
Newton Mail


Newton Mail



Newton Mail


Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

အလုပ်အတွက် Gmail ၊ Outlook Mail လိုမျိုး Mail တွေများစွာနဲ့ ကိုယ်ပိုင် Mail တွေကို Account တွေပြောင်းနေစရာမလိုဘဲ Application တစ်ခုထဲကနေ ကိုင်တွယ်ပေးနိုင်တဲ့ Mail Application တွေထဲမှာ Newton Mail ဟာလည်း အကောင်းဆုံးတစ်ခုဖြစ်ပါတယ်။

Newton Mail

အဆိုပါ Newton Mail ဟာ Free Application တစ်ခုမဟုတ်ဘဲ Subscription Based Premium Email App တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ Newton Mail ဟာ လာမယ့် စက်တင်ဘာလ ၂၅ ရက်မှာ ပိတ်သိမ်းတော့မှာဖြစ်ပါတယ်။ အခုလိုမျိုး ပိတ်သိမ်းလိုက်တာကလည်း လက်ရှိအချိန်မှာ Premium Mail Application တွေက အသုံးပြုမှုနည်းပါးလာတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

Newton Mail

Newton Mail ရဲ့ Founder Rohit Nadhani ကတော့ သူ့ရဲ့ Medium Post မှာ ကုမ္ပဏီက ရှေ့ဆက်ဖို့အတွက်များစွာသော Business Model တွေကို စမ်းသပ်ခဲ့ပေမယ့် ရေရှည်အတွက် အကျိုးအမြတ်ရရှိမယ့်နည်းလမ်းကို မရှာဖွေနိုင်ခဲ့တာကြောင့် အခုလိုမျိုး ဆုံးဖြတ်ချက်ချလိုက်တာလို့ ပြောကြားထားပါတယ်။ သူ့ရဲ့ အဆိုအရတော့ လက်ရှိ Apple ၊ Google နဲ့ Microsoft တို့ရဲ့ Free Application တွေက ယှဉ်ပြိုင်ဖို့ များပြားလွန်းတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

Newton Mail ဟာ အစောပိုင်းမှာ CloudMagic အနေနဲ့ စတင်ခဲ့တာဖြစ်ပြီး စတင်ခဲ့တုန်းက Free Service အနေနဲ့ဖြစ်ပေမယ့် ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာတော့ Subscription Base အနေနဲ့ ပြောင်းလဲခဲ့တာဖြစ်ပါတယ်။ Newton Mail ဟာ လက်ရှိအချိန်အထိ Mac ၊ iOS ၊ Android နဲ့ Windows အတွက် ပုံမှန် Mail ကို အသုံးပြုတာထက် ပိုပြီး စမတ်ကျတဲ့ Automatic Inbox Organization လိုမျိုး Feature တွေကို ထည့်သွင်းထားခဲ့တာဖြစ်ပါတယ်။

Newton Mail

အခုလိုမျိုး မကြာခင်မှာ Newton Mail ဟာ ပိတ်သိမ်းတော့မယ့်အတွက် လက်ရှိအချိန်မှာ Newton က Signup ပြုလုပ်မှုတွေကို ရပ်ဆိုင်းလိုက်ပြီဖြစ်ပြီး Monthly Subscription ကိုလည်း ထပ်မံပြုလုပ်နိုင်မှာ မဟုတ်တော့ပါဘူး။ ဒါ့အပြင် Apple App Store နဲ့ Google Play Store ကနေ နှစ်စဉ်ကြေးပေးပြီး ဝယ်ယူထားတဲ့သူတွေအတွက်လည်း ပြန်လည်ပြီး ငွေကြေးပြန်ပေးနိုင်အောင် စီစဉ်နေပြီဖြစ်ပါတယ်။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com