Dim Sum…Dim Sum။ မနက်စာစားချိန်တိုင်း စိတ်ကူးထဲပေါ်ပေါ်လာတဲ့ အရသာအရှိဆုံး အစားအစာလေး။ အသားလေးကို နူးအိနေအောင်ပေါင်းပြီး အချဉ်လေးစွပ်ခနဲတို့ ပါးစပ်ထဲ တစ်ခုလုံးထည့်ပြီး အရသာရှိရှိ စားလို့မြိန်တဲ့ Dim Sum ။ ဒီလောက်စားကောင်းတဲ့ Dim Sum ကို အခရာပရိသတ်ကြီး ဘယ်ဆိုင်မှာများ စိတ်တိုင်းကျ အဝဆွဲဖူးကြလဲ?

အခရာကတော့ Dim Sum တော်တော်များများ စားခဲ့ဖူးပေမယ့် တခြား Dim Sum တွေနဲ့ မတူဘဲ ကွဲထွက်နေတဲ့ Dim Sum တစ်မျိုးကို Try ပြီးတည်းက စိတ်ထဲမှာ ပြန်ပြန်စားချင်စိတ်ကို မနည်းထိန်းမိတဲ့ထိ ကောင်းတဲ့ဆိုင်လေး တစ်ဆိုင်တွေ့ထားတယ်ဗျို့။ အရသာကတော့ ထူးခြားတယ်၊ ကောင်းတယ်၊ သန့်တယ် ပြီးတော့…ဆက်သာဖတ်ကြည့်လိုက်တော့နော်။

အရမ်းစားစေချင်လွန်းလို့ အခရာက စားပြီးပြီးချင်း ညွှန်ပေးချင်တဲ့ ဒီ Dim Sum လေးနာမည်က ငွေသော်တာ Dim Sum တဲ့။ ခုဆို ရန်ကုန်မြို့က လက်ဖက်ရည်ဆိုင်ကြီးတော်တော်များများမှာ ရနေပြီလို့ကြားတယ်။

အခရာကတော့ ရန်ကုန်ကနေ အမျိုးတွေဆီခရီးသွားတုန်း မင်္ဂလာဒုံဘက်က ရွှေတောင်ဆိုတဲ့ စားသောက်ဆိုင်ကြီးမှာ စားခဲ့တာ။ စစချင်းမှာတော့ Dim Sum တောင် ကောင်းပါ့မလားပေါ့။ စိတ်တထင့်ထင့်နဲ့ ၃,၄ ပေါင်းပဲမှာလိုက်တာ။ ၅မိနစ်အကြာ တကယ်လာချတော့မှ အရမ်း ကြွေသွားသဘောကျသွားရတော့တာ။ ဘာလို့လဲဆို…

ပထမဆုံး သတိထားမိတာ Dim Sum တွေက အရမ်းသန့်တယ်။ အစကနေအဆုံးထိ ပေါင်းတာကအစ သန့်ရှင်းနေရော။ အစားအစာတစ်ခုစားတယ်ဆိုတာ သန့်ရှင်းမှုကိုစားသုံးတာလည်း ပါတယ်လေ။ ကဲ..ဒီမှာတင်စိတ်ချရပြီ။

နောက်ထပ် အရမ်းဆွဲဆောင်တာက အနံ့။ ဟုတ်တယ်ဗျို့..ငွေသော်တာ Dim Sum အနံ့လေးက နှမ်းဆီနံ့ကို သင်းပြီး အိမွှေးနေတာပဲ။ ဘယ်လောက်ထိအောင်လဲဆို လက်က တူကိုတောင်ချက်ချင်းဖောက်ပြီး Dim Sum တစ်ခုယူ အချဉ်လေးတို့ပြီး မြန်မြန်မြည်းကြည့်မိတဲ့အထိပဲ။

အဲ့ဒီမှာစတွေ့တာပဲ။ ရန်ကုန်က Dim Sum တော်တော်များများ စိတ်ထဲမငြိတဲ့ ကိုယ်တွေလို Dim Sum သရဲတွေ အရည်ပျော်တော့တာပဲ။

