[Zawgyi]

မ႐ိုးႏိုင္တဲ႔ ေနမာ Neymar ရဲ႕ အေျပာင္းအေရႊ႕ပံုျပင္

PSG တိုက္စစ္ကစားသမား ေနမာ Neymar ရဲ႕ အေျပာင္းအေရႊ႕သတင္းေတြဟာ ဘယ္ေတာ႔မွ ႐ိုးသြားမွာမဟုတ္တဲ႔ အရာေတြလို႔ပဲေျပာရမွာပါ။ ၂၀၁၇ ခုႏွစ္က ဘာစီလိုနာအသင္းကေန PSG အသင္းကို ကမၻာ႔စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးေပါင္(၁၉၈)သန္းနဲ႔ ေျပာင္းေရႊ႕ခဲ႔တဲ႔ ေနမာ ဟာ အသင္းမွာ ေျခစြမ္းျပကစားျပီး ဂိုးေတြသြင္းယူေနေပမယ္႔ မၾကာခဏ ဆိုသလိုပဲ အသင္းမွာ ေပ်ာ္ရႊင္ျခင္းမရိွဘူးလို႔ သတင္းေတြထြက္ခဲ႔သူပါ။ ဘာစီလိုနာအသင္းမွာ မက္ဆီ Messi ရဲ႕ ေလာင္းရိပ္ေအာက္ကေန႐ုန္းထြက္ခဲ႔တဲ႔ ေနမာ ဟာ PSG အသင္းမွာ ဘာေပ Mbappé ရဲ႕ ေလာင္းရိပ္မိေနတယ္လို႔ ထင္ျမင္ ယူဆခ်က္ေတြလည္းရိွေနပါတယ္။

Mbappe-And-Neymar

Mbappe-And-Neymar

ေနမာ ကိုေခၚယူဖို႔အတြက္ ရီးယဲလ္နဲ႔ ဘာစီလိုနာအသင္းတို႔က စိတ္၀င္စားေနၾကျပီး ေနမာ ရဲ႕ စိတ္ဟာ ရီးယဲလ္ထက္ အသင္းေဟာင္း ဘာစီလိုနာအသင္းဆီ ပိုအေလးသာေနတာကို အားလံုးအသိပါပဲ။ ေနမာရဲ႕ ကစားေဖာ္ေဟာင္းေတြက ေနမာ ဟာ ဘာစီလိုနာအသင္းကို ျပန္ခ်င္တယ္လို႔ ဆိုထားၾကျပီး ဘာစီလိုနာအသင္းဟာလည္း အသက္အရြယ္ရလာတဲ႔ ဆြာရက္ဇ္ Suárez ရဲ႕ ေနရာမွာအစားထိုးဖို႔ တိုက္စစ္ကစားသမားရွာေနတဲ႔ အသင္းျဖစ္တာေၾကာင္႔ အေနအထားေတြဟာ စိတ္၀င္စားစရာျဖစ္ေနပါတယ္။

Suárez-And-Neymar

Suárez-And-Neymar

လက္ရိွမွာ အသင္းရဲ႕ ၾကယ္ပြင္႔တိုက္စစ္ ကစားသမားေဟာင္း ေနမာ ကိုျပန္ေခၚဖို႔ ဘာစီလိုနာအသင္းရဲ႕ ျပင္ဆင္မႈဟာ ေနမာ ကို PSG အသင္းကေန ထြက္ခြာဖို႔ အားေပးေနသလိုျဖစ္ေနတယ္လို႔ သတင္းေတြကလည္း ေဖာ္ျပေနၾကပါတယ္။ ဒါေၾကာင္႔ အသင္းေဟာင္းကို သံေယာဇဥ္မကုန္ေသးနဲ႔ ေနမာ နဲ႔ ကစားသမားေဟာင္းကို ျပန္လည္ၾကိဳဆိုေနတဲ႔ ဘာစီလိုနာအသင္းတို႔ရဲ႕ အေျပာင္းအေရႊ႕ဇာတ္လမ္းဟာ ဘယ္လိုအဆံုးသတ္မလဲဆိုတာ …

