This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ေကာ္စတာရီကာနဲ႔ကစားမယ့္ အုပ္စုဒုတိယပဲြကုိ လဲြေခ်ာ္ဖုိ႔ရွိေနတဲ့ ေနမာ Neymar

ဘရာဇီးလ္အသင္းရဲ႕ အဓိက တိုက္စစ္မွဴး ေနမာ Neymar ဟာ ဆြစ္ဇာလန္နဲ႔ကစားခဲ့တဲ့ပဲြမွာ ၿပိဳင္ဘက္ကစားသမားေတြရဲ႕ ၾကမ္းတမ္းတဲ့ဖ်က္ထုတ္မႈေတြနဲ႔ ရင္ဆုိင္ခဲ့ရတာေၾကာင့္ အသင္းနညး္ျပ ထိထီ Tite က လာမယ့္ ေကာ္စတာရီကာနဲ႔ပဲြက်ရင္ သူ႔ကုိ အနားေပးသြားဖုိ႔ရွိေနပါတယ္။ ဆြစ္ဇာလန္နဲ႔ တစ္ဂုိးစီသေရက်ခဲ့တဲ့ပဲြမွာ ေနမာ ျပစ္ဒဏ္က်ဴးလြန္ခံခ့ဲရတဲ့အႀကိမ္က စုစုေပါင္း(၁၀)ႀကိမ္အထိရွိခဲ့ၿပီး ၁၉၉၈ ကမၻာ႔ဖလားတုန္းက တူနီးရွားနဲ႔ပဲြမွာ အဂၤလန္တိုက္စစ္မွဴး ရွီးယား Shearer (၁၁ႀကိမ္)ေနာက္ပုိင္း ႏွစ္ေပါင္း(၂၀)အၾကာ ကမၻာ႔ဖလားတစ္ပဲြတည္းမွာ ျပစ္ဒဏ္က်ဴးလြန္ခံခဲ့ရမႈ အမ်ားဆုံးကစားသမားအျဖစ္ မွတ္တမ္း၀င္ခဲ့တယ္။

Neymar-was-fouled-TEN-times-by-Switzerland

Neymar-was-fouled-TEN-times-by-Switzerland

ေနမာဟာ ေျခေခ်ာင္း႐ုိးက်ိဳးတဲ့ဒဏ္ရာေၾကာင့္ ကာလရွည္အနားယူခဲ့ရၿပီး ကမၻာ႔ဖလားမတိုင္ခင္ကမွ ျပန္သက္သာလာခဲ့တာျဖစ္ေပမယ့္ ရာႏႈန္းျပည့္ႀကံ့ခုိင္မႈေတာ့ မရွိေသးပါဘူး။ ဒါေၾကာင့္ ဘရာဇီးလ္အသင္းနည္းျပ ထိထီအေနနဲ႔ ကမၻာ႔ဖလားလက္က်န္ပဲြေတြမွာ ေနမာ ဒဏ္ရာျပႆနာ ကင္းစင္ေစဖုိ႔အတြက္ ေကာ္စတာရီကာနဲ႔ပဲြက်ရင္ အနားေပးသြားဖုိ႔ စီစဥ္ေနတာျဖစ္ပါတယ္။ ဘရာဇီးလ္အသင္းဟာ လာမယ့္တစ္ပတ္ ဇြန္လ (၂၂)ရက္ (ေသာၾကာေန႔)က်ရင္ ေကာ္စတာရီကာနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး (၂၇)ရက္မွာ ဆားဘီးယားနဲ႔ အုပ္စုေနာက္ဆုံးပဲြအျဖစ္ ကစားရမွာျဖစ္ပါတယ္။

REF:The Sun
Photo:images.performgroup.com,AP
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ကော်စတာရီကာနဲ့ကစားမယ့် အုပ်စုဒုတိယပွဲကို လွဲချော်ဖို့ရှိနေတဲ့ နေမာ Neymar

ဘရာဇီးလ်အသင်းရဲ့ အဓိက တိုက်စစ်မှူး နေမာ Neymar ဟာ ဆွစ်ဇာလန်နဲ့ကစားခဲ့တဲ့ပွဲမှာ ပြိုင်ဘက်ကစားသမားတွေရဲ့ ကြမ်းတမ်းတဲ့ဖျက်ထုတ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် အသင်းနည်းပြ ထိထီ Tite က လာမယ့် ကော်စတာရီကာနဲ့ပွဲကျရင် သူ့ကို အနားပေးသွားဖို့ရှိနေပါတယ်။ ဆွစ်ဇာလန်နဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ နေမာ ပြစ်ဒဏ်ကျူးလွန်ခံခဲ့ရတဲ့အကြိမ်က စုစုပေါင်း(၁၀)ကြိမ်အထိရှိခဲ့ပြီး ၁၉၉၈ ကမ္ဘာ့ဖလားတုန်းက တူနီးရှားနဲ့ပွဲမှာ အင်္ဂလန်တိုက်စစ်မှူး ရှီးယား Shearer (၁၁ကြိမ်)နောက်ပိုင်း နှစ်ပေါင်း(၂၀)အကြာ ကမ္ဘာ့ဖလားတစ်ပွဲတည်းမှာ ပြစ်ဒဏ်ကျူးလွန်ခံခဲ့ရမှု အများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။

Neymar-was-fouled-TEN-times-by-Switzerland

Neymar-was-fouled-TEN-times-by-Switzerland

နေမာဟာ ခြေချောင်းရိုးကျိုးတဲ့ဒဏ်ရာကြောင့် ကာလရှည်အနားယူခဲ့ရပြီး ကမ္ဘာ့ဖလားမတိုင်ခင်ကမှ ပြန်သက်သာလာခဲ့တာဖြစ်ပေမယ့် ရာနှုန်းပြည့်ကြံ့ခိုင်မှုတော့ မရှိသေးပါဘူး။ ဒါကြောင့် ဘရာဇီးလ်အသင်းနည်းပြ ထိထီအနေနဲ့ ကမ္ဘာ့ဖလားလက်ကျန်ပွဲတွေမှာ နေမာ ဒဏ်ရာပြဿနာ ကင်းစင်စေဖို့အတွက် ကော်စတာရီကာနဲ့ပွဲကျရင် အနားပေးသွားဖို့ စီစဉ်နေတာဖြစ်ပါတယ်။ ဘရာဇီးလ်အသင်းဟာ လာမယ့်တစ်ပတ် ဇွန်လ (၂၂)ရက် (သောကြာနေ့)ကျရင် ကော်စတာရီကာနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး (၂၇)ရက်မှာ ဆားဘီးယားနဲ့ အုပ်စုနောက်ဆုံးပွဲအဖြစ် ကစားရမှာဖြစ်ပါတယ်။

REF:The Sun
Photo:images.performgroup.com,AP
Naing Linn(Akhayar)
www.akhayar.com