[Zawgyi]

ေထာင္ဒဏ္ (၆)ႏွစ္အထိ က်ခံရမယ့္အေနအထားနဲ႔ ရင္ဆုိင္ေနရတဲ့ ေနမာ Neymar

PSG အသင္းရဲ႕ ဘရာဇီးလ္နာမည္ေက်ာ္ တိုက္စစ္မွဴး ေနမာ Neymar ဟာ ေထာင္ဒဏ္(၆)ႏွစ္အထိ က်ခံရမယ့္ အေနအထားနဲ႔ ရင္ဆုိင္ေနရပါၿပီ။ ေနမာဟာ ၂၀၁၃ ခုႏွစ္က ဆန္းတို႔စ္အသင္းကေန ဘာစီလုိနာအသင္းကို ေျပာင္းေရႊ႕ခဲ့ၿပီး အဲဒီကိစၥနဲ႔ပတ္သက္လုိ႔ ေနာက္ကြယ္မွာ မသမာမႈေတြရွိေနတာေၾကာင့္ ေနမာအေနနဲ႔ ေထာင္ဒဏ္က်ခံရဖုိ႔ရွိေနတာပါ။ အဲဒီအေျပာင္းအေရႊ႕မွာ ေနမာရဲ႕ဖခင္ (ေအးဂ်င့္လည္းျဖစ္သူ)၊ ဘာစီလုိနာ ဥကၠဌ ဘာတိုမူ Josep Maria Bartomeu နဲ႔ ဥကၠဌေဟာင္း ဆန္ဒ႐ုိ ႐ုိဆဲလ္ Sandro Rosell တို႔ဟာ စည္းမ်ဥ္းစည္းကမ္းေတြ ေဖာက္ဖ်က္ခဲ့တယ္ဆုိတဲ့ စဲြခ်က္နဲ႔ တရားရင္ဆုိင္ရဖုိ႔ ရွိေနတယ္။

Brazilian-international-forward-is-now-with-Paris-Saint-Germain

Brazilian-international-forward-is-now-with-Paris-Saint-Germain

ဒီလုိ စြပ္စဲြခဲ့တာက ေနမာရဲ႕ မူပုိင္ခြင့္ေတြကုိ ပူးတဲြပုိင္ဆုိင္ထားတဲ့ ဘရာဇီးလ္ စီးပြားေရးအဖဲြ႕ DIS ျဖစ္ၿပီး ေနမာရဲ႕ အေျပာင္းအေရႊ႕မွာ အက်င့္ပ်က္မႈေတြ၊ မသမာမႈေတြ ရွိခဲ့တယ္လုိ႔ စြပ္စဲြခဲ့တာျဖစ္ပါတယ္။ ေနမာဟာ ၂၀၁၃ ခုႏွစ္က ဆန္းတို႔စ္အသငး္ကေန ဘာစီလုိနာအသင္းကုိ ယူ႐ုိ (၅၇.၁)သန္းနဲ႔ ေျပာင္းေရႊ႕ခဲ့တာျဖစ္ေပမယ့္ အခြန္ေရွာင္လႊဲမႈေတြေၾကာင့္ တရားရင္ဆုိင္ခဲ့ရဖူးၿပီး သူ႔ရဲ႕ အမွန္တကယ္ေျပာင္းေရႊ႕ေၾကးက ယူ႐ုိ(၈၆.၂)သန္း အထိ ရွိခဲ့တယ္။ ၿပီးခဲ့တဲ့ရာသီတုန္းက ဘာစီလုိနာအသင္းကေန PSG ကုိ ေျပာင္းေရႊ႕ခဲ့ေပမယ့္ ေနမာရဲ႕ အ႐ႈပ္ဇာတ္လမ္းက မၿပီးဆုံးေသးဘဲ တကယ္လုိ႔ တရား႐ုံးက အျပစ္ရွိတယ္လုိ႔ ဆုံးျဖတ္ခဲ့ရင္ ေထာင္ဒဏ္ (၄)ႏွစ္ကေန (၆)ႏွစ္အထိ က်ခံရဖုိ႔ရွိတယ္ဆုိၿပီး သတင္းေတြ ထြက္ေနပါတယ္။

