[Zawgyi]












Yoe Lu (Akhayar)

www.akhayar.com

Source : people.com
[Unicode]

စေ့စပ်လိုက်ကြပြီဖြစ်တဲ့ Nick Jonas နဲ့ Priyanka Chopra

Nick Jonas နဲ့ Priyanka Chopra တို့ရဲ့ အချစ်ရေးဟာ တစ်ဆင့်တက်ပြီး လက်ထပ်ဖို့ထိ နီးကပ်လာကြပါပြီ။ အတွင်းသတင်းတွေအရ ဒီစုံတွဲဟာ ပြီးခဲ့တဲ့ တစ်ပတ်က ကျင်းပခဲ့တဲ့ Priyanka Chopra ရဲ့ အသက် ၃၆ နှစ်ပြည့်မွေးနေ့မှာပဲ စေ့စပ်လိုက်ပြီလို့  ဆိုပါတယ်။ အဲဒီစေ့စပ်မှုကို လန်ဒန်မြို့မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Priyanka Chopra ရဲ့ မွေးနေ့မှာတွေ့ရတဲ့ Nick နဲ့ Priyanka

Priyanka Chopra ရဲ့ မွေးနေ့မှာတွေ့ရတဲ့ Nick နဲ့ Priyanka

Nick နဲ့Priyanka တို့နှစ်ယောက်လုံး အရမ်းကို ပျော်နေကြတယ်လို့လည်း ဆိုပါတယ်။ Nick ရဲ့ မိသားစုဘက်ကတော့ Nick ကို ဒီလို အလေးအနက်ပုံစံနဲ့ အရင်တုန်းက မမြင်ဖူးကြောင်း၊ သူ့အတွက် မိသားစုအားလုံး အရမ်းစိတ်လှုပ်ရှားနေရတယ်လို့ ပြောကြားခဲ့ပါတယ်။

Priyanka Chopra နဲ့ Nick Jonas

Priyanka Chopra နဲ့ Nick Jonas

ဒီလို စေ့စပ်လိုက်တာဟာ သူတို့နှစ်ယောက် မေလမှာ စတင်ဒိတ်လုပ်ပြီး နှစ်လအကြာမှာပဲ မြန်မြန်ဆန်ဆန်ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ဟာ နှစ်ဘက်မိဘတွေနဲ့လည်း တွေ့ဆုံခဲ့ပြီး အခုလို အခြေအနေတိုးတက်လာခဲ့တာ ဖြစ်ပါတယ်။

Olivia Culpo နဲ့ Nick Jonas

Olivia Culpo နဲ့ Nick Jonas

Nick ဟာ သူနှစ်နှစ်ကြာတွဲခဲ့တဲ့ အမေရိကန်မော်ဒယ်လ် Olivia Culpo နဲ့ ၂၀၁၅ ခုနှစ်ကမှ လမ်းခွဲခဲ့တာ ဖြစ်ပြီး ဒီမမနဲ့ တွေ့တော့မှ အတည်တွေ လက်ထပ်ယူတဲ့အဆင့်ထိ စွဲလမ်းမိသွားတာ ဖြစ်ပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Source : people.com