[Zawgyi]




“အမေ ဆိုတာ ကိုယ့်သမီး အတွက် မျက်နှာမငယ်စေရဘူး…



ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

အမေနဲ့ အတူ ဓါတ်ပုံရိုက်ရင်း Fan တွေကို Message တစ်ခုပေးလိုက်တဲ့ နီနီခင်ဇော်

ပြင်သစ်နိုင်ငံမှာ ရောက်ရှိနေတဲ့ နီနီခင်ဇော်ရဲ့ပုံရိပ်တွေကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ အခုလိုသွားရောက်နေတာကလည်း သီချင်းသီဆိုဖျော်ဖြေရန်ဖို့ ရောက်ရှိနေရင်း အလည်အပတ်ထွက်တဲ့ အခါရိုက်ဖြစ်တဲ့ ပုံလေးတွေဖြစ်ပါတယ်။

နီနီဘယ်သွားသွားပါတတ်တဲ့ နီနီရဲ့အမေနဲ့ အတူတွဲဖက်ပြီးရိုက်ထားတဲ့ ပုံလေးတွေကိုတွေ့ရတာဟာလည်း အမေကို အရမ်းချစ်တယ်ဆိုတဲ့ သူမရဲ့စိတ်ကို မြင်နေရပါတယ်။အခုလို အမေနဲ့ ရိုက်ထားတဲ့ ပုံလေးတွေကို နီနီက ဒီလိုစာလေးရေးပြီးတင်ထားတာပါ။

“အမေ ဆိုတာ ကိုယ့််သမီး အတွက် မျက်နှာမငယ်စေရဘူး…
Ninians တွေလည်း မေမေနဲ့ ခရီး သွားရင် Mom and Daughter Goal တွေရိုက်ပါ
ဒါပဲ ” ဆိုပြီးရေးထားတာပါ။

နီနီဟာ သီချင်းဆိုရာမှာ အောင်မြင်မှုတွေရရှိနေတာကလည်း အမေကိုသိပ်အရေးပေးပြီး ကြိုးစားထားတဲ့ အားထုတ်မှုတွေကြောင့်လို့ထင်မြင်မိပါတယ်။

Photo Credit: Ni Ni Khin Zaw Facebook Page

ကြည်သာ (Akhayar)

www.akhayar.com