This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ဘရာဇီးလ္ဂႏၳ၀င္ ႐ုိမာရီယုိ Romário ရဲ႕ သြင္းဂုိးအေရအတြက္ကုိ လုိက္မီခဲ့တဲ့ ေနမာ Neymar

ဘရာဇီးလ္နာမည္ေက်ာ္တိုက္စစ္မွဴး ေနမာ Neymar ဟာ ဂႏၳ၀င္တိုက္စစ္မွဴး ႐ုိမာရီယုိ Romário ရဲ႕ လက္ေရြးစင္သြင္းဂုိးအေရအတြက္ကုိ အမီလုိက္ႏုိင္ခဲ့ၿပီျဖစ္ပါတယ္။ ၾသစႀတီးယားအသငး္ကုိ (၃)ဂုိးျပတ္အႏုိင္ရခဲ့တဲ့ ေျခစမ္းပဲြမွာ ေနမာက ဒုတိယဂုိးကုိ (၆၃)မိနစ္မွာ သြင္းယူခဲ့ၿပီး ဒါဟာ သူ႔ရဲ႕ လက္ေရြးစင္ကစားသမားဘ၀ (၅၅)ဂုိးေျမာက္လည္းျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ေဖေဖာ္၀ါရီလတုန္းက ေျခေခ်ာင္း႐ုိးက်ိဳးတဲ့ ဒဏ္ရာေၾကာင့္ ကာလရွည္အနားယူခဲ့ရတဲ့ ေနမာဟာ ဇြန္လအေစာပုိင္းက ခ႐ုိေအးရွားအသင္းနဲ႔ကစားခဲ့တဲ့ ေျခစမ္းပဲြမွာ ပထမဆုံးအႀကိမ္ ပဲြထြက္ကစားခဲ့ၿပီး ဂုိးသြင္းခဲ့သလုိ၊ အခု ၾသစႀတီးယားနဲ႔ပဲြမွာလည္း ထပ္မံဂုိးသြင္းယူႏုိင္ခဲ့တာပါ။

Neymar-slotted-home-the-ball-to-scored-his-second-goal-

Neymar-slotted-home-the-ball-to-scored-his-second-goal-

၂၀၁၀ ခုႏွစ္တုန္းက ဘရာဇီးလ္လက္ေရြးစင္အသငး္မွာ စတင္ေရြးခ်ယ္ခံခဲ့ရသူ ေနမာဟာ လက္ေရြးစင္ကစားသမားဘ၀ (၈)ႏွစ္တာကာလအတြင္း (၈၅)ပဲြကစား (၅၅)ဂုိးသြင္းယူထားၿပီး သြင္းဂုိးအမ်ားဆုံးစာရင္းမွာ ႐ုိမာရီယုိနဲ႔အတူ တတိယေနရာမွာ ပူးတဲြရပ္တည္ႏုိင္ခဲ့ပါၿပီ။ ေနမာအေနနဲ႔ ဂႏၳ၀င္တိုက္စစ္မွဴးတစ္ဦးျဖစ္တဲ့ ေရာ္နယ္လ္ဒုိ Ronaldo ကုိ လုိက္မီဖုိ႔အတြက္ ေနာက္ထပ္ (၇)ဂုိးသြင္းယူဖုိ႔ လုိေနၿပီး ထိပ္ဆုံးက ပီလီ Pele ရဲ႕ ဂုိးအေရအတြက္ကုိ မီဖုိ႔ (၂၂)ဂုိးအထိ လုိအပ္ေနပါတယ္။

ဘရာဇီးလ္အသင္းအတြက္ ဂုိးအမ်ားဆုံးသြင္းထားသူမ်ား

1 Pelé 77 Goals
2 Ronaldo 62 Goals
3 Romário 55 Goals
Neymar 55 Goals

REF:AS,Wikipedia
Photo: AFP,Dream Team
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ဘရာဇီးလ်ဂန္ထဝင် ရိုမာရီယို Romário ရဲ့ သွင်းဂိုးအရေအတွက်ကို လိုက်မီခဲ့တဲ့ နေမာ Neymar

ဘရာဇီးလ်နာမည်ကျော်တိုက်စစ်မှူး နေမာ Neymar ဟာ ဂန္ထဝင်တိုက်စစ်မှူး ရိုမာရီယို Romário ရဲ့ လက်ရွေးစင်သွင်းဂိုးအရေအတွက်ကို အမီလိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ သြစတြီးယားအသင်းကို (၃)ဂိုးပြတ်အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ နေမာက ဒုတိယဂိုးကို (၆၃)မိနစ်မှာ သွင်းယူခဲ့ပြီး ဒါဟာ သူ့ရဲ့ လက်ရွေးစင်ကစားသမားဘ၀ (၅၅)ဂိုးမြောက်လည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းက ခြေချောင်းရိုးကျိုးတဲ့ ဒဏ်ရာကြောင့် ကာလရှည်အနားယူခဲ့ရတဲ့ နေမာဟာ ဇွန်လအစောပိုင်းက ခရိုအေးရှားအသင်းနဲ့ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ပထမဆုံးအကြိမ် ပွဲထွက်ကစားခဲ့ပြီး ဂိုးသွင်းခဲ့သလို၊ အခု သြစတြီးယားနဲ့ပွဲမှာလည်း ထပ်မံဂိုးသွင်းယူနိုင်ခဲ့တာပါ။

Neymar-slotted-home-the-ball-to-scored-his-second-goal-

Neymar-slotted-home-the-ball-to-scored-his-second-goal-

၂၀၁၀ ခုနှစ်တုန်းက ဘရာဇီးလ်လက်ရွေးစင်အသင်းမှာ စတင်ရွေးချယ်ခံခဲ့ရသူ နေမာဟာ လက်ရွေးစင်ကစားသမားဘ၀ (၈)နှစ်တာကာလအတွင်း (၈၅)ပွဲကစား (၅၅)ဂိုးသွင်းယူထားပြီး သွင်းဂိုးအများဆုံးစာရင်းမှာ ရိုမာရီယိုနဲ့အတူ တတိယနေရာမှာ ပူးတွဲရပ်တည်နိုင်ခဲ့ပါပြီ။ နေမာအနေနဲ့ ဂန္ထဝင်တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ရော်နယ်လ်ဒို Ronaldo ကို လိုက်မီဖို့အတွက် နောက်ထပ် (၇)ဂိုးသွင်းယူဖို့ လိုနေပြီး ထိပ်ဆုံးက ပီလီ Pele ရဲ့ ဂိုးအရေအတွက်ကို မီဖို့ (၂၂)ဂိုးအထိ လိုအပ်နေပါတယ်။

ဘရာဇီးလ်အသင်းအတွက် ဂိုးအများဆုံးသွင်းထားသူများ

1 Pelé 77 Goals
2 Ronaldo 62 Goals
3 Romário 55 Goals
Neymar 55 Goals

REF:AS,Wikipedia
Photo: AFP,Dream Team
Naing Linn(Akhayar)
www.akhayar.com