[Zawgyi]

PSG အသင္းမွာပဲ ဆက္ကစားဖုိ႔ ရာႏႈန္းျပည့္ေသခ်ာတယ္လုိ႔ အတည္ျပဳခဲ့တဲ့ ေနမာ Neymar

လက္ရွိအေျပာင္းအေရႊ႕ေစ်းကြက္အတြင္း အနာဂတ္နဲ႔ပတ္သက္တဲ့ သတင္းေတြအမ်ိဳးမ်ိဳးထြက္ေနေပမယ့္လည္း ဘရာဇီးလ္နာမည္ေက်ာ္တိုက္စစ္မွဴး ေနမာ Neymar ကေတာ့ PSG အသင္းမွာ ဆက္ရွိေနဖုိ႔က ၁၀၀ ရာခုိင္ႏႈန္း ေသခ်ာတယ္ဆုိၿပီး အတည္ျပဳေျပာၾကားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္က ကမၻာ႔စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ယူ႐ုိ(၂၂၂)သန္းနဲ႔ ဘာစီလုိနာအသင္းကေန ေျပာင္းေရႊ႕ခဲ့သူ ေနမာကုိ လာလီဂါထိပ္သီး ရီးယဲလ္ Real Madrid အသငး္က ေခၚယူဖုိ႔ ပစ္မွတ္ထားေနၿပီး သေဘာတူညီမႈရရွိေတာ့မယ္လုိ႔ စပိန္မီဒီယာေတြက ေဖာ္ျပေနၾကတယ္။

Neymar

Neymar

ဒါေပမဲ့ ေနမာက အဲဒီသတင္းေတြကုိ ျငင္းဆန္ခဲ့ၿပီး PSG အသင္းမွာပဲ ဆက္ကစားမယ္လုိ႔ လူသိရွင္ၾကား ေျပာဆုိခဲ့တာပါ။ ေနမာက “ကၽြန္ေတာ္ PSG အသင္းမွာ ဆက္ရွိေနဖုိ႔က ၁၀၀ ရာခုိင္ႏႈန္းအျပည့္ပါပဲ။ လက္ရွိအခ်ိန္မွာ ကၽြန္ေတာ္နဲ႔ပတ္သက္ၿပီး ေ၀ဖန္မႈေတြ ထြက္ေပၚေနတာကုိ ၾကားသိခဲ့ရပါတယ္။ ကၽြန္ေတာ့္ကုိ ဘယ္လုိေ၀ဖန္ေနလဲဆုိတာကုိလည္း သိပါတယ္။ အဲဒါေတြကုိ ဘယ္လုိေျဖရွင္းရမလဲဆုိတာ ကၽြန္ေတာ္ နားလည္ထားၿပီးသားပါ။ ကၽြန္ေတာ္နဲ႔ ရင္းႏွီးတဲ့သူတိုင္း ဘယ္ေလာက္အထိ ကၽြန္ေတာ္႐ုန္းကန္ေနရလဲဆုိတာ သေဘာေပါက္နားလည္ၿပီးသားပါပဲ”လုိ႔ ဆုိခဲ့တယ္။ ရီးယဲလ္အသငး္ဟာ ေနမာအျပင္ PSG လူငယ္ၾကယ္ပြင့္ ကစားသမား ဘာေပ Mbappe ကုိလည္း ႀကိဳးပမ္းေနေပမယ့္ ဘာေပက PSG အသင္းက ထြက္ခြာမွာ မဟုတ္ဘူးလုိ႔ ၿပီးခဲ့တဲ့ရက္ပုိင္းအတြင္းက ဖြင့္ဟေျပာဆုိခဲ့ပါတယ္။

REF:Marca
Photo:AS,Neopolis
Naing Linn(Akhayar)
www.akhayar.com

[Unicode]

PSG အသင်းမှာပဲ ဆက်ကစားဖို့ ရာနှုန်းပြည့်သေချာတယ်လို့ အတည်ပြုခဲ့တဲ့ နေမာ Neymar

လက်ရှိအပြောင်းအရွှေ့ဈေးကွက်အတွင်း အနာဂတ်နဲ့ပတ်သက်တဲ့ သတင်းတွေအမျိုးမျိုးထွက်နေပေမယ့်လည်း ဘရာဇီးလ်နာမည်ကျော်တိုက်စစ်မှူး နေမာ Neymar ကတော့ PSG အသင်းမှာ ဆက်ရှိနေဖို့က ၁၀၀ ရာခိုင်နှုန်း သေချာတယ်ဆိုပြီး အတည်ပြုပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို(၂၂၂)သန်းနဲ့ ဘာစီလိုနာအသင်းကနေ ပြောင်းရွှေ့ခဲ့သူ နေမာကို လာလီဂါထိပ်သီး ရီးယဲလ် Real Madrid အသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး သဘောတူညီမှုရရှိတော့မယ်လို့ စပိန်မီဒီယာတွေက ဖော်ပြနေကြတယ်။

Neymar

Neymar

ဒါပေမဲ့ နေမာက အဲဒီသတင်းတွေကို ငြင်းဆန်ခဲ့ပြီး PSG အသင်းမှာပဲ ဆက်ကစားမယ်လို့ လူသိရှင်ကြား ပြောဆိုခဲ့တာပါ။ နေမာက “ကျွန်တော် PSG အသင်းမှာ ဆက်ရှိနေဖို့က ၁၀၀ ရာခိုင်နှုန်းအပြည့်ပါပဲ။ လက်ရှိအချိန်မှာ ကျွန်တော်နဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ ထွက်ပေါ်နေတာကို ကြားသိခဲ့ရပါတယ်။ ကျွန်တော့်ကို ဘယ်လိုဝေဖန်နေလဲဆိုတာကိုလည်း သိပါတယ်။ အဲဒါတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ ကျွန်တော် နားလည်ထားပြီးသားပါ။ ကျွန်တော်နဲ့ ရင်းနှီးတဲ့သူတိုင်း ဘယ်လောက်အထိ ကျွန်တော်ရုန်းကန်နေရလဲဆိုတာ သဘောပေါက်နားလည်ပြီးသားပါပဲ”လို့ ဆိုခဲ့တယ်။ ရီးယဲလ်အသင်းဟာ နေမာအပြင် PSG လူငယ်ကြယ်ပွင့် ကစားသမား ဘာပေ Mbappe ကိုလည်း ကြိုးပမ်းနေပေမယ့် ဘာပေက PSG အသင်းက ထွက်ခွာမှာ မဟုတ်ဘူးလို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဖွင့်ဟပြောဆိုခဲ့ပါတယ်။

REF:Marca
Photo:AS,Neopolis
Naing Linn(Akhayar)
www.akhayar.com