[Zawgyi]

ဘာစီလုိနာအသင္း (Barcelona) တုိက္စစ္မွဴး ေနမာဟာ ျပင္သစ္ကလပ္ PSG ကုိ ေျပာင္းေရႊ႕ေတာ့မယ္လုိ႔ သိရပါတယ္။ PSG အသင္းအေနနဲ႔ ေျပာင္းေရႊ႕ေၾကးေပါင္ ၁၉၈သန္း (ယူရုိ၂၂၂သန္း) ေပးေခ်ရမယ္လုိ႔ ဘာစီလုိနာအသင္းတာဝန္ရွိသူတစ္ဦးက ေျပာဆုိပါတယ္။ ၂ဝ၁၆ခုႏွစ္ ၾသဂုတ္လ ၈ရက္ေန႔တုန္းက မန္ယူကုိ ေျပာင္းေရႊ႕ခဲ့တဲ့ ေပါ့ဘာ (Pogba) ရဲ႕စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္ ၈၉.၃သန္းကုိ ခ်ိဳးဖ်က္မယ္လုိ႔ ေမ်ွာ္လင့္ရပါတယ္။

စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးမ်ား (Sky Sports)

စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးမ်ား (Sky Sports)

ေနမာဟာ PSG အသင္းနဲ႔ ေပါင္သန္း ၄ဝဝတန္ေၾကးရွိတဲ့ (၅) ႏွစ္စာခ်ဳပ္ကုိ ခ်ဳပ္ဆုိမယ္လုိ႔ သိရပါတယ္။ တစ္ပတ္လုပ္ခ ၇၇၅, ၄၇၇ ေပါင္ (ယူရုိ ၈၆၅, ဝဝဝ) ရရွိမယ္လုိ႔ သိရျပန္ပါတယ္။ ဘာစီလုိနာအသင္းမွာ တစ္ပတ္လုပ္ခ ေပါင္ ၂၈၉, ဝဝဝသာရရွိၿပီး PSG ကေပးတဲ့ လစာဟာ ဘာစီလုိနာထက္ ၂ဆခြဲေက်ာ္ျဖစ္ေနပါတယ္။ ရွန္ဟုိင္းရွန္ဟြာအသင္း (Shanghai Shenhua) မွာ တစ္ပတ္လုပ္ခ ေပါင္ ၆၁၅, ဝဝဝ ရေနတဲ့ ကားလုိ႔စ္တီဗက္ (Carlos Tevez) ရဲ႕ ကမၻာ့လစာအမ်ားဆုံးေဘာလုံးသမား စံခ်ိန္ကုိလည္း ခ်ိဳးဖ်က္ႏုိင္မွာျဖစ္ပါတယ္။ ေနမာဟာ အေျပာင္းအေရႊ႕သာျဖစ္သြားရင္ ဘရာဇီးတုိက္စစ္မွဴးေနမာဟာ ကမၻာ့စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ကမၻာ့လစာအမ်ားဆုံးေဘာလုံးသမား ျဖစ္လာေတာ့မွာပါ။

ေနမာဟာ PSG အရိပ္ကုိ ခုိလႈံသြားခဲ့လုိ႔ “ေငြမက္သူႀကီး” လုိ႔ ဘာစီလုိနာပရိသတ္ေတြက ပုတ္ခတ္ၾကေပမယ့္ စာေရးသူကေတာ့ ေနမာကုိ အျပစ္မျမင္မိပါဘူး။ ေဘာလုံးသမားေတြဆုိတာ အသက္အရြယ္ရွိတုန္း၊ ေျခစြမ္းေကာင္းတုန္းမွာပဲ အခြင့္အလမ္းေကာင္းေတြကုိ ပုိင္ဆုိင္ႏုိင္တာပါ။ အခြင့္အလမ္းေကာင္းေတြကုိ ျငင္းပယ္ခဲ့ၿပီး အသင္းမွာပဲ သစၥာရွိရွိကစားခဲ့ၾကတဲ့ ကစားသမားေတြ အသက္အရြယ္ႀကီးသြားတဲ့အခါ အသင္းက ကန္ထုတ္ခံခဲ့ရတာ ေဘာလုံးရာဇဝင္မွာ သာဓကေတြအမ်ားႀကီးရွိေနပါၿပီ။ ပေရာ္ဖက္ရွင္နယ္ေဘာလုံးသမားဆုိတာ လက္ရွိအသင္းမွာပဲ အေကာင္းဆုံးစြမ္းေဆာင္ႏုိင္သူကုိ ဆုိလုိတာပါ။ ဘယ္လုိပဲေဝဖန္မႈေတြ ရင္ဆုိင္ရပါေစ PSG မွာလည္း အေကာင္းဆုံးစြမ္းေဆာင္မႈနဲ႔ ေအာင္ျမင္မႈေတြ ရရွိႏုိင္ပါေစလုိ႔ ဆုေတာင္းလုိက္ပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

