[Zawgyi]

‘ငဒူ’ရုပ္ရွင္ဇာတ္ကားကို ၾကည့္ၿပီးရင္ ဦးေနွာက္နဲ႔နွလံုးသားဘယ္အပိုင္းႀကီးေနတယ္ ဆိုတာဆန္းစစ္ၾကမယ္

ဒါရိုက္တာညႊန္႔ျမန္မာညီညီေအာင္ရဲ ႔’ငဒူ’ရုပ္ရွင္ဇာတ္ကားကို မၾကည့္ရေသးတဲ့ သူေတြသြားၾကည့္ၾကပါလို႔ ညႊန္းခ်င္ပါတယ္။ ဘဝရဲ ႔ အေရးႀကီးတဲ့ အခ်ိန္ေတြမွာ တစ္ပါးသူတစ္ေယာက္ကိုကူညီတဲ့သူနဲ႔ အတၱႀကီးတဲ့သူေတြအေၾကာင္းကို အသားေပးရိုက္ကူးထားၿပီး ‘ငဒူ’ဇာတ္ေကာင္ကို အဓိကထားကာ ပညာေပးခဲ့တဲ့ ဇာတ္ကားတစ္ခုလည္း ျဖစ္ပါတယ္။

ရိုက္ကြင္း ရိုက္ကြက္ ရိုက္ခ်က္ေတြဟာ ၾကည့္ရႈသူေတြကို မ်က္စိျမင္ေျပာင္းလဲေစတဲ့ ပံုေဖာ္မႈေတြကိုေတြ႔ရသလို ဇာတ္ကားတစ္ခုလံုး အပိုအလိုမရွိေအာင္ၾကည့္ေကာင္းတဲ့ရုပ္ရွင္ကား လည္း ျဖစ္ပါတယ္။ မင္းသားျဖစ္သူျမင့္ျမတ္ရဲ ႔သရုပ္ေဆာင္ေကာင္းတာေၾကာင့္ ငဒူဇာတ္ရုပ္ကို ကြင္းကြင္းကြက္ကြက္ ေတြ႔ျမင္ေစပါတယ္။ ျမင့္ျမတ္ဟာ ဒီဇာတ္ကားနဲ႔ ေနာက္ထပ္အကယ္ဒမီ ဆုတစ္ဆု ကိုရရွိနို္င္မယ္လို႔ေတာင္ထင္ရပါတယ္။

‘ငဒူ’ရုပ္ရွင္ဟာ ေပ်ာ္စရာဟာသေတြ ပါဝင္သလို ငဒူကိုသနားမိလို႔ငိုရမယ့္ ဇာတ္ဝင္ခန္းေတြလည္းရွိပါတယ္။ ပါဝင္ၾကတဲ့ တျခားသရုပ္ေဆာင္ေတြကလည္း’ ငဒူ’ ရဲ ႔ဇာတ္ရုပ္ကို ပီျပင္ေအာင္လို႔ပံံ႔ပိုးရာမွာ ကြက္တိက်တဲ့ အတြက္’ငဒူ’ရုပ္ရွင္ကို ၾကည့္ေနရတာနဲ႔မတူဘဲ ‘ငဒူ’ တို႔ေနတဲ့ရြာေလးကို ေရာက္ေနသလိုပါပဲ။

‘ငဒူ’ဟာ ငယ္စဥ္ကတည္းကအေမေသဆံုးသြားၿပီး အေဖကလည္းသူလူမွန္းသိတတ္စအရြယ္ေလာက္မွာေသဆံုးသြားခဲ့တဲ့ အတြက္ ဘႀကီးျဖစ္သူနဲ႔ အတူတူေနထိုင္ရင္းဘဝကို ျဖတ္သန္းခဲ့သူျဖစ္ပါတယ္။ ရြာမွာဆိုရင္ စိတ္ထားျဖဴစင္တဲ့ ‘ငဒူ’ကို အနိုင္က်င့္ခ်င္သူေတြကလည္း မ်ားပါတယ္။’ ငဒူ’ကကူညီတတ္တယ္ ၊ ေပ်ာ္ေပ်ာ္ေနတတ္တယ္ ၊ စိတ္ထားေကာင္းတယ္ ၊ သူ႔မွာ တဖက္သပ္ခ်စ္ရတဲ့ေကာင္မေလးတစ္ေယာက္ရွိတယ္ ၊ ကေလးေတြကို ခ်စ္တတ္တယ္။ နွလံုးသားႀကီးၿပီး ဦးေနွာက္မရွိလို႔ သူ႔ကို ငဒူဆိုၿပီးေတာ့ ရြာဦးေက်ာင္းဆရာေတာ္က သတ္မွတ္ေပးထားတာျဖစ္ပါတယ္။ နွလံုးသားမရွိဘဲ ဦးေနွာက္ႀကီးပဲရွိတဲ့ သူေတြကေတာ့ အတၱႀကီးတဲ့ သူေတြလူဆိုးလူမိုက္ေတြတဲ့ေလ။ ဒီရုပ္ရွင္ဇာတ္ကားေလးကို မၾကည့္ရေသးတဲ့သူေတြသြားၾကည့္ပါ။ ‘ငဒူ’ေၾကာင့္ေပ်ာ္ရမယ္ ၊ ‘ငဒူ’ေၾကာင့္ဝမ္းနည္းရမယ္ တစ္ခ်ိန္တည္းမွာခံစားရမယ့္ ရသေတြ မ်ားပါတယ္။ ဒါေၾကာင့္ ‘ငဒူ’ဇာတ္ကားကိုၾကည့္ရင္းတန္ဖိုးရွိတဲ့အခ်ိန္ေတြ ကိုကုန္ဆံုးလိုက္ၾကပါလို႔ သတင္းစကားပါးလိုက္ပါတယ္။

