[Zawgyi]

လူမႈအက်ိဳးျပဳရင္း လက္၀တ္ရတနာလွလွေလးေတြ ၀တ္ဆင္ရေအာင္

မိန္းကေလးေတြက လက္၀တ္ရတနာေတြ ျမင္ရင္ မေနႏုိင္ေအာင္ ႀကိဳက္ႏွစ္သက္ၾကပါတယ္ေနာ္။ ဟိုမွာေတြ႕လည္း ၀ယ္၊ ဒီမွာေတြ႕လည္း ၀ယ္၊ ေတြ႕တဲ့ေနရာတိုင္းမွာ ၀ယ္ေနေတာ့တာပါပဲ။ ဒီေန႔ ေျပာျပေပးခ်င္တာကေတာ့ လိုအပ္ခ်က္ေလးေတြကိုယ္စီနဲ႔ ရုန္းကန္းေနၾကရတဲ့ ျမန္မာအမ်ိဳးသမီးေလးေတြကို တစ္ဖက္တစ္လမ္းက ကူညီေထာက္ပံ့ရင္း၊ သူတို႔ကို နားခိုစရာေနရာနဲ႔ အလုပ္အကိုင္အခြင့္အလမ္းေတြ ေပးေနရင္း ဖြင့္လွစ္ေပးထားတဲ့ မိန္းကေလးေတြအႀကိဳက္ ရန္ကုန္ၿမိဳ႕က လူမႈအက်ိဳးျပဳစီးပြားေရးဆိုင္ေလး သံုးဆိုင္အေၾကာင္းပဲျဖစ္ပါတယ္ေနာ္။

Hla Day

Photo Credit - Hla Day

Hla Day

Hla Day ကိုေတာ့ လူသိမ်ားပါတယ္။ ဆိုင္ေလးဟာလည္း ခ်စ္စရာေကာင္းၿပီး ၀င္လိုက္တာနဲ႔ လိုခ်င္စရာ Accessories ေလးေတြနဲ႔ Souvenirs ေလးေတြ အမ်ားႀကီးကို ေတြ႕ရပါလိမ့္မယ္ေနာ္။ ၿခံဳထည္ေလးေတြ၊ လက္၀တ္ရတနာေလးေတြ၊ ပိုစ့္ကဒ္ေလးေတြ အစံုပါပဲ။

Photo Credit - Hla Day

ေနာက္ကြယ္ကေန ဒီလိုအလွအပပစၥည္းေလးေတြ၊ Handmade ေလးေတြ၊ Artwork ေလးေတြကို ျပဳလုပ္ေပးေနသူေတြကေတာ့ မိသားစုလုပ္ငန္းေလးေတြ၊ မသန္စြမ္းသူေတြ၊ HIV Positive ေ၀ဒနာသည္ အမ်ိဳးသမီးေလးေတြျဖစ္ၿပီး ဖန္တီးျပဳလုပ္ေပးေနတဲ့အဖြဲ႕အစည္းေပါင္း ၆၀ ရွိပါတယ္။ ဒီပစၥည္းေလးေတြကို ပံုေဖာ္ေပးေနတဲ့သူေတြအားလံုးထဲမွာ ၇၈ရာခိုင္ႏႈန္းဟာ အမ်ိဳးသမီးေတြခ်ည္းပါပဲ။

Photo Credit - Hla Day

Hla Day ပစၥည္းေလးေတြကို ၀ယ္ယူခ်င္ရင္ေတာ့ အမွတ္ (၈၁)၊ ပန္းဆိုးတန္းလမ္း၊ အလယ္ဘေလာက္မွာ သြား၀ယ္လို႔ရပါတယ္ေနာ္။

Eden Ministry

Photo Credit - Eden Ministry

ဒီဆိုင္ေလးကေတာ့ လက္၀တ္ရတနာေလးေတြကိုပဲ အဓိက ဖန္တီးေရာင္းခ်ေပးေနတဲ့ေနရာေလးပါ။ Eden Ministry ဟာ ျမန္မာႏုိင္ငံမွာ ပံုစံမ်ိဳးစံုနဲ႔ လူကုန္ကူးေနၾကတာကို တားဆီးေနတဲ့အဖြဲ႕အစည္းတစ္ခုျဖစ္ပါတယ္။

