[Zawgyi]

ဘရာဇီးလ္ အသင္းေခါင္းေဆာင္သစ္ ျဖစ္လာတဲ့ ေနမာ Neymar

ဘရာဇီးလ္ နာမည္ႀကီးတုိက္စစ္မွဴး ေနမာ Neymar ဟာ ႏုိင္ငံအသင္းရဲ႕ အၿမဲတမ္းအသင္းေခါင္းေဆာင္ အျဖစ္ ခန္႔အပ္ခံခဲ့ရၿပီျဖစ္ပါတယ္။ ဘရာဇီးလ္အသင္း နည္းျပထိထီ Tite ဟာ ဒီေန႔(ေသာၾကာ)မွာ ကစားမယ့္ အေမရိကန္န႔ဲ ေျခစမ္းပဲြမတိုင္ခင္ ေနမာကုိ အသင္းေခါင္းေဆာင္ ခန္႔အပ္လုိက္ၿပီဆုိတဲ့ သတင္းကုိ အတည္ျပဳ ထုတ္ျပန္ေၾကညာခဲ့တာပါ။ ထိထီအေနနဲ႔ ၿပီးခဲ့တဲ့ ၂၀၁၈ ကမၻာ႔ဖလားတုန္းက အသင္းေခါင္းေဆာင္ကုိ အလွည့္က်စနစ္နဲ႔ ခန္႔အပ္ခဲ့ၿပီး အခုအခ်ိန္မွာေတာ့ အဲဒီပုံစံအစား ေနမာကုိ အၿမဲတမ္းအသင္းေခါင္းေဆာင္ အျဖစ္ ခန္႔အပ္ခဲ့တာျဖစ္ပါတယ္။

Neymar-With-Olympic-Gold-Medal

Neymar-With-Olympic-Gold-Medal

ေနမာဟာ ၂၀၁၆ ရီယုိအုိလံပစ္ၿပိဳင္ပဲြတုနး္က ဘရာဇီးလ္အသင္းေခါင္းေဆာင္ အျဖစ္ တာ၀န္ယူခဲ့ဖူးၿပီး အသငး္ကို ပထမဆုံးအႀကိမ္ အုိလံပစ္ေရႊတံဆိပ္ဆု ရရွိေအာင္ စြမ္းေဆာင္ေပးႏုိင္ခ့ဲတယ္။ ေနမာက “ဘရာဇီးလ္ အသင္းေခါင္းေဆာင္ရာထူးကုိ ကၽြန္ေတာ္ ျပန္လည္ရယူခဲ့ပါၿပီ။ ကၽြန္ေတာ္ အမ်ားႀကီး သင္ယူခဲ့ၿပီးျဖစ္သလုိ ေနာက္ထပ္လည္း ဆက္လက္ႀကိဳးစားသင္ယူ သြားမွာျဖစ္လုိ႔ပါ။ အခု အသင္းေခါင္းေဆာင္ တာ၀န္ရယူခဲ့တာဟာ ကၽြန္ေတာ့္အတြက္ အက်ိဳးရွိေစပါတယ္”လု႔ိ ေျပာၾကားခဲ့တယ္။ ဘရာဇီးလ္ အသင္းေခါင္းေဆာင္အျဖစ္ တာ၀န္ယူခဲ့ၾကတဲ့ ကစားသမား အမ်ားႀကီးရွိခဲ့ေပမယ့္ ကားလုိ႔စ္အယ္လ္ဘာတုိ Carlos Alberto ၊ ဒြန္ဂါ Dunga ၊ ကာဖူး Cafu တို႔အပါအ၀င္ လူအနည္းစုပဲ ရွိခဲ့ပါတယ္။ ဒါေၾကာင့္ ေနမာလည္း ဘရာဇီးလ္အသင္း ဂႏၳ၀င္အသင္းေခါင္းေဆာင္ စာရင္းထဲမွာ ပါ၀င္ႏုိင္ဖုိ႔အတြက္ အသငး္ကုိ ေအာင္ျမင္မႈေတြ ရယူေပးႏုိင္ဖုိ႔ လုိအပ္ေနပါၿပီ။

REF:Goal.com
Photo:The Guardian Nigeria,Getty Images
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဘရာဇီးလ် အသင်းခေါင်းဆောင်သစ် ဖြစ်လာတဲ့ နေမာ Neymar

ဘရာဇီးလ် နာမည်ကြီးတိုက်စစ်မှူး နေမာ Neymar ဟာ နိုင်ငံအသင်းရဲ့ အမြဲတမ်းအသင်းခေါင်းဆောင် အဖြစ် ခန့်အပ်ခံခဲ့ရပြီဖြစ်ပါတယ်။ ဘရာဇီးလ်အသင်း နည်းပြထိထီ Tite ဟာ ဒီနေ့(သောကြာ)မှာ ကစားမယ့် အမေရိကန်နဲ့ ခြေစမ်းပွဲမတိုင်ခင် နေမာကို အသင်းခေါင်းဆောင် ခန့်အပ်လိုက်ပြီဆိုတဲ့ သတင်းကို အတည်ပြု ထုတ်ပြန်ကြေညာခဲ့တာပါ။ ထိထီအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားတုန်းက အသင်းခေါင်းဆောင်ကို အလှည့်ကျစနစ်နဲ့ ခန့်အပ်ခဲ့ပြီး အခုအချိန်မှာတော့ အဲဒီပုံစံအစား နေမာကို အမြဲတမ်းအသင်းခေါင်းဆောင် အဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

Neymar-With-Olympic-Gold-Medal

Neymar-With-Olympic-Gold-Medal

နေမာဟာ ၂၀၁၆ ရီယိုအိုလံပစ်ပြိုင်ပွဲတုန်းက ဘရာဇီးလ်အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူခဲ့ဖူးပြီး အသင်းကို ပထမဆုံးအကြိမ် အိုလံပစ်ရွှေတံဆိပ်ဆု ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တယ်။ နေမာက “ဘရာဇီးလ် အသင်းခေါင်းဆောင်ရာထူးကို ကျွန်တော် ပြန်လည်ရယူခဲ့ပါပြီ။ ကျွန်တော် အများကြီး သင်ယူခဲ့ပြီးဖြစ်သလို နောက်ထပ်လည်း ဆက်လက်ကြိုးစားသင်ယူ သွားမှာဖြစ်လို့ပါ။ အခု အသင်းခေါင်းဆောင် တာဝန်ရယူခဲ့တာဟာ ကျွန်တော့်အတွက် အကျိုးရှိစေပါတယ်”လု့ိ ပြောကြားခဲ့တယ်။ ဘရာဇီးလ် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ကြတဲ့ ကစားသမား အများကြီးရှိခဲ့ပေမယ့် ကားလို့စ်အယ်လ်ဘာတို Carlos Alberto ၊ ဒွန်ဂါ Dunga ၊ ကာဖူး Cafu တို့အပါအဝင် လူအနည်းစုပဲ ရှိခဲ့ပါတယ်။ ဒါကြောင့် နေမာလည်း ဘရာဇီးလ်အသင်း ဂန္ထဝင်အသင်းခေါင်းဆောင် စာရင်းထဲမှာ ပါဝင်နိုင်ဖို့အတွက် အသင်းကို အောင်မြင်မှုတွေ ရယူပေးနိုင်ဖို့ လိုအပ်နေပါပြီ။

REF:Goal.com
Photo:The Guardian Nigeria,Getty Images
Naing Linn(Akhayar)
www.akhayar.com