[Zawgyi]

အျမဲေပ်ာ္ခ်င္လို႔ ေမြးေန႕မွာပဲ ေပ်ာ္ပါေစဆိုၿပီး ဆုမေတာင္းေပးနဲ႔ လို႔ ေျပာလိုက္တဲ့ နီနီခင္ေဇာ္

ၾသဂုတ္လ ၃၁ ရက္ေန႔မွာ က်ေရာက္တဲ့ သူမရဲ ႔ေမြးေန႕ အတြက္ နီနီခင္ေဇာ္က လူမႈကြန္ရက္စာမ်က္နွာ ကိုယ့္ကိုယ္ကိုယ္ ေမြးေန႕ဆုေတာင္း ျပန္ေတာင္းေပးလိုက္ၿပီးေတာ့ သူမကို ေမြးေန႕ဆုေတာင္းေပးၾကမယ့္သူေတြကိုလည္း အခုလိုေျပာခဲ့တာေတြ႕ရပါတယ္။

“ေန႔နဲ႔ညေရရင္း ၂၇ နွစ္
ေမြးေန႔မွာေပ်ာ္ပါေစပဲ ဆုေတာင္းနဲ႔ေနာ္
အျမဲေပ်ာ္ခ်င္တာ
က်န္တာမလိုဘူးေလ

အမွန္ကို အမွန္လို႔သိျပီး
အမွားကိုအမွားလို႔ျမင္ရပါလို၏

Happy Birthday to me:)”

အသက္ ၂၇ နွစ္ျပည့္တဲ့ ေမြးေန႕ မွာ “အမွန္ကို အမွန္လို႔သိၿပီး ၊ အမွားကို အမွားလို႔ျမင္ရပါလို၏” လို႔လည္း ရိုးရိုးရွင္းရွင္းေလး ဆုေတာင္းခဲ့တာကို ေတြ႕ရပါတယ္။ နီနီဟာ မိခင္ကို အင္မတန္ခ်စ္ျမတ္နိုးတဲ့ သူတစ္ဦးျဖစ္ၿပီး သူမဝါသနာပါတဲ့ အနုပညာအလုပ္အတြက္ ဆရာဝန္အလုပ္ကိုစြန္႔လႊတ္ခဲ့သူတစ္ေယာက္လည္း ျဖစ္ပါတယ္။

ထက္ျမက္တဲ့ အမ်ိဳးသမီးတစ္ေယာက္ျဖစ္ၿပီး သူမရဲ ႔ေတးသီခ်င္း ဖန္တီးမႈ အသစ္သစ္ေတြကလည္း ပရိသတ္ေတြ အတြက္ အျမဲတမ္းေက်နပ္အားရမႈ ကို ရရွိေစသူတစ္ဦးျဖစ္ပါတယ္။

Photo Credit: Ni Ni Khin Zaw Facebook Page

ၾကည္သာ (Akhayar)

www.akhayar.com

[Unicode]

အမြဲပျော်ချင်လို့ မွေးနေ့မှာပဲ ပျော်ပါစေဆိုပြီး ဆုမတောင်းပေးနဲ့ လို့ ပြောလိုက်တဲ့ နီနီခင်ဇော်

သြဂုတ်လ ၃၁ ရက်နေ့မှာ ကျရောက်တဲ့ သူမရဲ့မွေးနေ့ အတွက် နီနီခင်ဇော်က လူမှုကွန်ရက်စာမျက်နှာ ကိုယ့်ကိုယ်ကိုယ် မွေးနေ့ဆုတောင်း ပြန်တောင်းပေးလိုက်ပြီးတော့ သူမကို မွေးနေ့ဆုတောင်းပေးကြမယ့်သူတွေကိုလည်း အခုလိုပြောခဲ့တာတွေ့ရပါတယ်။

“နေ့နဲ့ညရေရင်း ၂၇ နှစ်
မွေးနေ့မှာပျော်ပါစေပဲ ဆုတောင်းနဲ့နော်
အမြဲပျော်ချင်တာ
ကျန်တာမလိုဘူးလေ

အမှန်ကို အမှန်လို့သိပြီး
အမှားကိုအမှားလို့မြင်ရပါလို၏

Happy Birthday to me:)”

အသက် ၂၇ နှစ်ပြည့်တဲ့ မွေးနေ့ မှာ “အမှန်ကို အမှန်လို့သိပြီး ၊ အမှားကို အမှားလို့မြင်ရပါလို၏” လို့လည်း ရိုးရိုးရှင်းရှင်းလေး ဆုတောင်းခဲ့တာကို တွေ့ရပါတယ်။ နီနီဟာ မိခင်ကို အင်မတန်ချစ်မြတ်နိုးတဲ့ သူတစ်ဦးဖြစ်ပြီး သူမဝါသနာပါတဲ့ အနုပညာအလုပ်အတွက် ဆရာဝန်အလုပ်ကိုစွန့်လွှတ်ခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။

ထက်မြက်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သူမရဲ့တေးသီချင်း ဖန်တီးမှု အသစ်သစ်တွေကလည်း ပရိသတ်တွေ အတွက် အမြဲတမ်းကျေနပ်အားရမှု ကို ရရှိစေသူတစ်ဦးဖြစ်ပါတယ်။

Photo Credit: Ni Ni Khin Zaw Facebook Page

ကြည်သာ (Akhayar)

www.akhayar.com