REF:Fox Sports
Photo:.independent,Getty Images
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ထောင်ဒဏ် (၆)နှစ်အထိ ကျခံရမယ့်အနေအထားနဲ့ ရင်ဆိုင်နေရတဲ့ နေမာ Neymar

PSG အသင်းရဲ့ ဘရာဇီးလ်နာမည်ကျော် တိုက်စစ်မှူး နေမာ Neymar ဟာ ထောင်ဒဏ်(၆)နှစ်အထိ ကျခံရမယ့် အနေအထားနဲ့ ရင်ဆိုင်နေရပါပြီ။ နေမာဟာ ၂၀၁၃ ခုနှစ်က ဆန်းတို့စ်အသင်းကနေ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ခဲ့ပြီး အဲဒီကိစ္စနဲ့ပတ်သက်လို့ နောက်ကွယ်မှာ မသမာမှုတွေရှိနေတာကြောင့် နေမာအနေနဲ့ ထောင်ဒဏ်ကျခံရဖို့ရှိနေတာပါ။ အဲဒီအပြောင်းအရွှေ့မှာ နေမာရဲ့ဖခင် (အေးဂျင့်လည်းဖြစ်သူ)၊ ဘာစီလိုနာ ဥက္ကဌ ဘာတိုမူ Josep Maria Bartomeu နဲ့ ဥက္ကဌဟောင်း ဆန်ဒရို ရိုဆဲလ် Sandro Rosell တို့ဟာ စည်းမျဉ်းစည်းကမ်းတွေ ဖောက်ဖျက်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ တရားရင်ဆိုင်ရဖို့ ရှိနေတယ်။

Brazilian-international-forward-is-now-with-Paris-Saint-Germain

Brazilian-international-forward-is-now-with-Paris-Saint-Germain

ဒီလို စွပ်စွဲခဲ့တာက နေမာရဲ့ မူပိုင်ခွင့်တွေကို ပူးတွဲပိုင်ဆိုင်ထားတဲ့ ဘရာဇီးလ် စီးပွားရေးအဖွဲ့ DIS ဖြစ်ပြီး နေမာရဲ့ အပြောင်းအရွှေ့မှာ အကျင့်ပျက်မှုတွေ၊ မသမာမှုတွေ ရှိခဲ့တယ်လို့ စွပ်စွဲခဲ့တာဖြစ်ပါတယ်။ နေမာဟာ ၂၀၁၃ ခုနှစ်က ဆန်းတို့စ်အသင်းကနေ ဘာစီလိုနာအသင်းကို ယူရို (၅၇.၁)သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပေမယ့် အခွန်ရှောင်လွှဲမှုတွေကြောင့် တရားရင်ဆိုင်ခဲ့ရဖူးပြီး သူ့ရဲ့ အမှန်တကယ်ပြောင်းရွှေ့ကြေးက ယူရို(၈၆.၂)သန်း အထိ ရှိခဲ့တယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ဘာစီလိုနာအသင်းကနေ PSG ကို ပြောင်းရွှေ့ခဲ့ပေမယ့် နေမာရဲ့ အရှုပ်ဇာတ်လမ်းက မပြီးဆုံးသေးဘဲ တကယ်လို့ တရားရုံးက အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခဲ့ရင် ထောင်ဒဏ် (၄)နှစ်ကနေ (၆)နှစ်အထိ ကျခံရဖို့ရှိတယ်ဆိုပြီး သတင်းတွေ ထွက်နေပါတယ်။

REF:Fox Sports
Photo:.independent,Getty Images
Naing Linn(Akhayar)
www.akhayar.com