[Zawgyi]

ကမၻာ႔ဖလားပဲြေတြမွာ ဟန္ေဆာင္တာေတြ လုပ္ခဲ့တယ္လုိ႔ ၀န္ခံခဲ့တဲ့ ေနမာ Neymar

ဘရာဇီးလ္နာမည္ေက်ာ္တိုက္စစ္မွဴး ေနမာ Neymar က ၿပီးခဲ့တဲ့ ၂၀၁၈ ကမၻာ႔ဖလားပဲြေတြမွာ ျပစ္ဒဏ္က်ဴးလြန္ခံရရင္ အမူအရာပုိတာေတြ လုပ္ခဲ့တယ္လုိ႔ ၀န္ခံခဲ့ၿပီး အဲဒီအက်င့္ဆုိးေတြကုိ ျပင္ဆင္ေတာ့မယ္လုိ႔ ကတိေပးေျပာဆုိခဲ့တယ္။ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ေနမာ ဦးေဆာင္တဲ့ ဘရာဇီးလ္အသင္း ေအာင္ျမင္မႈရဖုိ႔ ပရိသတ္ေတြက ေမွ်ာ္လင့္ခဲ့ေပမယ့္ ကြာတားဖုိင္နယ္မွာ ဘယ္လ္ဂ်ီယံကုိ ႐ႈံးနိမ့္ၿပီး ၿပိဳင္ပဲြက ထြက္ခဲ့ရပါတယ္။ ေနမာဟာ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ေမွ်ာ္လင့္သေလာက္ေျခစြမ္းမျပႏုိင္ခဲ့ဘဲ (၂)ဂုိးသာ သြင္းဂုိးသလုိ သူ႔ရဲ႕ ဟန္ေဆာင္လဲွခ်မႈေတြ၊ လုိအပ္တာထက္ အမူအရာပုိခဲ့တာေတြေၾကာင့္ လူမႈကြန္ရက္စာမ်က္ႏွာေတြေပၚမွာ အႀကီးအက်ယ္ Troll ခံခဲ့ရၿပီး မီဒီယာေတြ ပစ္မွတ္ထားတိုက္ခုိက္တာကုိ ခံခဲ့ရသူပါ။

Neymar-Troll

Neymar-Troll

ဒါေၾကာင့္ပဲ FIFA က ထုတ္ျပန္ခဲ့တဲ့ The Best ဆုအတြက္ ပဏာမ(၁၀)ဦးစာရင္းမွာ ေနမာ ခ်န္လွပ္ခံခဲ့ရတာပဲျဖစ္ပါတယ္။ ဒါေပမဲ့ ေနမာက သူ႔အမွားကုိ ၀န္ခံခဲ့ၿပီး စိတ္သစ္လူသစ္နဲ႔ ျပန္လာမယ္လုိ႔ ကတိျပဳခဲ့ပါတယ္။ ေနမာဟာ Gillette Brasil’s ‘New Man’ ေၾကာ္ျငာ႐ုိက္ကူးခဲ့ၿပီး အဲဒီေၾကာ္ျငာမွာ ကမၻာ႔ဖလားၿပိဳင္ပဲြက သူ႔ရဲ႕အျပဳအမူေတြနဲ႔ပတ္သက္ၿပီး ပရိသတ္ေတြကုိ ေတာင္းပန္စကားဆုိခဲ့တာပါ။

Sometimes-I-overreact-but-I-suffer-on-the-pitch

Sometimes-I-overreact-but-I-suffer-on-the-pitch

ေနမာက”ကၽြန္ေတာ့္ရဲ႕ အမူအရာေတြ ပုိလြန္းတယ္လုိ႔ ခင္ဗ်ားတို႔(မီဒီယာေတြကုိ ဆုိလုိ) ထင္ၾကပါလိမ့္မယ္။ တစ္ခါတေလက်ရင္ေတာ့ ဟုတ္ပါတယ္။ ဒါေပမဲ့ ကြင္းထဲမွာ ကၽြန္ေတာ္ ခံစားခဲ့ရတာေတာ့ အမွန္ပါပဲ။ အျပင္ပုံသ႑န္ကုိ ၾကည့္ရင္ေတာ့ ခင္ဗ်ားတို႔ ခန္႔မွန္းႏုိင္မွာ မဟုတ္ပါဘူး။ ျပစ္တင္ေ၀ဖန္မႈေတြကို လက္ခံႏုိင္ဖုိ႔ ကၽြန္ေတာ္ အခ်ိန္ယူခဲ့ရပါတယ္။ အခုေတာ့ ကၽြန္ေတာ္ စိတ္သစ္၊ ကုိယ္သစ္နဲ႔ ျပန္လာပါၿပီ”လုိ႔ ေျပာၾကားခဲ့တယ္။