အသားလေးတွေကြိတ်ထားတာကအစအရသာအပိုအလိုမရှိ နူးအိနေတာကိုမှ နှမ်းဆီလေးဆွတ်ထားတော့ မွှေးလည်းမွှေး အရသာလည်းရှိ စားလို့မြိန်လိုက်တာဆိုတာ။

ပိုမိုက်တာက အချဉ်။ သူ့အချဉ်က ရိုးရိုးငရုတ်ချဉ်အနီရည်တွေဆိုတာထက် ထန်းလျက်နဲ့မန်ကျည်းရည်ပါလေကာလေးထည့်ထားတဲ့ ချိုချဉ်ချဉ်လေး Dim Sum နဲ့အလိုက်ဖက်ဆုံးပဲ။

စားကောင်းကောင်းနဲ့ ဆွဲလိုက်တာ ၁၀ ပေါင်းလောက်ကုန်မှ လက်စသတ်မိပါရောလား။ ဆိုင်မှာတော့ နာမည်အကြီးဆုံးတွေက ပုစွန်နိုင်လွန်၊ ပေါက်စီ၊ ကြက်ခြေထောက်ပေါင်း၊ သုံးရောင်ခြယ်ဝက်သားပေါင်း၊ ပုစွန်ကျောက်စိမ်း၊ ဆားဘဲဥကြက်သားလိပ်၊ ဝက်နံရိုး အဲ့ပွဲလေးတွေ လူကြိုက်ပိုများတယ်။

အကြော်ဆိုလည်း ချိစ်ပေါင်မုန့်ကပ်ကြော် ၊ဂိုင်ရိုဇာ ဖက်ထုပ်ကြော်၊ ကြက်ဥအစာသွပ်ကြော် တွေ မိုက်တယ်။

အဲ့လောက်ကောင်းတာ ဈေးကြီးမှာပေါ့ဆို ဈေးပြောပြမှ အံ့သြရမယ်။ တစ်ပေါင်း ၇၀၀ ကစပါသတဲ့။ ကဲ မတန်ဘူးလား။ မြို့ထဲက ဆိုင်တွေမှာကတော့ တပေါင်း ၁၀၀၀ ဝန်းကျင်ပါတဲ့။ သူကျ အသားပိုပါတယ်တဲ့။

Dim Sum အပေါင်းရော၊ အကြော်ရော အားလုံးပေါင်း ၂၅ မျိုးလောက်ရှိနေပြီ။ အမယ်…ဒီ Dim Sum က စားတဲ့သူတိုင်းကြိုက်လို့ Review ကောင်းကောင်းတွေလည်း ရထားတာတွေ့တယ်။ ကိုယ်တွေဆိုလည်း ဒီလိုအရသာနဲ့ဆို လက်ကို ဘရိတ်အုပ်လို့ရမှာမဟုတ်ဘူးလေ။

ကဲ..ကိုယ်တွေကတော့ စားပြီးကြိုက်လို့ လမ်းညွှန်ပြီးပြီ။ ဝယ်စားချင်တဲ့သူတွေကတော့ မင်္ဂလာဒုံဘက်ရောက်ရင် မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်း၊ တပ်မတော်ဆေးတက္ကသိုလ်ရှေ့ ၊ ခရေပင်လမ်းဆုံနှင့် မင်္ဂလာဒုံ ဈေးမှတ်တိုင် နှစ်ခုကြားမှာ မနက်(၆)နာရီမှ ညနေ(၆)နာရီအထိ ရွှေတောင် Food Centre ရှိတယ်။

အဲ့ဒီဆိုင်မှာ စားလို့ရပြီနော်။ တခြား မနက်စာတွေ၊ အစားအစာကောင်းကောင်းနဲ့ လက်ဖက်ရည်တွေလည်း ဒီဆိုင်ကြီးမှာ သောက်ကောင်းတယ်။ ဆိုင်ကြီးကလည်း ကျယ်ပြီး ဟီးထနေတာပဲ။ သန့်ပြန့်နေရော။

