နွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်း ဘာစီလိုနာကို ပြန်ဖို့ တကဲကဲဖြစ်နေတဲ့ နေမာ Neymar ဟာ ဘာစီလိုနာနဲ့ အပြောင်းအရွှေ့ မဖြစ်လာဘဲ PSG အသင်းမှာပဲ ဆက်နေရမယ်လို့ သိသိချင်းမှာပဲ ၀မ်းနည်းတကြီးငိုကြွေးခဲ့တယ်လို့ သတင်းတွေထွက်နေပါတယ်။ အသက်(၂၇)နှစ်အရွယ်ရှိပြီဖြစ်တဲ့ နေမာဟာ ဘာစီလိုနာအသင်းကို ပြောင်းချင်တယ်လို့ လူသိရှင်ကြားပြောခဲ့ပေမယ့် သူ့အပြောင်းအရွှေ့အတွက် နှစ်ဖက်အသင်းကြားမှာ သဘောတူညီမှု မရခဲ့ပါဘူး။ ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က နေမာဆီ လှမ်းဆက်သွယ်ပြီး အပြောင်းအရွှေ့ကိစ္စအတွက် သူတို့တတ်နိုင်သလောက် အကောင်းဆုံးကြိုးစားခဲ့တယ်လို့ အကြောင်းကြားခဲ့ပါသေးတယ်။

နေမာဟာ ဘာစီလိုနာအသင်းကို ပြောင်းခွင့်ရဖို့ အရမ်းမျှော်လင့်ထားတာကြောင့် ဒီသတင်းကို ကြားကြားချင်းမှာပဲ ဟန်မဆောင်နိုင်ဖြစ်ပြီး ငိုကြွေးခဲ့တာပါ။ PSG အသင်းမှာပဲ ဆက်နေမယ်လို့ နေမာအတည်ပြုလိုက်ချိန်မှာ အသင်းဖော်တွေက အ၀တ်လဲခန်းအတွင်း နေမာကို “se queda” ဆိုပြီး နောက်ပြောင်ခဲ့ကြပါတယ်။ “se queda” ဆိုတဲ့စကားက “သူ ဒီမှာပဲ ဆက်ရှိနေမယ်”ဆိုတဲ့ အဓိပ္ပါယ်ရပြီး ၂၀၁၇ ခုနှစ်တုန်းက PSG နဲ့ နေမာတို့ သတင်းထွက်နေချိန်မှာ အဲဒီတုန်းက ဘာစီလိုနာအသင်းဖော် ပီကေး Gerard Pique ဟာ သူ့ရဲ့ Instagram မှာ နေမာနဲ့အတူတွဲရိုက်ထားတဲ့ ဓာတ်ပုံကို “se queda”လို့ ရေးသား Post တင်ခဲ့တာပါ။ အဲဒါကြောင့် PSG အသင်းဖော်တွေကို နေမာကို နောက်ပြောင်တဲ့သဘောနဲ့ အဲဒီစကားကို ထပ်ခါတလဲလဲပြောခဲ့တာဖြစ်ပါတယ်။ နေမာဟာ ဘာစီလိုနာကို အသင်းကို ပြောင်းချင်တယ်လို့ တဖွဖွပြောခဲ့တာကြောင့် သူ့နဲ့ အသင်းဖော်တွေကြားမှာ အဆင်မပြေဖြစ်နိုင်တယ်လို့ သတင်းထွက်ခဲ့ပေမယ့် PSG ကစားသမားတွေကတော့ နေမာ အသင်းမှာ ဆက်ရှိနေတဲ့အတွက် ကျေနပ်ဝမ်းမြောက်နေကြပါတယ်။ PSG ကစားသမားတစ်ဦးက “နေမာ ကျွန်တော်တို့နဲ့အတူ ဆက်ရှိနေမှာဖြစ်လို့ ကျေနပ်ရပါတ်။ ဒါဟာ အသင်းစီမံကိန်းအတွက် အရေးပါသလို၊ ဘာစီလိုနာအသင်း အင်အားကြီးထွားသွားမယ့် အနေအထားကို တားဆီးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ထိပ်ဆုံးအဆင့် ခြေစွမ်းမျိုးရှိနေတဲ့ နေမာကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရမှာထက် အခုအချိန်မှာ ၀မ်းနည်းနေတဲ့ နေမာနဲ့ အတူတွဲဖက်ကစားရတာကမှ ပိုကောင်းပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

REF:sportbible
Photo:PA
Naing Linn(Akhayar)
www.akhayar.com