[Zawgyi]




ဘယ်နေရာဘယ်ဒေသကိုပဲရောက်နေရောက်နေ ကိုယ့်နိုင်ငံရဲ့  ဝတ်စုံလေးဖြစ်တဲ့ မြန်မာထမီ နဲ့ ရင်ဖုံးအင်္ကျီလေးကို ဝတ်ဆင်ထားတာဆိုရင်လည်း နီနီဟာအင်မတန်ကို ကျက်သရေရှိလို့လှပနေပါတယ်။

ကြည်သာ (Akhayar)


www.akhayar.com

[Unicode]

တရုတ်ပြည် ကိုရောက်နေတဲ့ နီနီခင်ဇော်ရဲ့ မြန်မာဆန်ဆန် အလှ

လာမယ့် ဇွန်လ ၂၈ ရက်နေ့မှာပီကင်းမြို့ မှာ သီချင်းသီဆိုဖျော်ဖြေဖို့အတွက် ကို နီနီခင်ဇော်ဟာ တရုတ်ပြည်ကိုရောက်ရှိနေတယ်လို့သိရပါတယ်။ တရုတ်ပြည်ကို ခေတ္တရောက်ရှိနေတဲ့ နီနီက မြန်မာဝတ်စုံလေးတွေဝတ်ပြီး ပွဲတက်တဲ့ ပုံလေးတွေကိုလည်း သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ “မြန်မာဆိုတာ” ဆိုပြီးတော့လည်း တင်ထားတာကိုတွေ့ရပါတယ်။

မြန်မာဝတ်စုံလေးနဲ့ ရိုးရိုးရှင်းရှင်းလေးလှပနေပြီး သီချင်းသီဆိုရာမှာလည်း အင်မတန်ဆွဲဆောင်မှု ရှိတဲ့ အသံကို ပိုင်ဆိုင်ထားတဲ့ နီနီကတော့ တရုတ်ပရိသတ်တွေကိုဘယ်လိုတောင်ဆွဲဆောင်နိုင်မလဲ ဆိုတာက စိတ်ဝင်စားစရာပါပဲ။

ဘယ်နေရာဘယ်ဒေသကိုပဲရောက်နေရောက်နေ ကိုယ့်နိုင်ငံရဲ့ ဝတ်စုံလေးဖြစ်တဲ့ မြန်မာထမီ နဲ့ ရင်ဖုံးအကျႌလေးကို ဝတ်ဆင်ထားတာဆိုရင်လည်း နီနီဟာအင်မတန်ကို ကျက်သရေရှိလို့လှပနေပါတယ်။

ကြည်သာ (Akhayar)

Photo Credit:Ni Ni Khin Zaw Facebook Page

www.akhayar.com