[Zawgyi]

တစ္ကိုယ္ေတာ္ေဖ်ာ္ေျဖပြဲအတြက္ အကကို ႏွစ္လခန္႔အခ်ိန္ယူေလ့က်င့္မယ္ဆိုတဲ့ နီနီခင္ေဇာ္

လာမယ့္ ဧၿပီ ၇ ရက္ေန႔မွာ က်င္းပျပဳလုပ္မယ့္ တစ္ကိုယ္ေတာ္ေဖ်ာ္ေျဖပြဲ Retro Redvolution Show ဟာ ယခင္လုပ္ဖူးတဲ့ တစ္ကိုယ္ေတာ္ေဖ်ာ္ေျဖပြဲပံုစံနဲ႔မတူတဲ့အတြက္ ျပင္ဆင္မႈအပိုင္းမွာအစစအရာရာစိတ္ပူေနၿပီး အကပိုင္းကိုလည္း ႏွစ္လအတြင္းအခ်ိန္ယူေလ့က်င့္ရမယ္လို႔ ေတးသံရွင္နီနီခင္ေဇာ္ကေျပာပါတယ္။

သူမရဲ႕တစ္ကိုယ္ေတာ္ေဖ်ာ္ေျဖပြဲအတြက္ ျပင္ဆင္ေနမႈအပိုင္းေတြကိုလည္း အခုလိုပဲေျပာပါတယ္။ “ဒီတစ္ေခါက္ Theme ကလည္း အရင္ပံုစံနဲ႔မတူေတာ့ ပိုၿပီးေတာ့ အရမ္းပင္ပန္းတယ္၊ စိတ္ပင္ပန္း တယ္။ အစစအရာရာစိတ္ပူတယ္။ ကဖို႔အတြက္ သီခ်င္းေတြအကုန္ရၿပီဆိုရင္ ထြက္လာတဲ့သီခ်င္းေတြအားလံုးကို Dancer ေတြကို ေပးနားေထာင္မယ္။ သူတို႔အကထြင္မယ္ ေနာက္ႏွစ္လအတြင္း နီနီအကက်င့္ရမယ္။ မၾကာခင္မွာ ပရိသတ္ေရွ႕မွာ ကရေတာ့မယ္”လို႔ သူမကေျပာပါတယ္။

အဆိုေတာ္နီနီခင္္ေဇာ္ရဲ႕ Retro Redvolution Show ကို ဧၿပီ ၇ ရက္ေန႔မွာ ရန္ကုန္ၿမိဳ႕အမ်ိဳးသားက ဇာတ္ရံုမွာ က်င္းပျပဳလုပ္သြားမွာျဖစ္ၿပီးေတာ့ ပရိသတ္ေတြၾကည့္တဲ့အခါ ေနရာအခက္အခဲနဲ႔အဆင္မေျပမႈေတြျဖစ္မွာစိုးတဲ့အတြက္ ကိုယ္တိုင္လာေရာက္ၿပီး ေလ့လာျပင္ဆင္ေနတယ္လို႔ သိရပါတယ္။ “ပထမတစ္ပြဲလုပ္တယ္၊ ျပည္သူ႔ရင္ျပင္မွာလုပ္ခဲ့တယ္၊ ဒီအဖြဲ႕သားေတြနဲ႔ပဲ အကုန္လံုးလုပ္ခဲ့တယ္။ စိတ္တိုင္းလည္းက်ခဲ့တယ္။ စိတ္တိုင္းမက်တာ သိပ္မႀကိဳက္ခဲ့တဲ့အပိုင္းေတြလည္း ရွိခဲ့တယ္။ ဒီတစ္ေခါက္မွာ အားလံုးျပန္ၿပီး re-correct လုပ္မယ္။ ပရိသတ္ေတြၾကည့္ရတဲ့ေနရာကအစ အဆင္ေျပေအာင္။ ကိုယ္ကေတာ့ ကမွာပဲ ဆိုမွာပဲ ဒါေပမယ့္ ပရိသတ္ၾကည့္ရတာအဆင္မေျပမွာစိုးလို႔ ကိုယ္တိုင္ လာၾကည့္တာ”လို႔ သူမကထပ္မံေျပာပါတယ္။

