Microsoft ရဲ႕ Xbox ဂိမ္းစက္ေတြကို လူတိုင္းသိၾကမွာပါ။ အခုအခ်ိန္မွာ Microsoft ကေန Next-generation Xbox ဂိမ္းစက္ကို ထုတ္လုပ္ဖုိ႔အတြက္ အားစိုက္ေနျပီးေတာ့ လက္ရွိသိရတဲ့သတင္းေတြအရေတာ့ အဆိုပါ Next-generation Xbox ဟာ လာမယ့္ ၂၀၂၀ ခုႏွစ္မွာ ျမင္လာရဖုိ႔ မ်ားေနတာပဲျဖစ္ပါတယ္။ အဆုိပါ Xbox ဂိမ္းစက္ဟာ လက္ရွိေရာင္းခ်ေနတဲ့ Xbox ဂိမ္းစက္ထက္ စြမ္းေဆာင္ရည္အဆမ်ားစြာသာလြန္မယ့္အျပင္ Microsoft က ေနာက္ထပ္ Streaming Games ေတြကိုပဲ ကန္႔သတ္ထားမယ့္ Xbox ဂိမ္းစက္တစ္ခုကိုပါ ထုတ္သြားဖုိ႔ စိတ္ကူးေနပံုပါပဲ။

Microsoft XBox E3

အခုသတင္းကို Thurrott.com ကေန ေဖာ္ျပခဲ့တာျဖစ္ျပီးေတာ့ Microsoft ဟာ လက္ရွိ Console Gaming ကို လံုးဝ Streaming အေနနဲ႔ ယူေဆာင္သြားဖုိ႔ စိတ္ကူးေနျပီးေတာ့ အဲ့ဒီအတြက္ အခုလုိမ်ိဳး Streaming ကိုပဲ သီးသန္႔ ကန္႔သတ္ထားမယ့္ Xbox Console တစ္ခုကိုပါ မိတ္ဆက္သြားဖုိ႔ ၾကံစည္ေနတာျဖစ္တယ္လုိ႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ အခုလိုမ်ိဳး Streaming Only ျဖစ္သြားတဲ့အတြက္ Hardware ပိုင္းမွာ Controller Input ၊ Image Processing နဲ႔ Collision Detection စေသာ တြက္ခ်က္မႈေတြမွာ Compute Power ကို အမ်ားအျပားအသံုးခ်ဖုိ႔ လိုအပ္မွာမဟုတ္ေတာ့ဘဲ In Game Latency ကိုလည္း ေလ်ာ႔ခ်ႏုိင္မယ္လုိ႔ သိရပါတယ္။ ဒါတင္မကေသးဘဲ Microsoft ကိုယ္တုိင္က Locally Run ေနတဲ့ ဂိမ္းေတြနဲ႔ Cloud ေပၚက ဂိမ္းေတြကို Input Lag နဲ႔ တျခားေသာ Image Processing Delays ေတြကို ေလ်ာ႔ခ်ဖုိ႔အတြက္ ခြဲျခားလုိက္ဖုိ႔ပါ စီစဥ္ေနတာျဖစ္ပါတယ္။

Microsoft XBox One

Microsoft ဟာ ယခု ေဆာင္ရြက္ေနတဲ့ Next-generation Xbox ဂိမ္းစက္အသစ္ကို Codename အေနနဲ႔ Scarlett နာမည္နဲ႔ ေဆာင္ရြက္ေနတာျဖစ္ျပီးေတာ့ မၾကာေသးမီကလည္း Microsoft ကေန Xbox အတြက္တင္မဟုတ္ဘဲ Devices မ်ိဳးစံုနဲ႔ တြဲဖက္အလုပ္လုပ္ႏုိင္မယ့္ Game Streaming Service တစ္ခုကို ေဆာင္ရြက္ေနတယ္ဆုိတာကို ထုတ္ေဖာ္ေျပာၾကားခဲ့ေသးတာပဲျဖစ္ပါတယ္။ အခု Service ဟာ ေနာက္ပိုင္းမွာ Xbox တင္မဟုတ္ဘဲ “Netflix for video games” Service နဲ႔ Xbox Game Pass လုိမ်ိဳး Service ေတြအတြက္ အဓိကေသာ့ခ်က္တစ္ခုျဖစ္လာမွာလည္း ျဖစ္ပါတယ္။

