[Zawgyi]

Vivo ကေတာ့ စမတ္ဖုန္း နယ္ပယ္ထဲမွာ အဆင့္အတန္းသစ္တစ္ခုကို သတ္မွတ္္ႏိုင္ခဲ့တဲ့ NEX Flagship ဖုန္းအသစ္ေတြကို မေန႔က တ႐ုတ္ႏိုင္ငံမွာ မိတ္ဆက္လိုက္ပါၿပီ။ Notch မပါတဲ့ Design ေၾကာင့္ Display တစ္ခုလံုးကို သင္အျပည့္အဝခံစားႏိုင္မွာပါ။ အဲ့ဒီလို ႀကီးမားလွတဲ့ Display ကိုေတာ့ Vivo က Ultra FullView Display လို႔ နာမည္ေပးထားပါတယ္။ ဖုန္းအေရွ႕မ်က္ႏွာျပင္ရဲ႕  ၉၁.၂၄ ရာခိုင္ႏႈန္းကို Display ကေနရာယူထားတာေၾကာင့္ သင့္လက္ထဲမွာ Display တစ္ခ်ပ္ကို ကိုင္ထားရသလိုခံစားေစမွာပါ။ 

စမတ္ဖုန္း Design သမိုင္းတစ္ေလွ်ာက္မွာလည္း NEX ဖုန္းေတြက Vivo ရဲ႕ ဖန္တီးႏိုင္မႈစြမ္းရည္ကို ေဖာ္ျပေပးႏိုင္တဲ့ ဖုန္းေတြျဖစ္လာပါတယ္။ Premium Flagship စမတ္ဖုန္းျဖစ္တာနဲ႔အညီ Design နဲ႔ Performance ပိုင္းေတြအျပင္ ဆန္းသစ္တဲ့နည္းပညာေတြနဲ႔အတူ စမတ္္ဖုန္းေလာကရဲ႕ ေနာက္တစ္ေခတ္ဆီ သင့္ကိုေခၚေဆာင္ေပးသြားႏိုင္ပါတယ္။ 

အခုလို ေသသပ္လွပတဲ့ Display Desgin ကုိရရွိႏိုင္ေစဖို႔အတြက္ Selfie Camera ၊ Earpiece နဲ႔ Sensor ပိုင္းမွာ နည္းပညာအသစ္ေတြနဲ႔ အစားထိုးလာပါတယ္။ Selfie Camera ကို အေပါက္ဖက္မွာ ထြက္လာေစမယ့္ နည္းပညာအသစ္ကိုအသံုးျပဳထားတာျဖစ္ၿပီး Earpiece ကိုေတာ့ Display ကိုတုန္ခါေစတဲ့ နည္းပညာနဲ႔အစားထိုးလိုက္ပါတယ္။ SoundCasting လို႔နာမည္ေပးထားၿပီး Vivo ရဲ႕ဖန္တီးမႈေတြထဲက တစ္ခုလည္း ျဖစ္ပါတယ္။ NEX ကို လွပတဲ့မွန္တစ္ခ်ပ္လိုေျပျပစ္ေနေစတာကေတာ့ Vivo ရဲ႕ 3rd Generation In-Display Fingerprint နည္းပညာေၾကာင့္ပါ။ NEX မွာထည့္ေပးထားတဲ့ In-Display Fingerprint Scanner ကလည္း တိက်မႈနဲ႔ ျမန္ဆန္မႈအပိုင္းမွာလည္း အရင္ကထက္ ပိုတိုးတက္လာပါတယ္။ 

“လက္ရွိစမတ္ဖုန္းနယ္ပယ္ထဲက ထပ္ေနတဲ့ Design နဲ႔ Bezel-less Device ေတြရဲ႕ အဆံုးသတ္္ကို NEX ဖုန္းေတြက ယူေဆာင္လာခဲ့ပါၿပီ။ စမတ္ဖုန္းေလာကရဲ႕အနာဂတ္ကိုပံုေဖာ္ေပးႏိုင္မယ့္ ေဖာက္ထြက္လာတဲ့နည္းပညာအသစ္ေတြကို ဖန္တီးဖို႔အတြက္ ကၽြန္ေတာ္တို႔ အခ်ိန္ေတြအမ်ားႀကီးယူခဲ့ရပါတယ္။” လို႔ Vivo ရဲ႕ Senior Vice President ျဖစ္သူ Alex Feng ကေျပာၾကားသြားခဲ့ပါတယ္။ Vivo NEX မွာေတာ့ Qualcomm Snapdragon 845 Processor ၊ 8GB RAM ၊ 4,000mAh Battery ၊ 256GB Storage ပါဝင္ပါတယ္။

  6.59-inch 1080p+ Ultra FullView Display ကိုေတာ့ OLED အသံုးျပဳေပးထားပါတယ္။ 12MP f/1.8 Lens နဲ႔ 5MP f/2.4 Lens ႏွစ္လံုးတြဲေပးထားတဲ့ Dual Camra ကို ေက်ာ္ဖက္မွာေတြ႕ရပါတယ္။ အသံုးျပဳဖို႔လိုအပ္မယ့္အခ်ိန္မွာ ဖုန္းရဲ႕အေပၚက ထြက္လာမယ့္ Selfie Camera ကေတာ့ 8MP f/2.0 ရွိပါတယ္။ ျမန္မာႏုိင္ငံကိုေရာက္လာမလားဆိုတာကိုေတာ့ မသိရေသးေပမယ့္ ေတာ္ေတာ္ေလး စိတ္ဝင္စားစရာေကာင္းတဲ့ ဖုန္းတစ္လံုးျဖစ္ေနေတာ့ အားလံုးလည္း စိတ္ဝင္စားၾကမယ္လို႔ထင္ပါတယ္။ 