Photo Credit - Eden Ministry

ဒါ့အျပင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ လူကုန္ကူးခံခဲ့ရတဲ့ ျမန္မာအမ်ိဳးသမီးေလးေတြနဲ႔ ျပည့္တန္ဆာအျဖစ္ ခိုင္းေစခံေနရတဲ့၊ လုပ္ကိုင္ေနရတဲ့ အမ်ိဳးသမီးေလးေတြကို ကယ္တင္ၿပီး အခုလို လက္၀တ္ရတနာေလးေတြျပဳလုပ္တဲ့ အလုပ္အကိုင္အခြင့္အလမ္းအျပင္ တျခားအသက္ေမြး၀မ္းေက်ာင္းအလုပ္အကိုင္အခြင့္အလမ္းမ်ားပါ ရရွိေအာင္ သင္တန္းေတြေပးေနတဲ့လုပ္ငန္းေလးပါ။

Photo Credit - Eden Ministry

ဒီလုပ္ငန္းက ေရာင္းခ်ေပးေနတဲ့ လက္၀တ္ရတနာတစ္ခုခ်င္းဆီတိုင္းဟာ ဘ၀ကို ခက္ခက္ခဲခဲျဖတ္သန္းခဲ့ရတဲ့ ျမန္မာအမ်ိဳးသမီးေလးေတြရဲ႕ ဇာတ္လမ္းေတြကို Inspire ယူထားတာမို႔လို႔ အဓိပၸာယ္ရွိၿပီး လွပတဲ့ လက္၀တ္ရတနာေလးေတြပဲျဖစ္ပါတယ္။ Facebook Page ကေနတစ္ဆင့္ မွာယူလို႔ရပါတယ္ေနာ္။

SHE-Smith

Photo Credit - She-Smith

Photo Credit – SHE-Smith

SHE-Smith ကေတာ့ ျမန္မာႏုိင္ငံမွာ အမ်ိဳးသမီးပန္းထိမ္ဆရာမမ်ား ေပၚထြန္းလာႏုိင္ေအာင္ ႀကိဳးစားၿပီး ဒီအမ်ိဳးသမီးပန္းထိမ္ဆရာမေတြက ဖန္တီးလိုက္တဲ့ လက္၀တ္ရတနာေတြကို ျပန္လည္ေရာင္းခ်ေပးေနတဲ့လုပ္ငန္းပဲ ျဖစ္ပါတယ္။

Photo Credit - She-Smith

ျမန္မာႏုိင္ငံမွာ အမ်ိဳးသမီးေတြကို အမ်ိဳးသားေတြနဲ႔ တန္းတူအခြင့္အေရးရရွိေစဖို႔၊ အလုပ္အကိုင္အခြင့္အလမ္းေတြရရွိေစဖို႔ ႀကိဳးစားေနတဲ့ Akhaya Women Myanmar ကပဲ တည္ေထာင္ထားတာျဖစ္ၿပီး ဒီလုပ္ငန္းက လက္၀တ္ရတနာေလးေတြအားလံုးဟာလည္း ျမန္မာ့ယဥ္ေက်းမႈနဲ႔ အမ်ိဳးသမီးေတြရဲ႕ ခြန္အားေတြကို Inspire ယူထားတာပဲျဖစ္ပါတယ္။

Photo Credit - She-Smith

SHE-Smith ကေနၿပီးေတာ့ လက္ရွိမွာလည္း အမ်ိဳးသမီးပန္းထိမ္သင္တန္းမ်ားကို သင္ၾကားေပးေနပါတယ္ေနာ္။ SHE-Smith က ပစၥည္းေလးေတြကို အားေပးမယ္ဆိုရင္ေတာ့ Facebook Page ကေနတစ္ဆင့္ ဆက္သြယ္အားေပးလို႔ရပါတယ္။

လက္၀တ္ရတနာေလးေတြ ၀ယ္ဖို႔ စိတ္ကူးေနတယ္ဆိုရင္ေတာ့ ဒီအတိုင္း စီးပြားျဖစ္လုပ္ငန္းေတြက ဖန္တီးေရာင္းခ်တာကို ၀ယ္ယူမယ့္အစား လူမႈအက်ိဳးျပဳစီးပြားေရးလုပ္ငန္းေတြကေန ၀ယ္ယူတာက ကၽြန္မတို႔ ျမန္မာအမ်ိဳးသမီးေလးေတြကိုလည္း တစ္ဖက္တစ္လမ္းကေန ခြန္အားေပးတာနဲ႔ အတူတူပါပဲ။ သူတို႔ ေျခတစ္လွမ္း ပိုၿပီး လွမ္းႏိုင္ေအာင္ သူတို႔ရဲ႕ ဖန္တီးတီထြင္မႈေလးေတြကို အားေပး၀ယ္ယူရင္း ဂုဏ္ျပဳေပးလိုက္ၾကရေအာင္လား။