Ref: Goal.com
Photo: Sportzwiki , lajm.net
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

မရိုးနိုင်တဲ့ နေမာ Neymar ရဲ့ အပြောင်းအရွှေ့ပုံပြင်

PSG တိုက်စစ်ကစားသမား နေမာ Neymar ရဲ့ အပြောင်းအရွှေ့သတင်းတွေဟာ ဘယ်တော့မှ ရိုးသွားမှာမဟုတ်တဲ့ အရာတွေလို့ပဲပြောရမှာပါ။ ၂၀၁၇ ခုနှစ်က ဘာစီလိုနာအသင်းကနေ PSG အသင်းကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်(၁၉၈)သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ နေမာ ဟာ အသင်းမှာ ခြေစွမ်းပြကစားပြီး ဂိုးတွေသွင်းယူနေပေမယ့် မကြာခဏ ဆိုသလိုပဲ အသင်းမှာ ပျော်ရွှင်ခြင်းမရှိဘူးလို့ သတင်းတွေထွက်ခဲ့သူပါ။ ဘာစီလိုနာအသင်းမှာ မက်ဆီ Messi ရဲ့ လောင်းရိပ်အောက်ကနေရုန်းထွက်ခဲ့တဲ့ နေမာ ဟာ PSG အသင်းမှာ ဘာပေ Mbappé ရဲ့ လောင်းရိပ်မိနေတယ်လို့ ထင်မြင် ယူဆချက်တွေလည်းရှိနေပါတယ်။

Mbappe-And-Neymar

Mbappe-And-Neymar

နေမာ ကိုခေါ်ယူဖို့အတွက် ရီးယဲလ်နဲ့ ဘာစီလိုနာအသင်းတို့က စိတ်ဝင်စားနေကြပြီး နေမာ ရဲ့ စိတ်ဟာ ရီးယဲလ်ထက် အသင်းဟောင်း ဘာစီလိုနာအသင်းဆီ ပိုအလေးသာနေတာကို အားလုံးအသိပါပဲ။ နေမာရဲ့ ကစားဖော်ဟောင်းတွေက နေမာ ဟာ ဘာစီလိုနာအသင်းကို ပြန်ချင်တယ်လို့ ဆိုထားကြပြီး ဘာစီလိုနာအသင်းဟာလည်း အသက်အရွယ်ရလာတဲ့ ဆွာရက်ဇ် Suárez ရဲ့ နေရာမှာအစားထိုးဖို့ တိုက်စစ်ကစားသမားရှာနေတဲ့ အသင်းဖြစ်တာကြောင့် အနေအထားတွေဟာ စိတ်ဝင်စားစရာဖြစ်နေပါတယ်။

Suárez-And-Neymar

Suárez-And-Neymar

လက်ရှိမှာ အသင်းရဲ့ ကြယ်ပွင့်တိုက်စစ် ကစားသမားဟောင်း နေမာ ကိုပြန်ခေါ်ဖို့ ဘာစီလိုနာအသင်းရဲ့ ပြင်ဆင်မှုဟာ နေမာ ကို PSG အသင်းကနေ ထွက်ခွာဖို့ အားပေးနေသလိုဖြစ်နေတယ်လို့ သတင်းတွေကလည်း ဖော်ပြနေကြပါတယ်။ ဒါကြောင့် အသင်းဟောင်းကို သံယောဇဉ်မကုန်သေးနဲ့ နေမာ နဲ့ ကစားသမားဟောင်းကို ပြန်လည်ကြိုဆိုနေတဲ့ ဘာစီလိုနာအသင်းတို့ရဲ့ အပြောင်းအရွှေ့ဇာတ်လမ်းဟာ ဘယ်လိုအဆုံးသတ်မလဲဆိုတာ …

Ref: Goal.com
Photo: Sportzwiki , lajm.net
Ko Kyue(Akhayar)
www.akhayar.com