Ref: Vivo

Min Than Htike (Akhayar)

www.akhayar.com

[Unicode]

Vivo ကတော့ စမတ်ဖုန်း နယ်ပယ်ထဲမှာ အဆင့်အတန်းသစ်တစ်ခုကို သတ်မှတ်နိုင်ခဲ့တဲ့ NEX Flagship ဖုန်းအသစ်တွေကို မနေ့က တရုတ်နိုင်ငံမှာ မိတ်ဆက်လိုက်ပါပြီ။ Notch မပါတဲ့ Design ကြောင့် Display တစ်ခုလုံးကို သင်အပြည့်အဝခံစားနိုင်မှာပါ။ အဲ့ဒီလို ကြီးမားလှတဲ့ Display ကိုတော့ Vivo က Ultra FullView Display လို့ နာမည်ပေးထားပါတယ်။ ဖုန်းအရှေ့မျက်နှာပြင်ရဲ့  ၉၁.၂၄ ရာခိုင်နှုန်းကို Display ကနေရာယူထားတာကြောင့် သင့်လက်ထဲမှာ Display တစ်ချပ်ကို ကိုင်ထားရသလိုခံစားစေမှာပါ။ 

စမတ်ဖုန်း Design သမိုင်းတစ်လျှောက်မှာလည်း NEX ဖုန်းတွေက Vivo ရဲ့ ဖန်တီးနိုင်မှုစွမ်းရည်ကို ဖော်ပြပေးနိုင်တဲ့ ဖုန်းတွေဖြစ်လာပါတယ်။ Premium Flagship စမတ်ဖုန်းဖြစ်တာနဲ့အညီ Design နဲ့ Performance ပိုင်းတွေအပြင် ဆန်းသစ်တဲ့နည်းပညာတွေနဲ့အတူ စမတ်ဖုန်းလောကရဲ့ နောက်တစ်ခေတ်ဆီ သင့်ကိုခေါ်ဆောင်ပေးသွားနိုင်ပါတယ်။ 

အခုလို သေသပ်လှပတဲ့ Display Desgin ကိုရရှိနိုင်စေဖို့အတွက် Selfie Camera ၊ Earpiece နဲ့ Sensor ပိုင်းမှာ နည်းပညာအသစ်တွေနဲ့ အစားထိုးလာပါတယ်။ Selfie Camera ကို အပေါက်ဖက်မှာ ထွက်လာစေမယ့် နည်းပညာအသစ်ကိုအသုံးပြုထားတာဖြစ်ပြီး Earpiece ကိုတော့ Display ကိုတုန်ခါစေတဲ့ နည်းပညာနဲ့အစားထိုးလိုက်ပါတယ်။ SoundCasting လို့နာမည်ပေးထားပြီး Vivo ရဲ့ဖန်တီးမှုတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ NEX ကို လှပတဲ့မှန်တစ်ချပ်လိုပြေပြစ်နေစေတာကတော့ Vivo ရဲ့ 3rd Generation In-Display Fingerprint နည်းပညာကြောင့်ပါ။ NEX မှာထည့်ပေးထားတဲ့ In-Display Fingerprint Scanner ကလည်း တိကျမှုနဲ့ မြန်ဆန်မှုအပိုင်းမှာလည်း အရင်ကထက် ပိုတိုးတက်လာပါတယ်။ 

“လက်ရှိစမတ်ဖုန်းနယ်ပယ်ထဲက ထပ်နေတဲ့ Design နဲ့ Bezel-less Device တွေရဲ့ အဆုံးသတ်ကို NEX ဖုန်းတွေက ယူဆောင်လာခဲ့ပါပြီ။ စမတ်ဖုန်းလောကရဲ့အနာဂတ်ကိုပုံဖော်ပေးနိုင်မယ့် ဖောက်ထွက်လာတဲ့နည်းပညာအသစ်တွေကို ဖန်တီးဖို့အတွက် ကျွန်တော်တို့ အချိန်တွေအများကြီးယူခဲ့ရပါတယ်။” လို့ Vivo ရဲ့ Senior Vice President ဖြစ်သူ Alex Feng ကပြောကြားသွားခဲ့ပါတယ်။ Vivo NEX မှာတော့ Qualcomm Snapdragon 845 Processor ၊ 8GB RAM ၊ 4,000mAh Battery ၊ 256GB Storage ပါဝင်ပါတယ်။  

6.59-inch 1080p+ Ultra FullView Display ကိုတော့ OLED အသုံးပြုပေးထားပါတယ်။ 12MP f/1.8 Lens နဲ့ 5MP f/2.4 Lens နှစ်လုံးတွဲပေးထားတဲ့ Dual Camra ကို ကျော်ဖက်မှာတွေ့ရပါတယ်။ အသုံးပြုဖို့လိုအပ်မယ့်အချိန်မှာ ဖုန်းရဲ့အပေါ်က ထွက်လာမယ့် Selfie Camera ကတော့ 8MP f/2.0 ရှိပါတယ်။ မြန်မာနိုင်ငံကိုရောက်လာမလားဆိုတာကိုတော့ မသိရသေးပေမယ့် တော်တော်လေး စိတ်ဝင်စားစရာကောင်းတဲ့ ဖုန်းတစ်လုံးဖြစ်နေတော့ အားလုံးလည်း စိတ်ဝင်စားကြမယ်လို့ထင်ပါတယ်။ 

Ref: Vivo

Min Than Htike (Akhayar)

www.akhayar.com