ေနမာရဲ႕ေၾကာ္ျငာသစ္ Gillette Brasil’s ‘New Man’

REF:sportskeeda
Photo:Reddit,Youtube Channel,NewsClick
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ကမ္ဘာ့ဖလားပွဲတွေမှာ ဟန်ဆောင်တာတွေ လုပ်ခဲ့တယ်လို့ ဝန်ခံခဲ့တဲ့ နေမာ Neymar

ဘရာဇီးလ်နာမည်ကျော်တိုက်စစ်မှူး နေမာ Neymar က ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပွဲတွေမှာ ပြစ်ဒဏ်ကျူးလွန်ခံရရင် အမူအရာပိုတာတွေ လုပ်ခဲ့တယ်လို့ ဝန်ခံခဲ့ပြီး အဲဒီအကျင့်ဆိုးတွေကို ပြင်ဆင်တော့မယ်လို့ ကတိပေးပြောဆိုခဲ့တယ်။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နေမာ ဦးဆောင်တဲ့ ဘရာဇီးလ်အသင်း အောင်မြင်မှုရဖို့ ပရိသတ်တွေက မျှော်လင့်ခဲ့ပေမယ့် ကွာတားဖိုင်နယ်မှာ ဘယ်လ်ဂျီယံကို ရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။ နေမာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မျှော်လင့်သလောက်ခြေစွမ်းမပြနိုင်ခဲ့ဘဲ (၂)ဂိုးသာ သွင်းဂိုးသလို သူ့ရဲ့ ဟန်ဆောင်လဲှချမှုတွေ၊ လိုအပ်တာထက် အမူအရာပိုခဲ့တာတွေကြောင့် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ အကြီးအကျယ် Troll ခံခဲ့ရပြီး မီဒီယာတွေ ပစ်မှတ်ထားတိုက်ခိုက်တာကို ခံခဲ့ရသူပါ။

Neymar-Troll

Neymar-Troll

ဒါကြောင့်ပဲ FIFA က ထုတ်ပြန်ခဲ့တဲ့ The Best ဆုအတွက် ပဏာမ(၁၀)ဦးစာရင်းမှာ နေမာ ချန်လှပ်ခံခဲ့ရတာပဲဖြစ်ပါတယ်။ ဒါပေမဲ့ နေမာက သူ့အမှားကို ဝန်ခံခဲ့ပြီး စိတ်သစ်လူသစ်နဲ့ ပြန်လာမယ်လို့ ကတိပြုခဲ့ပါတယ်။  နေမာဟာ Gillette Brasil’s ‘New Man’ ကြော်ငြာရိုက်ကူးခဲ့ပြီး အဲဒီကြော်ငြာမှာ ကမ္ဘာ့ဖလားပြိုင်ပွဲက သူ့ရဲ့အပြုအမူတွေနဲ့ပတ်သက်ပြီး ပရိသတ်တွေကို တောင်းပန်စကားဆိုခဲ့တာပါ။

Sometimes-I-overreact-but-I-suffer-on-the-pitch

Sometimes-I-overreact-but-I-suffer-on-the-pitch

နေမာက”ကျွန်တော့်ရဲ့ အမူအရာတွေ ပိုလွန်းတယ်လို့ ခင်ဗျားတို့(မီဒီယာတွေကို ဆိုလို) ထင်ကြပါလိမ့်မယ်။ တစ်ခါတလေကျရင်တော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ကွင်းထဲမှာ ကျွန်တော် ခံစားခဲ့ရတာတော့ အမှန်ပါပဲ။ အပြင်ပုံသဏ္ဍန်ကို ကြည့်ရင်တော့ ခင်ဗျားတို့ ခန့်မှန်းနိုင်မှာ မဟုတ်ပါဘူး။ ပြစ်တင်ဝေဖန်မှုတွေကို လက်ခံနိုင်ဖို့ ကျွန်တော် အချိန်ယူခဲ့ရပါတယ်။ အခုတော့ ကျွန်တော် စိတ်သစ်၊ ကိုယ်သစ်နဲ့ ပြန်လာပါပြီ”လို့ ပြောကြားခဲ့တယ်။

နေမာရဲ့ကြော်ငြာသစ် Gillette Brasil’s ‘New Man’

REF:sportskeeda
Photo:Reddit,Youtube Channel,NewsClick
Naing Linn(Akhayar)
www.akhayar.com