အဆိုေတာ္နီနီခင္ေဇာ္ရဲ႕ ယခင္လုပ္ခဲ့ဖူးတဲ့ One Lady Show ”Redvolution Show” ကို ေခတ္ေဟာင္းပံုစံအျဖစ္ ”Retro” Theme ,Retro Fashion ေတြနဲ႔ ထူးျခားဆန္းသစ္စြာ ေဖ်ာ္ေျဖတင္ဆက္သြားမယ္လို႔သိရပါတယ္။

www.akhayarmedia.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

တစ်ကိုယ်တော်ဖျော်ဖြေပွဲအတွက် အကကို နှစ်လခန့်အချိန်ယူလေ့ကျင့်မယ်ဆိုတဲ့ နီနီခင်ဇော်

လာမယ့် ဧပြီ ၇ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် တစ်ကိုယ်တော်ဖျော်ဖြေပွဲ Retro Redvolution Show ဟာ ယခင်လုပ်ဖူးတဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲပုံစံနဲ့မတူတဲ့အတွက် ပြင်ဆင်မှုအပိုင်းမှာအစစအရာရာစိတ်ပူနေပြီး အကပိုင်းကိုလည်း နှစ်လအတွင်းအချိန်ယူလေ့ကျင့်ရမယ်လို့ တေးသံရှင်နီနီခင်ဇော်ကပြောပါတယ်။

သူမရဲ့တစ်ကိုယ်တော်ဖျော်ဖြေပွဲအတွက် ပြင်ဆင်နေမှုအပိုင်းတွေကိုလည်း အခုလိုပဲပြောပါတယ်။ “ဒီတစ်ခေါက် Theme ကလည်း အရင်ပုံစံနဲ့မတူတော့ ပိုပြီးတော့ အရမ်းပင်ပန်းတယ်၊ စိတ်ပင်ပန်း တယ်။ အစစအရာရာစိတ်ပူတယ်။ ကဖို့အတွက် သီချင်းတွေအကုန်ရပြီဆိုရင် ထွက်လာတဲ့သီချင်းတွေအားလုံးကို Dancer တွေကို ပေးနားထောင်မယ်။ သူတို့အကထွင်မယ် နောက်နှစ်လအတွင်း နီနီအကကျင့်ရမယ်။ မကြာခင်မှာ ပရိသတ်ရှေ့မှာ ကရတော့မယ်”လို့ သူမကပြောပါတယ်။

အဆိုတော်နီနီခင်ဇော်ရဲ့ Retro Redvolution Show ကို ဧပြီ ၇ ရက်နေ့မှာ ရန်ကုန်မြို့အမျိုးသားက ဇာတ်ရုံမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီးတော့ ပရိသတ်တွေကြည့်တဲ့အခါ နေရာအခက်အခဲနဲ့အဆင်မပြေမှုတွေဖြစ်မှာစိုးတဲ့အတွက် ကိုယ်တိုင်လာရောက်ပြီး လေ့လာပြင်ဆင်နေတယ်လို့ သိရပါတယ်။ “ပထမတစ်ပွဲလုပ်တယ်၊ ပြည်သူ့ရင်ပြင်မှာလုပ်ခဲ့တယ်၊ ဒီအဖွဲ့သားတွေနဲ့ပဲ အကုန်လုံးလုပ်ခဲ့တယ်။ စိတ်တိုင်းလည်းကျခဲ့တယ်။ စိတ်တိုင်းမကျတာ သိပ်မကြိုက်ခဲ့တဲ့အပိုင်းတွေလည်း ရှိခဲ့တယ်။ ဒီတစ်ခေါက်မှာ အားလုံးပြန်ပြီး re-correct လုပ်မယ်။ ပရိသတ်တွေကြည့်ရတဲ့နေရာကအစ အဆင်ပြေအောင်။ ကိုယ်ကတော့ ကမှာပဲ ဆိုမှာပဲ ဒါပေမယ့် ပရိသတ်ကြည့်ရတာအဆင်မပြေမှာစိုးလို့ ကိုယ်တိုင် လာကြည့်တာ”လို့ သူမကထပ်မံပြောပါတယ်။

အဆိုတော်နီနီခင်ဇော်ရဲ့ ယခင်လုပ်ခဲ့ဖူးတဲ့ One Lady Show ”Redvolution Show” ကို ခေတ်ဟောင်းပုံစံအဖြစ် ”Retro” Theme ,Retro Fashion တွေနဲ့ ထူးခြားဆန်းသစ်စွာ ဖျော်ဖြေတင်ဆက်သွားမယ်လို့သိရပါတယ်။

www.akhayarmedia.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။