာေၾကာင့္ ႏႈတ္ထြက္ခဲ့ပါတယ္။ အသက္ (၃၀)အရြယ္ရွိ တိုက္စစ္မွဴး ဘန္တနာ Bendtner ဟာ ရိုစင္ေဘာ့ဂ္အသင္းအတြက္ ကစားရင္း ေပါင္ျခံဒဏ္ရာ ရရွိခဲ့လို႔ ႏိုင္ငံလက္ေရြးစင္အသင္းကေန ႏႈတ္ထြက္ခဲ့ရတာ ျဖစ္ပါတယ္။ အၿပီးသတ္ (၂၃)ဦး စာရင္းကေန တိုက္စစ္မွဴး ဘန္တနာ Bendtner ႏႈတ္ထြက္ခဲ့ေၾကာင္း ဒိန္းမတ္နည္းျပ ဟာရိုက္ဒ္ Hareide က အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။ ဟာရိုက္ဒ္ Hareide က “သူ႔ကို အုပ္စုအဆင့္ကို ေက်ာ္ျဖတ္ဖို႔ အေရးပါေနတဲ့ ပီရူးနဲ႔ အဖြင့္ပြဲစဥ္မွာ ပါဝင္ကစားႏိုင္လိမ့္မယ္လို႔ ထင္ခဲ့ပါတယ္၊ အုပ္စု ဒုတိယေနရာအတြက္ ပီရူးနဲ႔ ၾသစေၾတးလ်အသင္းေတြက ကၽြန္ေတာ္တို႔အတြက္ အဓိက ၿပိဳင္ဘက္အသင္းေတြပါ၊ ဒီပြဲစဥ္ေတြအတြက္ အသင္းသားေတြ အားလံုးႀကံ့ခိုင္မႈ ျပည့္ဝေနဖို႔ လိုအပ္တယ္” လို႔ ေျပာၾကားခဲ့ပါတယ္။

Nicklas-Bendtner-has-been-left-out-of-Denmarks-World-Cup-squad-due-to-a-groin-injury

Nicklas-Bendtner-has-been-left-out-of-Denmarks-World-Cup-squad-due-to-a-groin-injury

အာဆင္နယ္တိုက္စစ္မွဴးေဟာင္း ဘန္တနာ Bendtner ဟာ ဒိန္းမတ္အသင္းအတြက္ ၿပိဳင္ပြဲစံု (၇၉)ပြဲကစား ဂိုး (၃၀)အထိ သြင္းယူေပးထားတဲ့ တုိက္စစ္မွဴးတစ္ဦး ျဖစ္ပါတယ္။ တိုက္စစ္မွဴး ဘန္တနာ Bendtner အျပင္ ေနာက္ခံလူ ဘီဂ်ယ္လ္လန္ Bjelland လည္း ဒဏ္ရာေၾကာင့္ အၿပီးသတ္ (၂၃)ဦး စာရင္းကေန ႏႈတ္ထြက္ခဲ့ေၾကာင္း နည္းျပ ဟာရိုက္ဒ္ Hareide က အတည္ျပဳေျပာၾကားခဲ့ပါတယ္။ ဒိန္းမတ္အသင္းဟာ ျပင္သစ္၊ ၾသစေၾတးလ်၊ ပီရူးအသင္းေတြနဲ႔ တစ္အုပ္စုတည္း က်ေရာက္ေနၿပီး အုပ္စုအဖြင့္ ပြဲစဥ္အျဖစ္ ဇြန္လ (၁၆)ရက္ေန႔မွာ ပီရူးအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားရမွာ ျဖစ္ပါတယ္။

REF:Daily Mail
Photo:101 Great Goals, Soccer Memes Facebook
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဒိန်းမတ် လူစာရင်းက နှုတ်ထွက်ခဲ့တဲ့ ဘန်တနာ

ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဒိန်းမတ်အသင်းရဲ့ အပြီးသတ် လူစာရင်းကနေ တိုက်စစ်မှူး ဘန်တနာ Bendtner ပေါင်ခြံဒဏ်ရာကြောင့် နှုတ်ထွက်ခဲ့ပါတယ်။ အသက် (၃၀)အရွယ်ရှိ တိုက်စစ်မှူး ဘန်တနာ Bendtner ဟာ ရိုစင်ဘော့ဂ်အသင်းအတွက် ကစားရင်း ပေါင်ခြံဒဏ်ရာ ရရှိခဲ့လို့ နိုင်ငံလက်ရွေးစင်အသင်းကနေ နှုတ်ထွက်ခဲ့ရတာ ဖြစ်ပါတယ်။ အပြီးသတ် (၂၃)ဦး စာရင်းကနေ တိုက်စစ်မှူး ဘန်တနာ Bendtner နှုတ်ထွက်ခဲ့ကြောင်း ဒိန်းမတ်နည်းပြ ဟာရိုက်ဒ် Hareide က အတည်ပြု ပြောကြားခဲ့ပါတယ်။ ဟာရိုက်ဒ် Hareide က “သူ့ကို အုပ်စုအဆင့်ကို ကျော်ဖြတ်ဖို့ အရေးပါနေတဲ့ ပီရူးနဲ့ အဖွင့်ပွဲစဉ်မှာ ပါဝင်ကစားနိုင်လိမ့်မယ်လို့ ထင်ခဲ့ပါတယ်၊ အုပ်စု ဒုတိယနေရာအတွက် ပီရူးနဲ့ သြစတြေးလျအသင်းတွေက ကျွန်တော်တို့အတွက် အဓိက ပြိုင်ဘက်အသင်းတွေပါ၊ ဒီပွဲစဉ်တွေအတွက် အသင်းသားတွေ အားလုံးကြံ့ခိုင်မှု ပြည့်ဝနေဖို့ လိုအပ်တယ်” လို့ ပြောကြားခဲ့ပါတယ်။

Nicklas-Bendtner-has-been-left-out-of-Denmarks-World-Cup-squad-due-to-a-groin-injury

Nicklas-Bendtner-has-been-left-out-of-Denmarks-World-Cup-squad-due-to-a-groin-injury

အာဆင်နယ်တိုက်စစ်မှူးဟောင်း ဘန်တနာ Bendtner ဟာ ဒိန်းမတ်အသင်းအတွက် ပြိုင်ပွဲစုံ (၇၉)ပွဲကစား ဂိုး (၃၀)အထိ သွင်းယူပေးထားတဲ့ တိုက်စစ်မှူးတစ်ဦး ဖြစ်ပါတယ်။ တိုက်စစ်မှူး ဘန်တနာ Bendtner အပြင် နောက်ခံလူ ဘီဂျယ်လ်လန် Bjelland လည်း ဒဏ်ရာကြောင့် အပြီးသတ် (၂၃)ဦး စာရင်းကနေ နှုတ်ထွက်ခဲ့ကြောင်း နည်းပြ ဟာရိုက်ဒ် Hareide က အတည်ပြုပြောကြားခဲ့ပါတယ်။ ဒိန်းမတ်အသင်းဟာ ပြင်သစ်၊ သြစတြေးလျ၊ ပီရူးအသင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး အုပ်စုအဖွင့် ပွဲစဉ်အဖြစ် ဇွန်လ (၁၆)ရက်နေ့မှာ ပီရူးအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

REF:Daily Mail
Photo:101 Great Goals, Soccer Memes Facebook
Aung Kyaw Wai (Akhayar)
www.akhayar.com