[Zawgyi]

လီဗာပူးလ္နဲ႔ ပြဲမွာ ပြဲထြက္ပါ၀င္လာၾကမယ္႔ ေနမာ Neymar နဲ႔ ဘာေပ Mbappe

PSG အသင္းရဲ႕ အဓိကတိုက္စစ္ကစားသမားေတြျဖစ္ၾကတဲ႔ ေနမာ Neymar နဲ႔ ဘာေပ Mbappe တို႔ဟာ လီဗာပူးလ္အသင္းနဲ႔ ကစားမယ္႔ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ပြဲထြက္ပါ၀င္လာၾကျဖစ္တယ္လို႔ သိရပါတယ္။ ေနမာနဲ႔ ဘာေပ တို႔ဟာ ျပီးခဲ႔တဲ႔ ႏိုင္ငံတကာပြဲစဥ္ေတြမွာ ဒဏ္ရာျပႆနာေတြနဲ႔ ၾကံဳေတြ႕ခဲ႔ၾကရျပီး ေနမာ က ေပါင္ျခံဒဏ္ရာ ၊ ဘာေပ ကပခံုးဒဏ္ရာရရိွခဲ႔တာပဲျဖစ္ပါတယ္။

Neymar-And-Mbappe

Neymar-And-Mbappe

ဒီအေနအထားေတြေၾကာင္႔ ေနမာ နဲ႔ ဘာေပ တို႔ဟာ PSG အသင္းက တူးေလာ႔စ္အသင္းကို (၁ – ၀ )နဲ႔ အႏိုင္ရရိွခဲ႔တဲ႔ လီဂူးပြဲစဥ္ကိုလည္း လြဲေခ်ာ္ခဲ႔ၾကပါတယ္။ လက္ရိွမွာေတာ႔ ေနမာ နဲ႔ ဘာေပ တို႔ဟာ အသင္းနဲ႔အတူ ေလ႔က်င္႔ခန္းျပန္ဆင္းေနျပီျဖစ္ျပီး လီဗာပူးလ္နဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္အတြက္ အသင္႔ျဖစ္ေနၾကတာပဲျဖစ္ပါတယ္။ PSG အသင္းနည္းျပ တူဟယ္ Tuchel ကေတာ႔ ” ဘာျပႆနာမွ မရိွပါဘူး။ သူတို႔ မနက္ျဖန္ပြဲမွာ ပြဲထြက္ပါ၀င္လာမွာပါ ” လို႔ေျပာၾကားခဲ႔ပါတယ္။ ဒီႏွစ္ေဘာလံုးရာသီမွာ ေနမာနဲ႔ ဘာေပတို႔ရဲ႕ တိုက္စစ္အတြဲဟာ အေကာင္းဆံုးပံုစံမွာရိွေနျပီး လက္ရိွအခ်ိန္မွာ အသင္းအတြက္ တစ္ေယာက္ကို(၁၃)ဂိုးစီ သြင္းယူထားၾကပါတယ္။

Ref: Sportskeeda
Photo: Sportskeeda , ESPN.com
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

လီဗာပူးလ်နဲ့ ပွဲမှာ ပွဲထွက်ပါဝင်လာကြမယ့် နေမာ Neymar နဲ့ ဘာပေ Mbappe

PSG အသင်းရဲ့ အဓိကတိုက်စစ်ကစားသမားတွေဖြစ်ကြတဲ့ နေမာ Neymar နဲ့ ဘာပေ Mbappe တို့ဟာ လီဗာပူးလ်အသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ ပွဲထွက်ပါဝင်လာကြဖြစ်တယ်လို့ သိရပါတယ်။ နေမာနဲ့ ဘာပေ တို့ဟာ ပြီးခဲ့တဲ့ နိုင်ငံတကာပွဲစဉ်တွေမှာ ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့ခဲ့ကြရပြီး နေမာ က ပေါင်ခြံဒဏ်ရာ ၊ ဘာပေ ကပခုံးဒဏ်ရာရရှိခဲ့တာပဲဖြစ်ပါတယ်။

Neymar-And-Mbappe

Neymar-And-Mbappe

ဒီအနေအထားတွေကြောင့် နေမာ နဲ့ ဘာပေ တို့ဟာ PSG အသင်းက တူးလော့စ်အသင်းကို (၁ – ၀ )နဲ့ အနိုင်ရရှိခဲ့တဲ့ လီဂူးပွဲစဉ်ကိုလည်း လွဲချော်ခဲ့ကြပါတယ်။ လက်ရှိမှာတော့ နေမာ နဲ့ ဘာပေ တို့ဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်ပြီး လီဗာပူးလ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွက် အသင့်ဖြစ်နေကြတာပဲဖြစ်ပါတယ်။ PSG အသင်းနည်းပြ တူဟယ် Tuchel ကတော့ ” ဘာပြဿနာမှ မရှိပါဘူး။ သူတို့ မနက်ဖြန်ပွဲမှာ ပွဲထွက်ပါဝင်လာမှာပါ ” လို့ပြောကြားခဲ့ပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာ နေမာနဲ့ ဘာပေတို့ရဲ့ တိုက်စစ်အတွဲဟာ အကောင်းဆုံးပုံစံမှာရှိနေပြီး လက်ရှိအချိန်မှာ အသင်းအတွက် တစ်ယောက်ကို(၁၃)ဂိုးစီ သွင်းယူထားကြပါတယ်။

Ref: Sportskeeda
Photo: Sportskeeda , ESPN.com
Ko Kyue(Akhayar)
www.akhayar.com