This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ဘရာဇီးလ္အသင္းရဲ႕ ေလ့က်င့္ေရး အစီအစဥ္ကို လြဲေခ်ာ္ခဲ့တဲ့ ေနမာ

ဆြစ္ဇာလန္အသင္းနဲ႔ ပြဲစဥ္အၿပီး ျပဳလုပ္ခဲ့တဲ့ ဘရာဇီးလ္အသင္းရဲ႕ ေလ့က်င့္ခန္း အစီအစဥ္ကို အဓိက တိုက္စစ္မွဴး ေနမာ Neymar လြဲေခ်ာ္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ တနလၤာေန႔က ျပဳလုပ္ခဲ့တဲ့ အသင္းရဲ႕ ေလ့က်င့္ခန္း အစီအစဥ္ေတြကို တိုက္စစ္မွဴး ေနမာ Neymar လြဲေခ်ာ္ခဲ့တာ ျဖစ္ပါတယ္။ ဆြစ္ဇာလန္နဲ႔ ပြဲမွာ ျပစ္ဒဏ္ (၁၀)ႀကိမ္ခန္႔ က်ဴးလြန္ခံခဲ့ရတဲ့ ေနမာ Neymar အေနနဲ႔ ၁၉၉၈ ကမၻာ႔ဖလားေနာက္ပိုင္း တစ္ပြဲတည္းမွာ ျပစ္ဒဏ္ အမ်ားဆံုး က်ဴးလြန္ခံခဲ့ရတဲ့ ကစားသမား ျဖစ္ခဲ့ပါတယ္။ ေနမာ Neymar ဟာ ရာႏႈန္းျပည့္ ႀကံ့ခိုင္မႈ မရွိေသးတာေၾကာင့္ ေလ့က်င့္ေရး အစီအစဥ္ကို လြဲေခ်ာ္ခဲ့တာျဖစ္ၿပီး လာမယ့္ ေကာ္စတာရီကာနဲ႔ ပြဲကိုလည္း ဆက္လက္ လြဲေခ်ာ္ဖို႔ ရွိေနပါတယ္။

Neymar3

Neymar3

ေနမာဟာ ေျခေခ်ာင္း႐ုိးက်ိဳးတဲ့ဒဏ္ရာေၾကာင့္ ကာလရွည္အနားယူခဲ့ရၿပီး ကမၻာ႔ဖလားမတိုင္ခင္ကမွ ျပန္သက္သာလာခဲ့တာျဖစ္ေပမယ့္ ရာႏႈန္းျပည့္ႀကံ့ခုိင္မႈေတာ့ မရွိေသးပါဘူး။ ဒါေၾကာင့္ ဘရာဇီးလ္အသင္းနည္းျပ ထိထီအေနနဲ႔ ကမၻာ႔ဖလားလက္က်န္ပဲြေတြမွာ ေနမာ ဒဏ္ရာျပႆနာ ကင္းစင္ေစဖုိ႔အတြက္ ေကာ္စတာရီကာနဲ႔ပဲြက်ရင္ အနားေပးသြားဖုိ႔ စီစဥ္ေနတာျဖစ္ပါတယ္။ ဘရာဇီးလ္အသင္းဟာ လာမယ့္တစ္ပတ္ ဇြန္လ (၂၂)ရက္ (ေသာၾကာေန႔)က်ရင္ ေကာ္စတာရီကာနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး (၂၇)ရက္မွာ ဆားဘီးယားနဲ႔ အုပ္စုေနာက္ဆုံးပဲြအျဖစ္ ကစားရမွာျဖစ္ပါတယ္။

REF:AS
Photo:OptaFranz Twitter, Sporting News
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ဘရာဇီးလ်အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်ကို လွဲချော်ခဲ့တဲ့ နေမာ

ဆွစ်ဇာလန်အသင်းနဲ့ ပွဲစဉ်အပြီး ပြုလုပ်ခဲ့တဲ့ ဘရာဇီးလ်အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်ကို အဓိက တိုက်စစ်မှူး နေမာ Neymar လွဲချော်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေကို တိုက်စစ်မှူး နေမာ Neymar လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ ဆွစ်ဇာလန်နဲ့ ပွဲမှာ ပြစ်ဒဏ် (၁၀)ကြိမ်ခန့် ကျူးလွန်ခံခဲ့ရတဲ့ နေမာ Neymar အနေနဲ့ ၁၉၉၈ ကမ္ဘာ့ဖလားနောက်ပိုင်း တစ်ပွဲတည်းမှာ ပြစ်ဒဏ် အများဆုံး ကျူးလွန်ခံခဲ့ရတဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်။ နေမာ Neymar ဟာ ရာနှုန်းပြည့် ကြံ့ခိုင်မှု မရှိသေးတာကြောင့် လေ့ကျင့်ရေး အစီအစဉ်ကို လွဲချော်ခဲ့တာဖြစ်ပြီး လာမယ့် ကော်စတာရီကာနဲ့ ပွဲကိုလည်း ဆက်လက် လွဲချော်ဖို့ ရှိနေပါတယ်။

Neymar3

Neymar3

နေမာဟာ ခြေချောင်းရိုးကျိုးတဲ့ဒဏ်ရာကြောင့် ကာလရှည်အနားယူခဲ့ရပြီး ကမ္ဘာ့ဖလားမတိုင်ခင်ကမှ ပြန်သက်သာလာခဲ့တာဖြစ်ပေမယ့် ရာနှုန်းပြည့်ကြံ့ခိုင်မှုတော့ မရှိသေးပါဘူး။ ဒါကြောင့် ဘရာဇီးလ်အသင်းနည်းပြ ထိထီအနေနဲ့ ကမ္ဘာ့ဖလားလက်ကျန်ပွဲတွေမှာ နေမာ ဒဏ်ရာပြဿနာ ကင်းစင်စေဖို့အတွက် ကော်စတာရီကာနဲ့ပွဲကျရင် အနားပေးသွားဖို့ စီစဉ်နေတာဖြစ်ပါတယ်။ ဘရာဇီးလ်အသင်းဟာ လာမယ့်တစ်ပတ် ဇွန်လ (၂၂)ရက် (သောကြာနေ့)ကျရင် ကော်စတာရီကာနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး (၂၇)ရက်မှာ ဆားဘီးယားနဲ့ အုပ်စုနောက်ဆုံးပွဲအဖြစ် ကစားရမှာဖြစ်ပါတယ်။

REF:AS
Photo:OptaFranz Twitter, Sporting News
Aung Kyaw Wai (Akhayar)
www.akhayar.com