[Zawgyi]




ကျော်စိုးအောင် (အခရာ)

www.akhayar.com 

[Unicode]

ချန်ပီယံလိဂ်သွင်းဂိုးအများဆုံး ဘရာဇီးကစားသမားဖြစ်လာတဲ့ Neymar

လီဗာပူးလ်အသင်းနဲ့ပွဲမှာ အနိုင်ဂိုးကို သွင်းယူခဲ့တဲ့ PSG တိုက်စစ်မှူး Neymar ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၃၁) ဂိုးရှိလာပြီး ချန်ပီယံလိဂ်သွင်းဂိုးအများဆုံး ဘရာဇီးကစားသမားဖြစ်ခဲ့ပါတယ်။ အေစီမီလန်နဲ့ ရီးရဲလ်မက်ဒရစ်ကစားသမားဟောင်း Ricardo Kaka ရဲ့ ချန်ပီယံလိဂ်သွင်းဂိုး (၃ဝ) ကို Neymar က ကျော်ဖြတ်လိုက်တာဖြစ်ပါတယ်။

Neymar ဟာ ချန်ပီယံလိဂ်မှာ (၅၂) ပွဲယှဉ်ပြိုင်ကစားခဲ့ပြီး (၃၁) ဂိုးသွင်းယူကာ (၁၉) ဂိုး ထောက်ပံ့ပေးခဲ့ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သွင်းဂိုးအများဆုံးဘရာဇီးကစားသမားတွေကတော့ Neymar (၃၁ ဂိုး) ၊ Ricardo Kaka (၃ဝ ဂိုး) နဲ့ Rivaldo (၂၇ ဂိုး) တို့ဖြစ်ကြပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com