[Zawgyi]



Messi-And-Neymar

Messi-And-Neymar


Mbappe-And-Neymar

Mbappe-And-Neymar


La Liga: 2014–15, 2015–16

Ref: Goal.com
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဘာစီလိုနာကို ပြန်ချင်နေတဲ့ PSG တိုက်စစ်မှုး နေမာ Neymar

PSG တိုက်စစ်မှုး နေမာ Neymar ဟာအသင်းဟောင်း ဘာစီလိုနာအသင်းကို ပြန်ချင်နေတုန်းပဲလို့ သိရပါတယ်။ နေမာ Neymar ဟာ ၂၀၁၇ ခုနှစ်က PSG အသင်းကို ဘာစီလိုနာအသင်းကနေ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးပေါင်(၁၉၈)သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။ နေမာဟာ ဘာစီလိုနာအသင်းမှာ မက်ဆီ Messi ရဲ့လောင်းရိပ်မိနေတာကြောင့် တစ်ဦးချင်းထူးချွန်ဆုတွေရယူဖို့ အတွက် PSG အသင်းကိုပြောင်းရွှေ့ခဲ့သူပါ။

Messi-And-Neymar

Messi-And-Neymar

နေမာဟာ PSG အသင်းကိုပြောင်းရွှေ့ခဲ့တဲ့ အချိန်ထဲက သူ့ရဲ့အပြောင်းအရွှေ့နဲ့ ပတ်သက်တဲ့သတင်းတွေဟာလည်း အမြဲလိုလိုထွက်ပေါ်ခဲ့တာပါ။ လက်ရှိမှာတော့ နေမာဟာ PSG အသင်းမှာ လူငယ်တိုက်စစ်ကစားသမား ဘာပေ Mbappe ရဲ့လောင်းရိပ်မိနေသလိုဖြစ်နေတာကြောင့် ဘာစီလိုနာကို ပြန်ချင်နေတယ်ဆိုပြီး အသံတွေထပ်ထွက်လာခဲ့တာဖြစ်ပါတယ်။ နေမာကိုခေါ်ယူဖို့ ရီးယဲလ်မက်ဒရစ်အသင်းက စိတ်ဝင်စားနေပေမယ့် နေမာကိုယ်တိုင်က ဘာစီလိုနာကို ပြန်ချင်နေတာပဲဖြစ်ပါတယ်။ အသက်(၂၆)နှစ် အရွယ်ရှိပြီဖြစ်သူ နေမာဟာ လက်ရှိအချိန်ထိ PSG အသင်းအတွက် ပွဲပေါင်း(၄၁)ပွဲ ကစားထားပြီး (၃၉)ဂိုးသွင်းယူထားပါတယ်။

Mbappe-And-Neymar

Mbappe-And-Neymar

နေမာ Neymar ရဲ့ဘာစီလိုနာ ကစားသမားဘ၀ အောင်မြင်မှုများ

La Liga: 2014–15, 2015–16
Copa del Rey: 2014–15, 2015–16, 2016–17
Supercopa de España: 2013
UEFA Champions League: 2014–15
FIFA Club World Cup: 2015

Ref: Goal.com
Photo: Vaaju.com , Goal.com , Financial Times
Ko Kyue(Akhayar)
www.akhayar.com