ဇာတ္ကားထဲမွာ ပါဝင္တဲ့ သရုပ္ေဆာင္ေတြကေတာ့ ျမင့္ျမတ္ ၊ ေရႊမႈန္ရတီ ၊ နန္းဆုဦး ၊ မင္းဦး နဲ႔ တျခားအနုပညာရွင္မ်ားစြာပါဝင္ထားတဲ့ ဇာတ္ကားေကာင္းတစ္ခုျဖစ္ပါတယ္။ ‘ငဒူ’ဇာတ္ကားကိုေတာ့ ဇြန္လ ၂၉ ရက္ေန႔က စတင္ျပသခဲ့တာျဖစ္ၿပီး အခုဆိုရင္လည္း ဒုတိယအပတ္အေနနဲ႔ ဆက္လက္ျပသလ်က္ရွိတာျဖစ္ပါတယ္။

“ငဒူ” ႐ုပ္ရွင္ဇာတ္ကား ရရွိတဲ့ေငြေတြထဲမွ မိဘမဲ့ကေလးမ်ားအတြက္ ရည္စူးၿပီး လွဴဒါန္းမႈေတြကိုလည္း ျပဳလုပ္သြားဦးမွာျဖစ္ပါတယ္။  ၿပီးခဲ့တဲ့ ဇူလိုင္လ ၅ ရက္ေန႔ကေတာ့ လွည္းကူးၿမိဳ ႔ရွိေမတၱာမြန္ ပရဟိတေက်ာင္းကို ေငြက်ပ္သိန္း ၃၀ ကို လွဴဒါန္းခဲ့တယ္လို႔သိရပါတယ္။

Photo Credit:ငဒူ Facebook Page

ၾကည္သာ (Akhayar)

www.akhayar.com
[Unicode]

‘ငဒူ’ရုပ်ရှင်ဇာတ်ကားကို ကြည့်ပြီးရင် ဦးနှောက်နဲ့နှလုံးသားဘယ်အပိုင်းကြီးနေတယ် ဆိုတာဆန်းစစ်ကြမယ်

ဒါရိုက်တာညွှန့်မြန်မာညီညီအောင်ရဲ့’ငဒူ’ရုပ်ရှင်ဇာတ်ကားကို မကြည့်ရသေးတဲ့ သူတွေသွားကြည့်ကြပါလို့ ညွှန်းချင်ပါတယ်။ ဘဝရဲ့ အရေးကြီးတဲ့ အချိန်တွေမှာ တစ်ပါးသူတစ်ယောက်ကိုကူညီတဲ့သူနဲ့ အတ္တကြီးတဲ့သူတွေအကြောင်းကို အသားပေးရိုက်ကူးထားပြီး ‘ငဒူ’ဇာတ်ကောင်ကို အဓိကထားကာ ပညာပေးခဲ့တဲ့ ဇာတ်ကားတစ်ခုလည်း ဖြစ်ပါတယ်။

ရိုက်ကွင်း ရိုက်ကွက် ရိုက်ချက်တွေဟာ ကြည့်ရှုသူတွေကို မျက်စိမြင်ပြောင်းလဲစေတဲ့ ပုံဖော်မှုတွေကိုတွေ့ရသလို ဇာတ်ကားတစ်ခုလုံး အပိုအလိုမရှိအောင်ကြည့်ကောင်းတဲ့ရုပ်ရှင်ကား လည်း ဖြစ်ပါတယ်။ မင်းသားဖြစ်သူမြင့်မြတ်ရဲ့သရုပ်ဆောင်ကောင်းတာကြောင့် ငဒူဇာတ်ရုပ်ကို ကွင်းကွင်းကွက်ကွက် တွေ့မြင်စေပါတယ်။ မြင့်မြတ်ဟာ ဒီဇာတ်ကားနဲ့ နောက်ထပ်အကယ်ဒမီ ဆုတစ်ဆု ကိုရရှိနိုင်မယ်လို့တောင်ထင်ရပါတယ်။

