[Zawgyi] 

Niantic ကုမၸဏီကိုေတာ့ Gamer ေတာ္ေတာ္မ်ားမ်ားရင္းႏွီးမွာပါ။ Pokemon GO ကိုထုတ္္ၿပီးေနာက္ပိုင္းမွာ လူသိမ်ားလာတဲ့ ကုမၸဏီဆိုရင္လည္း မမွားပါဘူး။ Pokemon GO မွာပါတဲ့ AR Mode ကို အားလံုးသိၾကမယ္ထင္ပါတယ္။ AR ဆိုတာကေတာ့ အျပင္ပတ္ဝန္းက်င္က အရာဝတၱဳေတြကို ဖုန္း Camera က တစ္ဆင့္ ရယူၿပီး Software နဲ႔ပူးေပါင္းအလုပ္လုပ္လုပ္ေစတဲ့ Feature တစ္ခုပါ။ 

Pokemon GO

အဲ့ဒီ AR နည္းပညာနဲ႔ပတ္သက္လို႔ လက္ရွိအေျခအေနထက္ အဆင့္ျမင့္လာေအာင္ Niantic က ဖန္တီးေနတယ္ဆိုတာကို ထုတ္ျပလုိက္ပါၿပီ။ Real World Platform လို႔ နာမည္ေပးထားၿပီး အျပင္က အရာဝတၱဳေတြကို AR ရဲ႕ေနာက္ကြယ္မွာပါတဲ့ Software က နားလည္ေစဖို႔ ျပဳလုပ္ေပးထားတာပဲျဖစ္ပါတယ္။ AR မွာ အျပင္က အရာဝတၱဳေတြကို သိရွိနားလည္ေစဖို႔အတြက္ Mechine Learning နည္းပညာကို ထည့္ေပးထားပါတယ္။ Mechine Learning နည္းပညာကိုေတာ့ Lodon အေျခစိုက္ Matrix Mill ဆီက ရယူထားတာပါ။ 

AR ထဲမွာ အျပင္က အရာဝတၱဳေတြက အရင္ကထက္ပိုၿပီးအသက္ဝင္လာမယ္ဆိုတာ ေအာက္က Video ကိုၾကည့္ရင္ သိႏိုင္ပါတယ္။ Pikachu အရုပ္ေလးက ျပင္ပက လူေတြ၊ အရာဝတၱဳေတြကို ေရွာင္သြားႏိုင္တဲ့အထိ AR က လုပ္ေပးလာႏို္င္တာ ေတြ႕ရပါတယ္။ Video မွာေတာ့ သာမန္ AR နဲ႔ Real World AR ႏွစ္ခုကို ယွဥ္ျပထားပါတယ္။ 

အခုလို နည္းပညာေတြေၾကာင့္ အနာဂတ္မွာ ဖုန္းေတြနဲ႔ေဆာ့လို႔ပိုေကာင္းတဲ့ Game အသစ္ေတြ ထြက္လာမွာျဖစ္သလို Software ေတြမွာလည္း AR Feature ေကာင္းေတြ ပါလာႏိုင္ပါတယ္။ Smartphone Camera ေတြကို ဓာတ္ပံု႐ိုက္တာထက္ပိုတဲ့ ေနာက္ထပ္ အသံုးျပဳစရာ Feature တစ္ခုလည္းျဖစ္လာေတာ့မွာပါ။ AR နည္းပညာေတြနဲ႔ပတ္သက္လို႔ေတာ့ စမတ္ဖုန္းကုမၸဏီေတာ္ေတာ္မ်ားမ်ားလည္း အၿပိဳင္အဆိုင္လုပ္ေနၾကသလို Software ေတြ၊ Game ေတြထုတ္ေနသူေတြကလည္း AR အပိုင္းကို ဂ႐ုစိုက္လာၾကပါၿပီ။ ေနာက္ႏွစ္ေတြမွာ AR နဲ႔ ပတ္သက္လို႔ App ေတြ Game ေတြ အမ်ားႀကီးရွိလာမယ္လို႔ ခန္႔မွန္းရပါတယ္။ 