Photo Credit – Hla Day, Eden Ministry, SHE-Smith

Moethaesay (Akhayar)
[Unicode]

လူမှုအကျိုးပြုရင်း လက်ဝတ်ရတနာလှလှလေးတွေ ဝတ်ဆင်ရအောင်

မိန်းကလေးတွေက လက်ဝတ်ရတနာတွေ မြင်ရင် မနေနိုင်အောင် ကြိုက်နှစ်သက်ကြပါတယ်နော်။ ဟိုမှာတွေ့လည်း ဝယ်၊ ဒီမှာတွေ့လည်း ဝယ်၊ တွေ့တဲ့နေရာတိုင်းမှာ ဝယ်နေတော့တာပါပဲ။ ဒီနေ့ ပြောပြပေးချင်တာကတော့ လိုအပ်ချက်လေးတွေကိုယ်စီနဲ့ ရုန်းကန်းနေကြရတဲ့ မြန်မာအမျိုးသမီးလေးတွေကို တစ်ဖက်တစ်လမ်းက ကူညီထောက်ပံ့ရင်း၊ သူတို့ကို နားခိုစရာနေရာနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပေးနေရင်း ဖွင့်လှစ်ပေးထားတဲ့ မိန်းကလေးတွေအကြိုက် ရန်ကုန်မြို့က လူမှုအကျိုးပြုစီးပွားရေးဆိုင်လေး သုံးဆိုင်အကြောင်းပဲဖြစ်ပါတယ်နော်။

Hla Day

Photo Credit - Hla Day

Hla Day

Hla Day ကိုတော့ လူသိများပါတယ်။ ဆိုင်လေးဟာလည်း ချစ်စရာကောင်းပြီး ဝင်လိုက်တာနဲ့ လိုချင်စရာ Accessories လေးတွေနဲ့ Souvenirs လေးတွေ အများကြီးကို တွေ့ရပါလိမ့်မယ်နော်။ ခြုံထည်လေးတွေ၊ လက်ဝတ်ရတနာလေးတွေ၊ ပိုစ့်ကဒ်လေးတွေ အစုံပါပဲ။

Photo Credit - Hla Day

နောက်ကွယ်ကနေ ဒီလိုအလှအပပစ္စည်းလေးတွေ၊ Handmade လေးတွေ၊ Artwork လေးတွေကို ပြုလုပ်ပေးနေသူတွေကတော့ မိသားစုလုပ်ငန်းလေးတွေ၊ မသန်စွမ်းသူတွေ၊ HIV Positive ဝေဒနာသည် အမျိုးသမီးလေးတွေဖြစ်ပြီး ဖန်တီးပြုလုပ်ပေးနေတဲ့အဖွဲ့အစည်းပေါင်း ၆၀ ရှိပါတယ်။ ဒီပစ္စည်းလေးတွေကို ပုံဖော်ပေးနေတဲ့သူတွေအားလုံးထဲမှာ ၇၈ရာခိုင်နှုန်းဟာ အမျိုးသမီးတွေချည်းပါပဲ။

Photo Credit - Hla Day

Hla Day ပစ္စည်းလေးတွေကို ဝယ်ယူချင်ရင်တော့ အမှတ် (၈၁)၊ ပန်းဆိုးတန်းလမ်း၊ အလယ်ဘလောက်မှာ သွားဝယ်လို့ရပါတယ်နော်။

Eden Ministry

Photo Credit - Eden Ministry

ဒီဆိုင်လေးကတော့ လက်ဝတ်ရတနာလေးတွေကိုပဲ အဓိက ဖန်တီးရောင်းချပေးနေတဲ့နေရာလေးပါ။ Eden Ministry ဟာ မြန်မာနိုင်ငံမှာ ပုံစံမျိုးစုံနဲ့ လူကုန်ကူးနေကြတာကို တားဆီးနေတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