ဘာစီလိုနာအသင်း (Barcelona) တိုက်စစ်မှူး နေမာဟာ ပြင်သစ်ကလပ် PSG ကို ပြောင်းရွှေ့တော့မယ်လို့ သိရပါတယ်။ PSG အသင်းအနေနဲ့ ပြောင်းရွှေ့ကြေးပေါင် ၁၉၈သန်း (ယူရို၂၂၂သန်း) ပေးချေရမယ်လို့ ဘာစီလိုနာအသင်းတာဝန်ရှိသူတစ်ဦးက ပြောဆိုပါတယ်။ ၂ဝ၁၆ခုနှစ် သြဂုတ်လ ၈ရက်နေ့တုန်းက မန်ယူကို ပြောင်းရွှေ့ခဲ့တဲ့ ပေါ့ဘာ (Pogba) ရဲ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၈၉.၃သန်းကို ချိုးဖျက်မယ်လို့ မျှော်လင့်ရပါတယ်။

စံချိန်တင်ပြောင်းရွှေ့ကြေးများ (Sky Sports)

စံချိန်တင်ပြောင်းရွှေ့ကြေးများ (Sky Sports)

နေမာဟာ PSG အသင်းနဲ့ ပေါင်သန်း ၄ဝဝတန်ကြေးရှိတဲ့ (၅) နှစ်စာချုပ်ကို ချုပ်ဆိုမယ်လို့ သိရပါတယ်။ တစ်ပတ်လုပ်ခ ၇၇၅, ၄၇၇ ပေါင် (ယူရို ၈၆၅, ဝဝဝ) ရရှိမယ်လို့ သိရပြန်ပါတယ်။ ဘာစီလိုနာအသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၂၈၉, ဝဝဝသာရရှိပြီး PSG ကပေးတဲ့ လစာဟာ ဘာစီလိုနာထက် ၂ဆခြဲကျော်ဖြစ်နေပါတယ်။ ရှန်ဟိုင်းရှန်ဟွာအသင်း (Shanghai Shenhua) မှာ တစ်ပတ်လုပ်ခ ပေါင် ၆၁၅, ဝဝဝ ရနေတဲ့ ကားလို့စ်တီဗက် (Carlos Tevez) ရဲ့ ကမ္ဘာ့လစာအများဆုံးဘောလုံးသမား စံချိန်ကိုလည်း ချိုးဖျက်နိုင်မှာဖြစ်ပါတယ်။ နေမာဟာ အပြောင်းအရွှေ့သာဖြစ်သွားရင် ဘရာဇီးတိုက်စစ်မှူးနေမာဟာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ကမ္ဘာ့လစာအများဆုံးဘောလုံးသမား ဖြစ်လာတော့မှာပါ။

နေမာဟာ PSG အရိပ်ကို ခိုလှုံသွားခဲ့လို့ “ငွေမက်သူကြီး” လို့ ဘာစီလိုနာပရိသတ်တွေက ပုတ်ခတ်ကြပေမယ့် စာရေးသူကတော့ နေမာကို အပြစ်မမြင်မိပါဘူး။ ဘောလုံးသမားတွေဆိုတာ အသက်အရွယ်ရှိတုန်း၊ ခြေစွမ်းကောင်းတုန်းမှာပဲ အခွင့်အလမ်းကောင်းတွေကို ပိုင်ဆိုင်နိုင်တာပါ။ အခွင့်အလမ်းကောင်းတွေကို ငြင်းပယ်ခဲ့ပြီး အသင်းမှာပဲ သစ္စာရှိရှိကစားခဲ့ကြတဲ့ ကစားသမားတွေ အသက်အရွယ်ကြီးသွားတဲ့အခါ အသင်းက ကန်ထုတ်ခံခဲ့ရတာ ဘောလုံးရာဇဝင်မှာ သာဓကတွေအများကြီးရှိနေပါပြီ။ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဆိုတာ လက်ရှိအသင်းမှာပဲ အကောင်းဆုံးစွမ်းဆောင်နိုင်သူကို ဆိုလိုတာပါ။  ဘယ်လိုပဲဝေဖန်မှုတွေ ရင်ဆိုင်ရပါစေ PSG မှာလည်း အကောင်းဆုံးစွမ်းဆောင်မှုနဲ့ အောင်မြင်မှုတွေ ရရှိနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com