ယခုလုိပဲ က်န္ရွိေနတဲ့ သတင္း Source ေတြကလည္း Microsoft ဟာ လက္ရွိ Microsoft က ပိုင္ဆုိင္တဲ့ Data Centers ေတြရဲ႕ လုပ္ေဆာင္ႏုိင္စြမ္းအားလံုးကို ယခု Game Streaming Services အတြက္ အလံုးစံုပံုေအာျပီး ေဆာင္ရြက္ေနျပီးေတာ့ Codename အေနနဲ႔ “XCloud” လုိ႔ နာမည္ေပးထားတယ္လို႔ သိရပါတယ္။ Microsoft ဟာ ယခု XCloud Game Streaming အတြက္ Custom ျပဳလုပ္ထားတဲ့ Xbox Consoles ေတြကို Single Server တစ္ခုအေနနဲ႔ Data Centers ေတြကို Data ေတြ ေပးပို႔ေပးမွာျဖစ္ျပီး အဆုိပါ Data Centers ေတြကေနမွာ ေဆာ့ကစားသူေတြကို Streaming ျပန္လည္ျပဳလုပ္သြားမွာပါ။

Microsoft XBox Streaming

Microsoft ရဲ႕ ယွဥ္ျပိဳင္ဘက္ျဖစ္တဲ့ Sony ကလည္း အလားတူ Streaming Service တစ္ခုျဖစ္တဲ့ PlayStation Now Service ကို ျပဳလုပ္လ်က္ရွိျပီး အဆုိပါ Service ဟာ PS2 ၊ PS3 နဲ႔ PS4 Titles ဂိမး္ေတြကို PC ဒါမွမဟုတ္ PS4 ဂိမ္းစက္ေတြကို ျပန္လည္ Streaming ျပဳလုပ္ေပးေနတာပဲျဖစ္ပါတယ္။ ဒါေပမယ့္ Microsoft ရဲ႕ ယခု XCloud Game Streaming Service ကေတာ့ Devices မ်ိဳးစံုမွာ ေဆာ့ကစားႏုိင္ေစမွာျဖစ္ျပီးေတာ့ အသံုးျပဳလုိ႔ရလာတာနဲ႔ Mobile Devices ေတြမွာ ေဆာ့ကစားႏုိင္ေအာင္ ျပဳလုပ္သြားမွာပဲျဖစ္ပါတယ္။

Microsoft XBox

ယခင္တုန္းက Game Consoles ေတြမွာ Game CD ေတြနဲ႔ ေဆာ့ကစားႏုိင္တာကေန အခုအခ်ိန္မွာ Cloud Streaming ကို အသည္းအသန္ ျပိဳင္ဆိုင္ေနၾကတဲ့ ယခု Console တိုက္ပြဲမွာ Microsoft ရဲ႕ XCloud Game Streaming Service က အနာဂတ္ျဖစ္လာႏုိင္မလားဆိုတာကေတာ့ စိတ္ဝင္စားဖုိ႔ အရမ္းေကာင္းေနပါျပီ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Microsoft ရဲ့ Xbox ဂိမ်းစက်တွေကို လူတိုင်းသိကြမှာပါ။ အခုအချိန်မှာ Microsoft ကနေ Next-generation Xbox ဂိမ်းစက်ကို ထုတ်လုပ်ဖို့အတွက် အားစိုက်နေပြီးတော့ လက်ရှိသိရတဲ့သတင်းတွေအရတော့ အဆိုပါ Next-generation Xbox ဟာ လာမယ့် ၂၀၂၀ ခုနှစ်မှာ မြင်လာရဖို့ များနေတာပဲဖြစ်ပါတယ်။ အဆိုပါ Xbox ဂိမ်းစက်ဟာ လက်ရှိရောင်းချနေတဲ့ Xbox ဂိမ်းစက်ထက် စွမ်းဆောင်ရည်အဆများစွာသာလွန်မယ့်အပြင် Microsoft က နောက်ထပ် Streaming Games တွေကိုပဲ ကန့်သတ်ထားမယ့် Xbox ဂိမ်းစက်တစ်ခုကိုပါ ထုတ်သွားဖို့ စိတ်ကူးနေပုံပါပဲ။

Microsoft XBox E3

အခုသတင်းကို Thurrott.com ကနေ ဖော်ပြခဲ့တာဖြစ်ပြီးတော့ Microsoft ဟာ လက်ရှိ Console Gaming ကို လုံးဝ Streaming အနေနဲ့ ယူဆောင်သွားဖို့ စိတ်ကူးနေပြီးတော့ အဲ့ဒီအတွက် အခုလိုမျိုး Streaming ကိုပဲ သီးသန့် ကန့်သတ်ထားမယ့် Xbox Console တစ်ခုကိုပါ မိတ်ဆက်သွားဖို့ ကြံစည်နေတာဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ အခုလိုမျိုး Streaming Only ဖြစ်သွားတဲ့အတွက် Hardware ပိုင်းမှာ Controller Input ၊ Image Processing နဲ့ Collision Detection စသော တွက်ချက်မှုတွေမှာ Compute Power ကို အများအပြားအသုံးချဖို့ လိုအပ်မှာမဟုတ်တော့ဘဲ In Game Latency ကိုလည်း လျော့ချနိုင်မယ်လို့ သိရပါတယ်။ ဒါတင်မကသေးဘဲ Microsoft ကိုယ်တိုင်က Locally Run နေတဲ့ ဂိမ်းတွေနဲ့ Cloud ပေါ်က ဂိမ်းတွေကို Input Lag နဲ့ တခြားသော Image Processing Delays တွေကို လျော့ချဖို့အတွက် ခွဲခြားလိုက်ဖို့ပါ စီစဉ်နေတာဖြစ်ပါတယ်။

