Microsoft Xbox
Xbox One Console အသစ်က ဈေးသက်သာတာတစ်ခုထဲတင် အားသာချက်ရှိနေတာမျိုးမဟုတ်ဘဲ Digital Game တွေကို ပိုပြီးဆော့ကစားသူများပြားအောင် ဆောင်ရွက်လိုက်သလိုဖြစ်နေမှာပါ။ Microsoft က လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်တုန်းက Xbox One ကို မိတ်ဆက်ခဲ့ထဲက Digital Game တွေကို ဆော့ကစားအောင် ဆောင်ရွက်ချင်ခဲ့တာဖြစ်ပြီး အခု Xbox One Console အသစ်က တကယ်ကို Digital Game ဈေးကွက်ကို အောင်မြင်လာနိုင်စေပါတယ်။
Microsoft Xbox
Ref : Tech Crunch
Zawyè (Akhayar) 
www.akhayar.com
[UNICODE]
Microsoft ကနေ အခုအချိန်မှာ Xbox One Console အသစ်တစ်ခုကို မိတ်ဆက်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့် အခုထွက်လာမယ့် Xbox One က ပုံမှန် Xbox One Console တွေနဲ့ တူညီမှာမဟုတ်ဘဲ Blu-Ray Drive ပါဝင်မှာမဟုတ်ဘူးလို့ သိရပါတယ်။
Microsoft Xbox
အခု Blu-Ray Drive ပါဝင်မှာမဟုတ်တဲ့ Xbox One Console အသစ်က လက်ရှိ Entry-level Xbox One ထက်တောင် ပိုပြီးစျေးသက်သာမယ်လို့ ယူဆရပါတယ်။ လောလောဆယ်မှာ Xbox One S က ဒေါ်လာ ၂၉၉ ကနေ စတင်မှာဖြစ်တဲ့အတွက် အခု Xbox One အသစ်က ၁၉၉ ဒေါ်လာ ကနေ စတင်လာမယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် ဒီ Xbox One အသစ်က လူတိုင်းတတ်နိုင်တဲ့ Console တစ်ခုဖြစ်လာဖို့ များနေပါတယ်။
Xbox One Console အသစ်က စျေးသက်သာတာတစ်ခုထဲတင် အားသာချက်ရှိနေတာမျိုးမဟုတ်ဘဲ Digital Game တွေကို ပိုပြီးဆော့ကစားသူများပြားအောင် ဆောင်ရွက်လိုက်သလိုဖြစ်နေမှာပါ။ Microsoft က လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်တုန်းက Xbox One ကို မိတ်ဆက်ခဲ့ထဲက Digital Game တွေကို ဆော့ကစားအောင် ဆောင်ရွက်ချင်ခဲ့တာဖြစ်ပြီး အခု Xbox One Console အသစ်က တကယ်ကို Digital Game စျေးကွက်ကို အောင်မြင်လာနိုင်စေပါတယ်။
Microsoft Xbox
ဘာပဲဖြစ်ဖြစ် ဒီ Xbox One Console အသစ်က ပုံမှန် Xbox ဂိမ်းတွေကို ဆော့ကစားနိုင်မှာဖြစ်ပြီးတော့ အဓိကကွာခြားချက်အနေနဲ့ကတော့ Hardware Performance အနည်းငယ်နိမ့်သွားမှာနဲ့ Digital Game တွေပဲ ဆော့ကစားနိုင်မှာပဲ ကွာခြားမှာပါ။
Ref : Tech Crunch
Zawyè (Akhayar) 
www.akhayar.com