ရန်ကုန်ထဲမှာရော ဘယ်ဆိုင်တွေစားလို့ရလဲဆို-

ဆိုင်လိပ်စာ (1) – Silvery Restaurant (5am to 10pm) City Golf Resort အတွင်း သီရီမင်္ဂလာလမ်း၊ အင်းစိန်မြို့ နယ်၊ ရန်ကုန်မြို့ ။ Ph No: 09955184467, 095184467

ဆိုင်လိပ်စာ (2)- Mala Wok No:(10), Myanmar Culture Valley, U Wisara Road, Dagon Township. Ph No : 09967330699

ဆိုင်လိပ်စာ (3) – ပြည်ထောင်စု Food Centre အမှတ် ၇၂၉၊ပြည်ထောင်စုလမ်းမကြီးနှင့်စုပေါင်းရုံးလမ်းထောင့်၊ ၃၇ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်။ Ph No : 09783088883, 09783088885

ဆိုင်လိပ်စာ (4) – VIP Coffee & Dimsum အမှတ်(၁၆/၂၈၉)၊ နွယ်သာကီလမ်းသွယ်၊ VIP (၃) ရပ်ကွက်၊ ရွှေပြည်သာမြို့နယ်၊ရန်ကုန်။ Ph No : 09-794752233, 09-799332966

ဆိုင်လိပ်စာ (5) – HaKaHta HaNaMiDoRi (Hot Pot)အမှတ်​(၂/ခ)၊ ပါရမီလမ်းနှင့်​ နီ​ကောရိပ်​သာလမ်း​ထောင့်​ မရမ်းကုန်းမြို့နယ်​။ Ph- 09 5094991

ဆိုင်လိပ်စာ(6) ရွှေခရား Tea House အမှတ်(29)၊ မြေညီထပ်၊ ရေကျော်လမ်းမကြီး၊ ဧရာဝတီဘဏ်ရှေ့၊ ပုစွန်တောင်မြို့နယ်၊ ရန်ကုန်။ Ph No : 09-951071325

ဆိုင်လိပ်စာ (7) မြသီတာ (ရွှေတွံတေးမုန့်ဟင်းခါး) အမှတ်(၆၆)၊ သစ်တောလမ်း၊ စောရန်ပိုင်ရပ်ကွက်၊ အလုံမြို့နယ်။

ဆိုင်လိပ်စာ (8) MR; Tea Food Center အာရှတော်ဝင်ဆးရုံ​နှင့်မျက်စောင်းထိုး၊ ​မြေနီကုန်း ။Ph 09 763699639

ဆိုင်လိပ်စာ (9) Blue Bird Food & Entertainment Complex ဦးဝိစာရလမ်း၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။ Ph No :09-40408 4880

ဆိုင်လိပ်စာ (10) မသိဘူးစားမယ် စားဖွယ်စုံ
No (1) အမှတ် 321(A)/(4) ရပ်ကွက်၊ သုမင်္ဂလာလမ်းမကြီး၊ တကောင်းမှတ်တိုင်နှင့် နန္ဒဝန်ဈေးမှတ်တိုင်ကြား၊ တောင်ဥက္ကလာပမြို့နယ်

No (2) ရန်ကင်းကလေးဆေးရုံကြီးထွက်ပေါက်ရှေ့ ရန်ကင်းမြို့နယ်။

ဆိုင်လိပ်စာ(11) Mala Wok 2 (​ရေ​ကျော်​)64B,( CB ဘဏ်နှင့်မျက်နှာချင်းဆိုင်),  ရေကျော်လမ်း, ပုဇွန်တောင်မြို့နယ်။ Ph 09 5405014

ဒီဆိုင်တွေမှာ အခရာက အရမ်းသဘောကျမိတဲ့ နှမ်းဆီနံ့မွှေးမွှေးအိအိထွေးတဲ့ ငွေသော်တာဒင်းဆမ်းကို မနက်စာရော၊ တနေကုန်ပါ အဝဆွဲကြည့်လို့ရပါပြီလို့။

ချစ်လှစွာသော
FoodieEi (Akhayar)