Microsoft XBox One

Microsoft ဟာ ယခု ဆောင်ရွက်နေတဲ့ Next-generation Xbox ဂိမ်းစက်အသစ်ကို Codename အနေနဲ့ Scarlett နာမည်နဲ့ ဆောင်ရွက်နေတာဖြစ်ပြီးတော့ မကြာသေးမီကလည်း Microsoft ကနေ Xbox အတွက်တင်မဟုတ်ဘဲ Devices မျိုးစုံနဲ့ တွဲဖက်အလုပ်လုပ်နိုင်မယ့် Game Streaming Service တစ်ခုကို ဆောင်ရွက်နေတယ်ဆိုတာကို ထုတ်ဖော်ပြောကြားခဲ့သေးတာပဲဖြစ်ပါတယ်။ အခု Service ဟာ နောက်ပိုင်းမှာ Xbox တင်မဟုတ်ဘဲ “Netflix for video games” Service နဲ့ Xbox Game Pass လိုမျိုး Service တွေအတွက် အဓိကသော့ချက်တစ်ခုဖြစ်လာမှာလည်း ဖြစ်ပါတယ်။

ယခုလိုပဲ ကျန်ရှိနေတဲ့ သတင်း Source တွေကလည်း Microsoft ဟာ လက်ရှိ Microsoft က ပိုင်ဆိုင်တဲ့ Data Centers တွေရဲ့ လုပ်ဆောင်နိုင်စွမ်းအားလုံးကို ယခု Game Streaming Services အတွက် အလုံးစုံပုံအောပြီး ဆောင်ရွက်နေပြီးတော့ Codename အနေနဲ့ “XCloud” လို့ နာမည်ပေးထားတယ်လို့ သိရပါတယ်။ Microsoft ဟာ ယခု XCloud Game Streaming အတွက် Custom ပြုလုပ်ထားတဲ့ Xbox Consoles တွေကို Single Server တစ်ခုအနေနဲ့ Data Centers တွေကို Data တွေ ပေးပို့ပေးမှာဖြစ်ပြီး အဆိုပါ Data Centers တွေကနေမှာ ဆော့ကစားသူတွေကို Streaming ပြန်လည်ပြုလုပ်သွားမှာပါ။

Microsoft XBox Streaming

Microsoft ရဲ့ ယှဉ်ပြိုင်ဘက်ဖြစ်တဲ့ Sony ကလည်း အလားတူ Streaming Service တစ်ခုဖြစ်တဲ့ PlayStation Now Service ကို ပြုလုပ်လျက်ရှိပြီး အဆိုပါ Service ဟာ PS2 ၊ PS3 နဲ့ PS4 Titles ဂိမ်းတွေကို PC ဒါမှမဟုတ် PS4 ဂိမ်းစက်တွေကို ပြန်လည် Streaming ပြုလုပ်ပေးနေတာပဲဖြစ်ပါတယ်။ ဒါပေမယ့် Microsoft ရဲ့ ယခု XCloud Game Streaming Service ကတော့ Devices မျိုးစုံမှာ ဆော့ကစားနိုင်စေမှာဖြစ်ပြီးတော့ အသုံးပြုလို့ရလာတာနဲ့ Mobile Devices တွေမှာ ဆော့ကစားနိုင်အောင် ပြုလုပ်သွားမှာပဲဖြစ်ပါတယ်။

Microsoft XBox

ယခင်တုန်းက Game Consoles တွေမှာ Game CD တွေနဲ့ ဆော့ကစားနိုင်တာကနေ အခုအချိန်မှာ Cloud Streaming ကို အသည်းအသန် ပြိုင်ဆိုင်နေကြတဲ့ ယခု Console တိုက်ပွဲမှာ Microsoft ရဲ့ XCloud Game Streaming Service က အနာဂတ်ဖြစ်လာနိုင်မလားဆိုတာကတော့ စိတ်ဝင်စားဖို့ အရမ်းကောင်းနေပါပြီ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com