[Zawgyi]

ရီးယဲလ္နဲ႔ခ်န္ပီယံလိဂ္ပဲြႀကီးပဲြေကာင္းမတိုင္ခင္ ဒဏ္ရာရခဲ့တဲ့ ေနမာ Neymar

PSG အသင္းရဲ႕ အဓိက တိုက္စစ္မွဴးျဖစ္တဲ့ ေနမာ Neymar ဟာ မာေဆးလ္နဲ႔ကစားခ့ဲတဲ့ပဲြမွာ ဒဏ္ရာရခဲ့လုိ႔ ရီးယဲလ္နဲ႔ခ်န္ပီယံလိဂ္ပဲြႀကီးပဲြေကာင္းႏႊဲရမယ့္ PSG အသင္းအတြက္ ထုိးႏွက္ခ်က္ျဖစ္ခဲ့ရပါတယ္။ မာေဆးလ္အသင္းကုိ (၃-၀)ဂုိးနဲ႔ႏုိင္ခဲ့တဲ့ျပင္သစ္လီဂူးပဲြမွာေနမာဟာ ပဲြခ်ိန္မိနစ္(၈၀)မွာ ေျခခ်င္း၀တ္ဒဏ္ရာရရွိခဲ့တာျဖစ္ၿပီး ကြင္းထဲကေန ထမ္းစင္နဲ႔သယ္ယူသြားခဲ့ရတဲ့အထိ ျဖစ္ခဲ့ရပါတယ္။PSG အသင္းဟာ ခ်န္ပီယံလိဂ္႐ႈံ႔းထြက္(၁၆)သင္းအဆင့္ ပထမအေက်ာ့မွာ ရီးယဲလ္ကုိ (၁-၃)ဂုိးနဲ႔ ႐ႈံးနိမ့္ခဲ့ၿပီး လာမယ့္မတ္လ(၆)ရက္မွာဒုတိယအေက်ာ့ အိမ္ကြင္းပဲြကုိ ျပန္ကစားရမွာပါ။ PSG အသင္းအေနနဲ႔ ေနာက္တစ္ဆင့္တက္ဖုိ႔ အိမ္ကြင္းပဲြကုိ မျဖစ္မေနအႏုိင္ကစားဖုိ႔လုိအပ္ေနခ်ိန္မွာ အဓိက ကစားသမား ေနမာ ဒဏ္ရာရခဲ့လုိ႔ အသင္းပရိသတ္ေတြဟာ ရီးယဲလ္နဲ႔ပဲြမွာ ေနမာ မပါႏုိင္မွာကုိ စုိးရိမ္ေနၾကပါတယ္။

ပဲြအၿပီးမွာ PSG အသင္းေခါင္းေဆာင္ သီယာဂုိေဆးလ္ဗား Thiago Silva က-ကၽြန္ေတာ္တို႔အသင္းဟာ အေရးပါတဲ့ကစားသမားတစ္ဦးကုိ ဆုံး႐ႈံးခဲ့ရတာပါ။ ေနမာရဲ႕ေျခခ်င္း၀တ္က ခ်က္ခ်င္းဆုိသလုိ ေရာင္ကုိင္းလာပါတယ္။ ကၽြန္ေတာ္က ဆရာ၀န္တစ္ေယာက္မဟုတ္ေပမယ့္ လာမယ့္ဗုဒၶဟူးေန႔မွာကစားမယ့္ မာေဆးလ္နဲ႔ျပင္သစ္ဖလားပဲြကုိ ေနမာ ပါ၀င္ႏုိင္လိမ့္မယ္လုိ႔ မထင္ပါဘူး-လုိ႔ ေျပာခဲ့ပါတယ္။

REF:Daily Mail

Ko Linn(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ရီးယဲလ်နဲ့ချန်ပီယံလိဂ်ပွဲကြီးပွဲကောင်းမတိုင်ခင် ဒဏ်ရာရခဲ့တဲ့ နေမာ Neymar

PSG အသင်းရဲ့ အဓိက တိုက်စစ်မှူးဖြစ်တဲ့ နေမာ Neymar ဟာ မာဆေးလ်နဲ့ကစားခဲ့တဲ့ပွဲမှာ ဒဏ်ရာရခဲ့လို့ ရီးယဲလ်နဲ့ချန်ပီယံလိဂ်ပွဲကြီးပွဲကောင်းနွှဲရမယ့် PSG အသင်းအတွက် ထိုးနှက်ချက်ဖြစ်ခဲ့ရပါတယ်။ မာဆေးလ်အသင်းကို (၃-ဝ)ဂိုးနဲ့နိုင်ခဲ့တဲ့ပြင်သစ်လီဂူးပွဲမှာနေမာဟာ ပွဲချိန်မိနစ်(၈၀)မှာ ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ကွင်းထဲကနေ ထမ်းစင်နဲ့သယ်ယူသွားခဲ့ရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။PSG အသင်းဟာ ချန်ပီယံလိဂ်ရှုံ့းထွက်(၁၆)သင်းအဆင့် ပထမအကျော့မှာ ရီးယဲလ်ကို (၁-၃)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး လာမယ့်မတ်လ(၆)ရက်မှာဒုတိယအကျော့ အိမ်ကွင်းပွဲကို ပြန်ကစားရမှာပါ။ PSG အသင်းအနေနဲ့ နောက်တစ်ဆင့်တက်ဖို့ အိမ်ကွင်းပွဲကို မဖြစ်မနေအနိုင်ကစားဖို့လိုအပ်နေချိန်မှာ အဓိက ကစားသမား နေမာ ဒဏ်ရာရခဲ့လို့ အသင်းပရိသတ်တွေဟာ ရီးယဲလ်နဲ့ပွဲမှာ နေမာ မပါနိုင်မှာကို စိုးရိမ်နေကြပါတယ်။

ပွဲအပြီးမှာ PSG အသင်းခေါင်းဆောင် သီယာဂိုဆေးလ်ဗား Thiago Silva က-ကျွန်တော်တို့အသင်းဟာ အရေးပါတဲ့ကစားသမားတစ်ဦးကို ဆုံးရှုံးခဲ့ရတာပါ။ နေမာရဲ့ခြေချင်းဝတ်က ချက်ချင်းဆိုသလို ရောင်ကိုင်းလာပါတယ်။ ကျွန်တော်က ဆရာဝန်တစ်ယောက်မဟုတ်ပေမယ့် လာမယ့်ဗုဒ္ဓဟူးနေ့မှာကစားမယ့် မာဆေးလ်နဲ့ပြင်သစ်ဖလားပွဲကို နေမာ ပါဝင်နိုင်လိမ့်မယ်လို့ မထင်ပါဘူး-လို့ ပြောခဲ့ပါတယ်။

REF:Daily Mail

Ko Linn(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။