‘ငဒူ’ရုပ်ရှင်ဟာ ပျော်စရာဟာသတွေ ပါဝင်သလို ငဒူကိုသနားမိလို့ငိုရမယ့် ဇာတ်ဝင်ခန်းတွေလည်းရှိပါတယ်။ ပါဝင်ကြတဲ့ တခြားသရုပ်ဆောင်တွေကလည်း’ ငဒူ’ ရဲ့ဇာတ်ရုပ်ကို ပီပြင်အောင်လို့ပံံ့ပိုးရာမှာ ကွက်တိကျတဲ့ အတွက်’ငဒူ’ရုပ်ရှင်ကို ကြည့်နေရတာနဲ့မတူဘဲ ‘ငဒူ’ တို့နေတဲ့ရွာလေးကို ရောက်နေသလိုပါပဲ။

‘ငဒူ’ဟာ ငယ်စဉ်ကတည်းကအမေသေဆုံးသွားပြီး အဖေကလည်းသူလူမှန်းသိတတ်စအရွယ်လောက်မှာသေဆုံးသွားခဲ့တဲ့ အတွက် ဘကြီးဖြစ်သူနဲ့ အတူတူနေထိုင်ရင်းဘဝကို ဖြတ်သန်းခဲ့သူဖြစ်ပါတယ်။ ရွာမှာဆိုရင် စိတ်ထားဖြူစင်တဲ့ ‘ငဒူ’ကို အနိုင်ကျင့်ချင်သူတွေကလည်း များပါတယ်။’ ငဒူ’ကကူညီတတ်တယ် ၊ ပျော်ပျော်နေတတ်တယ် ၊ စိတ်ထားကောင်းတယ် ၊ သူ့မှာ တဖက်သပ်ချစ်ရတဲ့ကောင်မလေးတစ်ယောက်ရှိတယ် ၊ ကလေးတွေကို ချစ်တတ်တယ်။ နှလုံးသားကြီးပြီး ဦးနှောက်မရှိလို့ သူ့ကို ငဒူဆိုပြီးတော့ ရွာဦးကျောင်းဆရာတော်က သတ်မှတ်ပေးထားတာဖြစ်ပါတယ်။ နှလုံးသားမရှိဘဲ ဦးနှောက်ကြီးပဲရှိတဲ့ သူတွေကတော့ အတ္တကြီးတဲ့ သူတွေလူဆိုးလူမိုက်တွေတဲ့လေ။ ဒီရုပ်ရှင်ဇာတ်ကားလေးကို မကြည့်ရသေးတဲ့သူတွေသွားကြည့်ပါ။ ‘ငဒူ’ကြောင့်ပျော်ရမယ် ၊ ‘ငဒူ’ကြောင့်ဝမ်းနည်းရမယ် တစ်ချိန်တည်းမှာခံစားရမယ့် ရသတွေ များပါတယ်။ ဒါကြောင့် ‘ငဒူ’ဇာတ်ကားကိုကြည့်ရင်းတန်ဖိုးရှိတဲ့အချိန်တွေ ကိုကုန်ဆုံးလိုက်ကြပါလို့ သတင်းစကားပါးလိုက်ပါတယ်။

ဇာတ်ကားထဲမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကတော့ မြင့်မြတ် ၊ ရွှေမှုန်ရတီ ၊ နန်းဆုဦး ၊ မင်းဦး နဲ့ တခြားအနုပညာရှင်များစွာပါဝင်ထားတဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။ ‘ငဒူ’ဇာတ်ကားကိုတော့ ဇွန်လ ၂၉ ရက်နေ့က စတင်ပြသခဲ့တာဖြစ်ပြီး အခုဆိုရင်လည်း ဒုတိယအပတ်အနေနဲ့ ဆက်လက်ပြသလျက်ရှိတာဖြစ်ပါတယ်။

“ငဒူ” ရုပ်ရှင်ဇာတ်ကား ရရှိတဲ့ငွေတွေထဲမှ မိဘမဲ့ကလေးများအတွက် ရည်စူးပြီး လှူဒါန်းမှုတွေကိုလည်း ပြုလုပ်သွားဦးမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့ကတော့ လှည်းကူးမြို့ရှိမေတ္တာမွန် ပရဟိတကျောင်းကို ငွေကျပ်သိန်း ၃၀ ကို လှူဒါန်းခဲ့တယ်လို့သိရပါတယ်။

Photo Credit:ငဒူ Facebook Page

ကြည်သာ (Akhayar)

www.akhayar.com