Ref: The Verge

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

AR နည်းပညာရဲ့ အနာဂတ်ကို Niantic က ထုတ်ဖော်ပြသလိုက်ပြီ

Niantic ကုမ္ပဏီကိုတော့ Gamer တော်တော်များများရင်းနှီးမှာပါ။ Pokemon GO ကိုထုတ်ပြီးနောက်ပိုင်းမှာ လူသိများလာတဲ့ ကုမ္ပဏီဆိုရင်လည်း မမှားပါဘူး။ Pokemon GO မှာပါတဲ့ AR Mode ကို အားလုံးသိကြမယ်ထင်ပါတယ်။ AR ဆိုတာကတော့ အပြင်ပတ်ဝန်းကျင်က အရာဝတ္တုတွေကို ဖုန်း Camera က တစ်ဆင့် ရယူပြီး Software နဲ့ပူးပေါင်းအလုပ်လုပ်လုပ်စေတဲ့ Feature တစ်ခုပါ။ 

Pokemon GO

အဲ့ဒီ AR နည်းပညာနဲ့ပတ်သက်လို့ လက်ရှိအခြေအနေထက် အဆင့်မြင့်လာအောင် Niantic က ဖန်တီးနေတယ်ဆိုတာကို ထုတ်ပြလိုက်ပါပြီ။ Real World Platform လို့ နာမည်ပေးထားပြီး အပြင်က အရာဝတ္တုတွေကို AR ရဲ့နောက်ကွယ်မှာပါတဲ့ Software က နားလည်စေဖို့ ပြုလုပ်ပေးထားတာပဲဖြစ်ပါတယ်။ AR မှာ အပြင်က အရာဝတ္တုတွေကို သိရှိနားလည်စေဖို့အတွက် Mechine Learning နည်းပညာကို ထည့်ပေးထားပါတယ်။ Mechine Learning နည်းပညာကိုတော့ Lodon အခြေစိုက် Matrix Mill ဆီက ရယူထားတာပါ။ 

AR ထဲမှာ အပြင်က အရာဝတ္တုတွေက အရင်ကထက်ပိုပြီးအသက်ဝင်လာမယ်ဆိုတာ အောက်က Video ကိုကြည့်ရင် သိနိုင်ပါတယ်။ Pikachu အရုပ်လေးက ပြင်ပက လူတွေ၊ အရာဝတ္တုတွေကို ရှောင်သွားနိုင်တဲ့အထိ AR က လုပ်ပေးလာနိုင်တာ တွေ့ရပါတယ်။ Video မှာတော့ သာမန် AR နဲ့ Real World AR နှစ်ခုကို ယှဉ်ပြထားပါတယ်။ 

အခုလို နည်းပညာတွေကြောင့် အနာဂတ်မှာ ဖုန်းတွေနဲ့ဆော့လို့ပိုကောင်းတဲ့ Game အသစ်တွေ ထွက်လာမှာဖြစ်သလို Software တွေမှာလည်း AR Feature ကောင်းတွေ ပါလာနိုင်ပါတယ်။ Smartphone Camera တွေကို ဓာတ်ပုံရိုက်တာထက်ပိုတဲ့ နောက်ထပ် အသုံးပြုစရာ Feature တစ်ခုလည်းဖြစ်လာတော့မှာပါ။ AR နည်းပညာတွေနဲ့ပတ်သက်လို့တော့ စမတ်ဖုန်းကုမ္ပဏီတော်တော်များများလည်း အပြိုင်အဆိုင်လုပ်နေကြသလို Software တွေ၊ Game တွေထုတ်နေသူတွေကလည်း AR အပိုင်းကို ဂရုစိုက်လာကြပါပြီ။ နောက်နှစ်တွေမှာ AR နဲ့ ပတ်သက်လို့ App တွေ Game တွေ အများကြီးရှိလာမယ်လို့ ခန့်မှန်းရပါတယ်။ 

Ref: The Verge

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။