Photo Credit - Eden Ministry

ဒါ့အပြင် အကြောင်းအမျိုးမျိုးကြောင့် လူကုန်ကူးခံခဲ့ရတဲ့ မြန်မာအမျိုးသမီးလေးတွေနဲ့ ပြည့်တန်ဆာအဖြစ် ခိုင်းစေခံနေရတဲ့၊ လုပ်ကိုင်နေရတဲ့ အမျိုးသမီးလေးတွေကို ကယ်တင်ပြီး အခုလို လက်ဝတ်ရတနာလေးတွေပြုလုပ်တဲ့ အလုပ်အကိုင်အခွင့်အလမ်းအပြင် တခြားအသက်မွေးဝမ်းကျောင်းအလုပ်အကိုင်အခွင့်အလမ်းများပါ ရရှိအောင် သင်တန်းတွေပေးနေတဲ့လုပ်ငန်းလေးပါ။

Photo Credit - Eden Ministry

ဒီလုပ်ငန်းက ရောင်းချပေးနေတဲ့ လက်ဝတ်ရတနာတစ်ခုချင်းဆီတိုင်းဟာ ဘဝကို ခက်ခက်ခဲခဲဖြတ်သန်းခဲ့ရတဲ့ မြန်မာအမျိုးသမီးလေးတွေရဲ့ ဇာတ်လမ်းတွေကို Inspire ယူထားတာမို့လို့ အဓိပ္ပာယ်ရှိပြီး လှပတဲ့ လက်ဝတ်ရတနာလေးတွေပဲဖြစ်ပါတယ်။ Facebook Page ကနေတစ်ဆင့် မှာယူလို့ရပါတယ်နော်။

SHE-Smith

Photo Credit - She-Smith

Photo Credit – SHE-Smith

SHE-Smith ကတော့ မြန်မာနိုင်ငံမှာ အမျိုးသမီးပန်းထိမ်ဆရာမများ ပေါ်ထွန်းလာနိုင်အောင် ကြိုးစားပြီး ဒီအမျိုးသမီးပန်းထိမ်ဆရာမတွေက ဖန်တီးလိုက်တဲ့ လက်ဝတ်ရတနာတွေကို ပြန်လည်ရောင်းချပေးနေတဲ့လုပ်ငန်းပဲ ဖြစ်ပါတယ်။

Photo Credit - She-Smith

မြန်မာနိုင်ငံမှာ အမျိုးသမီးတွေကို အမျိုးသားတွေနဲ့ တန်းတူအခွင့်အရေးရရှိစေဖို့၊ အလုပ်အကိုင်အခွင့်အလမ်းတွေရရှိစေဖို့ ကြိုးစားနေတဲ့ Akhaya Women Myanmar ကပဲ တည်ထောင်ထားတာဖြစ်ပြီး ဒီလုပ်ငန်းက လက်ဝတ်ရတနာလေးတွေအားလုံးဟာလည်း မြန်မာ့ယဉ်ကျေးမှုနဲ့ အမျိုးသမီးတွေရဲ့ ခွန်အားတွေကို Inspire ယူထားတာပဲဖြစ်ပါတယ်။

Photo Credit - She-Smith

SHE-Smith ကနေပြီးတော့ လက်ရှိမှာလည်း အမျိုးသမီးပန်းထိမ်သင်တန်းများကို သင်ကြားပေးနေပါတယ်နော်။ SHE-Smith က ပစ္စည်းလေးတွေကို အားပေးမယ်ဆိုရင်တော့ Facebook Page ကနေတစ်ဆင့် ဆက်သွယ်အားပေးလို့ရပါတယ်။

လက်ဝတ်ရတနာလေးတွေ ဝယ်ဖို့ စိတ်ကူးနေတယ်ဆိုရင်တော့ ဒီအတိုင်း စီးပွားဖြစ်လုပ်ငန်းတွေက ဖန်တီးရောင်းချတာကို ဝယ်ယူမယ့်အစား လူမှုအကျိုးပြုစီးပွားရေးလုပ်ငန်းတွေကနေ ဝယ်ယူတာက ကျွန်မတို့ မြန်မာအမျိုးသမီးလေးတွေကိုလည်း တစ်ဖက်တစ်လမ်းကနေ ခွန်အားပေးတာနဲ့ အတူတူပါပဲ။ သူတို့ ခြေတစ်လှမ်း ပိုပြီး လှမ်းနိုင်အောင် သူတို့ရဲ့ ဖန်တီးတီထွင်မှုလေးတွေကို အားပေးဝယ်ယူရင်း ဂုဏ်ပြုပေးလိုက်ကြရအောင်လား။

Photo Credit – Hla Day, Eden Ministry, SHE-Smith

Moethaesay (Akhayar)