[Zawgyi]

၈၀ ရာခုိင္ႏႈန္းသာ ႀကံ့ခုိင္မႈျပည့္၀ေသးတယ္လုိ႔ ဖြင့္ဟ၀န္ခံခဲ့တဲ့ ေနမာ Neymar

ဘရာဇီးလ္အသင္းရဲ႕ နာမည္ေက်ာ္ တိုက္စစ္မွဴး ေနမာ Neymar က ခ႐ုိေအးရွားနဲ႔ပဲြမွာ ဂုိးသြင္းႏုိင္ခဲ့ေပမယ့္လည္း သူ႔ရဲ႕ ႀကံ့ခုိင္မႈက ရာႏႈန္းျပည့္မရွိဘဲ (၈၀%)သာ ရွိေသးတယ္လုိ႔ ဖြင့္ဟ၀န္ခံခဲ့ပါတယ္။ ခ႐ုိေအးရွား ကုိ (၂-၀)ဂုိးနဲ႔ အႏုိင္ရခဲ့တဲ့ ေျခစမ္းပဲြမွာ ေနမာဟာ ဘရာဇီးလ္အသငး္အတြက္ အဖြင့္ဂုိးကုိ ၿပိဳင္ဘက္ေနာက္ခံလူ (၃)ဦးကုိ ေက်ာ္ျဖတ္ၿပီး လွလွပပကန္သြင္းခ့ဲတာပါ။ ေနမာဟာ ၿပီးခဲ့တဲ့ေဖေဖာ္၀ါရီလတုန္းက ရရွိခဲ့တဲ့ ေျခေထာက္ အ႐ုိးက်ိဳးတဲ့ဒဏ္ရာ ခဲြစိတ္ကုသမႈေၾကာင့္ အနားယူခဲ့ရၿပီး ခ႐ုိေအးရွားနဲ႔ပဲြဟာ ေနမာအတြက္ (၃) လအတြင္း ပထမဆုံးျပန္ကစားတဲ့ပဲြလည္းျဖစ္ပါတယ္။

Neymar-scored-a-brilliant-solo-goal-during-his-first-appearance-in-over-three-months

Neymar-scored-a-brilliant-solo-goal-during-his-first-appearance-in-over-three-months

ခ႐ုိေအးရွားနဲ႔ပဲြအၿပီးမွာ ေနမာက”ဒဏ္ရာေၾကာင့္ အနားယူခဲ့ရတာ (၃)လအထိ ရွိခဲ့ပါတယ္။ အခုအခ်ိန္မွာ ေဘာလုံးျပန္ကစားႏုိင္ၿပီျဖစ္သလုိ ဂုိးလည္း သြင္းယူႏုိင္ခဲ့လုိ႔ အရမ္း ေပ်ာ္ရႊင္မိပါတယ္။ နာက်င္မႈ အနည္းငယ္ ခံစားေနရဆဲျဖစ္ေပမယ့္ ေဘာလုံးနဲ႔ လအေတာ္ၾကာ ေ၀းကြာခဲ့ၿပီးမွ ျပန္ကစားတာျဖစ္လုိ႔ ဒါက သာမန္ ပါပဲ။ ကၽြန္ေတာ့္ရဲ႕ ႀကံ့ခုိင္မႈက (၈၀%)ေလာက္ပဲ ရွိပါေသးတယ္”လုိ႔ ေျပာၾကားခဲ့ပါတယ္။ ဘရာဇီးလ္အသငး္ ဟာ ဇြန္လ(၁၀)ရက္ (တနဂၤေႏြေန႔)မွာ ၾသစႀတီးယားအသငး္နဲ႔ ေနာက္ဆုံး ေျခစမ္းပဲြကစားမွာျဖစ္ၿပီး အဲဒီပဲြ အၿပီး တစ္ပတ္အၾကာမွာပဲ ဆြစ္ဇာလန္နဲ႔ ၂၀၁၈ ကမၻာ႔ဖလား အုပ္စုအဖြင့္ပဲြ စတင္ယွဥ္ၿပိဳင္ရမွာပါ။

REF:Daily Mail
Photo:Midiamax,Goal.com
Naing Linn(Akhayar)
www.akhayar.com

[Unicode]

၈၀ ရာခိုင်နှုန်းသာ ကြံ့ခိုင်မှုပြည့်ဝသေးတယ်လို့ ဖွင့်ဟဝန်ခံခဲ့တဲ့ နေမာ Neymar

ဘရာဇီးလ်အသင်းရဲ့ နာမည်ကျော် တိုက်စစ်မှူး နေမာ Neymar က ခရိုအေးရှားနဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့ပေမယ့်လည်း သူ့ရဲ့ ကြံ့ခိုင်မှုက ရာနှုန်းပြည့်မရှိဘဲ (၈၀%)သာ ရှိသေးတယ်လို့ ဖွင့်ဟဝန်ခံခဲ့ပါတယ်။ ခရိုအေးရှား ကို (၂-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ နေမာဟာ ဘရာဇီးလ်အသင်းအတွက် အဖွင့်ဂိုးကို ပြိုင်ဘက်နောက်ခံလူ (၃)ဦးကို ကျော်ဖြတ်ပြီး လှလှပပကန်သွင်းခဲ့တာပါ။ နေမာဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းက ရရှိခဲ့တဲ့ ခြေထောက် အရိုးကျိုးတဲ့ဒဏ်ရာ ခွဲစိတ်ကုသမှုကြောင့် အနားယူခဲ့ရပြီး ခရိုအေးရှားနဲ့ပွဲဟာ နေမာအတွက် (၃) လအတွင်း ပထမဆုံးပြန်ကစားတဲ့ပွဲလည်းဖြစ်ပါတယ်။

Neymar-scored-a-brilliant-solo-goal-during-his-first-appearance-in-over-three-months

Neymar-scored-a-brilliant-solo-goal-during-his-first-appearance-in-over-three-months

ခရိုအေးရှားနဲ့ပွဲအပြီးမှာ နေမာက”ဒဏ်ရာကြောင့် အနားယူခဲ့ရတာ (၃)လအထိ ရှိခဲ့ပါတယ်။ အခုအချိန်မှာ ဘောလုံးပြန်ကစားနိုင်ပြီဖြစ်သလို ဂိုးလည်း သွင်းယူနိုင်ခဲ့လို့ အရမ်း ပျော်ရွှင်မိပါတယ်။ နာကျင်မှု အနည်းငယ် ခံစားနေရဆဲဖြစ်ပေမယ့် ဘောလုံးနဲ့ လအတော်ကြာ ဝေးကွာခဲ့ပြီးမှ ပြန်ကစားတာဖြစ်လို့ ဒါက သာမန် ပါပဲ။ ကျွန်တော့်ရဲ့ ကြံ့ခိုင်မှုက (၈၀%)လောက်ပဲ ရှိပါသေးတယ်”လို့ ပြောကြားခဲ့ပါတယ်။ ဘရာဇီးလ်အသင်း ဟာ ဇွန်လ(၁၀)ရက် (တနင်္ဂနွေနေ့)မှာ သြစတြီးယားအသင်းနဲ့ နောက်ဆုံး ခြေစမ်းပွဲကစားမှာဖြစ်ပြီး အဲဒီပွဲ အပြီး တစ်ပတ်အကြာမှာပဲ ဆွစ်ဇာလန်နဲ့ ၂၀၁၈ ကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲ စတင်ယှဉ်ပြိုင်ရမှာပါ။

REF:Daily Mail
Photo:Midiamax,Goal.com
Naing Linn(Akhayar)
www.akhayar.com