[Zawgyi]

တစ္ေယာက္နဲ႔တစ္ေယာက္ ခ်စ္ေနဖို႔သာ အေရးႀကီးတယ္ လို႔ဆိုတဲ့  နီနီခင္ေဇာ္

နီနီခင္ေဇာ္ က သူ႔ရဲ ႔ သီခ်င္း MV အသစ္တစ္ပုဒ္ကို ၾသဂုတ္လ ၁၃ ရက္ေန႔မွာ တင္ဖို႔ ကို သူမရဲ ႔လူမႈကြန္ရက္စာမ်က္နွာ ကေနၿပီး အခုလိုေဖာ္ျပခဲ့တာျဖစ္ပါတယ္။

“Love is pure

အခ်စ္ဆိုတာ….တေယာက္နဲ႔တေယာက္ ခ်စ္ေနဖို႕သာ အေရးႀကီးတာပါ

စြန္႔လႊတ္ျခင္းပဲျဖစ္ျဖစ္ တူတူရွိေနရျခင္းပဲျဖစ္ျဖစ္ လူသားတဦးနဲ႔တဦး ခ်စ္ဖို႔သာ အဓိက

ဒီေန႔ သီခ်င္းေလး တပုဒ္တင္ေပးမယ္ေနာ္..

သူတို႔စံုတြဲေလးေတြၾကည့္ဖို႔ ရင္ခုန္ေနပီလား”    ဆိုၿပီးေတာ့ နီနီခင္ေဇာ္က သူမရဲ ႔လူမႈကြန္ရက္စာမ်က္နွာမွာ တင္ထားတာျဖစ္ပါတယ္။

နီနီခင္ေဇာ္ရဲ ႔ MV သီခ်င္းေလးကို စိတ္ဝင္စားသလို သရုပ္ေဆာင္ထားတဲ့ အတြဲေလးေတြကိုလည္း စိတ္ဝင္စားၾကမယ္ထင္ပါတယ္။ အျပင္မွာလည္း တကယ္ကို ခ်စ္တတ္ၾကတဲ့ စံုတြဲေတြ နဲ႔ MV ကိုပံုေဖာ္ရိုက္ကူးထားတာကိုလည္း ေတြ႔ရမွာပါ။

MV ရိုက္ကူးေနတဲ့ ျမင္ကြင္း

ထူးျခားမႈအေနနဲ႕ မိတ္ကပ္မထက္တို႔စံုတြဲ နဲ႔ မိတ္ကပ္ေမဦးတို႕အတြဲ ပါဝင္သရုပ္ေဆာင္ထားတာကိုလည္း ေတြ႕ရမွာျဖစ္ပါတယ္။ ဒီ MV ေလးကိုေတာ့ ဒီေန႕ ၾသဂုတ္လ ၁၃ ရက္ေန႔မွာ နားဆင္ခံစားနိုင္ေတာ့မွာပါ။

နီနီကေတာ့ London မွာသီခ်င္းဆိုဖို႔အတြက္ ေရာက္ရွိေနၿပီး ခရီးအၾကာၾကီးသြားရဦးမယ္။ အလုပ္ေတြ ပိုႀကိဳးစားမယ္ဆိုၿပီးေတာ့ လည္း ၾသဂုတ္လ ၁၁ ရက္ေန႔က သူမရဲ ႔လူမႈကြန္ရက္စာမ်က္နွာမွာတင္ထားတာကိုေတြ႕ရပါတယ္။

Photo Credit: Ni Ni Khin Zaw Facebook Page ၊ Han Lin Facebook ၊ Ma Htet Facebook

ၾကည္သာ (Akhayar)

www.akhayar.com
[Unicode]

တစ်ယောက်နဲ့တစ်ယောက် ချစ်နေဖို့သာ အရေးကြီးတယ် လို့ဆိုတဲ့ နီနီခင်ဇော်

နီနီခင်ဇော် က သူ့ရဲ့ သီချင်း MV အသစ်တစ်ပုဒ်ကို သြဂုတ်လ ၁၃ ရက်နေ့မှာ တင်ဖို့ ကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာ ကနေပြီး အခုလိုဖော်ပြခဲ့တာဖြစ်ပါတယ်။

“Love is pure

အချစ်ဆိုတာ….တယောက်နဲ့တယောက် ချစ်နေဖို့သာ အရေးကြီးတာပါ

စွန့်လွှတ်ခြင်းပဲဖြစ်ဖြစ် တူတူရှိနေရခြင်းပဲဖြစ်ဖြစ် လူသားတဦးနဲ့တဦး ချစ်ဖို့သာ အဓိက

ဒီနေ့ သီချင်းလေး တပုဒ်တင်ပေးမယ်နော်..

သူတို့စုံတွဲလေးတွေကြည့်ဖို့ ရင်ခုန်နေပီလား” ဆိုပြီးတော့ နီနီခင်ဇော်က သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာ တင်ထားတာဖြစ်ပါတယ်။

နီနီခင်ဇော်ရဲ့ MV သီချင်းလေးကို စိတ်ဝင်စားသလို သရုပ်ဆောင်ထားတဲ့ အတွဲလေးတွေကိုလည်း စိတ်ဝင်စားကြမယ်ထင်ပါတယ်။ အပြင်မှာလည်း တကယ်ကို ချစ်တတ်ကြတဲ့ စုံတွဲတွေ နဲ့ MV ကိုပုံဖော်ရိုက်ကူးထားတာကိုလည်း တွေ့ရမှာပါ။

MV ရိုက်ကူးနေတဲ့ မြင်ကွင်း

ထူးခြားမှုအနေနဲ့ မိတ်ကပ်မထက်တို့စုံတွဲ နဲ့ မိတ်ကပ်မေဦးတို့အတွဲ ပါဝင်သရုပ်ဆောင်ထားတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ ဒီ MV လေးကိုတော့ ဒီနေ့ သြဂုတ်လ ၁၃ ရက်နေ့မှာ နားဆင်ခံစားနိုင်တော့မှာပါ။

နီနီကတော့ London မှာသီချင်းဆိုဖို့အတွက် ရောက်ရှိနေပြီး ခရီးအကြာကြီးသွားရဦးမယ်။ အလုပ်တွေ ပိုကြိုးစားမယ်ဆိုပြီးတော့ လည်း သြဂုတ်လ ၁၁ ရက်နေ့က သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာတင်ထားတာကိုတွေ့ရပါတယ်။

Photo Credit: Ni Ni Khin Zaw Facebook Page ၊ Han Lin Facebook ၊ Ma Htet Facebook

ကြည်သာ (Akhayar)

www.akhayar.com