[Zawgyi] 

Ferrari လို႔ေျပာလိုက္တာနဲ႔ အဝါေရာင္ေပၚမွာျမင္းတစ္ေကာင္ပါတဲ့ Badge နဲ႔ အနီေရာင္ Supercar ေတြကို ေျပးျမင္မိၾကမွာပါ။ ဒါေပမယ့္ အခုတစ္ေခါက္ Ferrari ထုတ္လိုက္တဲ့ ကားအသစ္ေတြကေတာ့ ျမင္ေနက်အတိုင္း အနီေရာင္ မဟုတ္ပါဘူး။ 

Ferrari Monza SP1

Ferrari ကေတာ့ အီတလီႏိုင္ငံရဲ႕နာမည္အႀကီးဆံုးကား Brand ေတြထဲက တစ္ခုျဖစ္သလို သမိုင္းမွာလည္း စိတ္ဝင္စားဖို႔အေကာင္းဆံုး ၿပိဳင္ကားေတြကို ထုတ္ျပခဲ့တာ အခုဆိုရင္ Ferrari ကို Supercar ကုမၸဏီတစ္ခုအျဖစ္ လူသိမ်ားေနပါၿပီ။ Ferrari ရဲ႕သမိုင္းထဲကား ကားေတြအတြက္ အမွတ္တရအျဖစ္ Monza SP1 နဲ႔ SP2 ဆိုတဲ့ ကားႏွစ္မ်ိဳးကို မိတ္ဆက္ေပးလိုက္ပါတယ္။ Monza SP1 နဲ႔ SP2 ကားေတြက လြန္ခဲ့တဲ့ ၁၉၄၀ နဲ႔ ၁၉၅၀ ခုႏွစ္ဝန္းက်င္ေလာက္က ၿပိဳင္ကားေတြရဲ႕ အေငြ႕အသက္ကို အခုေခတ္မွာ ရႏိုင္ေစဖို႔အတြက္ ေသခ်ာ Design ဆြဲၿပီး ထုတ္ေပးထားတာပါ။ 

Monza SP1 နဲ႔ SP2 ကိုေတာ့ ၿပီးခဲ့တဲ့ ေအာက္တိုဘာ ၂ ရက္ေန႔ကက်င္းပေနတဲ့ Paris Auto Show မွာ ျပသထားပါေသးတယ္။ အဲ့ဒီကားေတြကေတာ့ Ferrari ရဲ႕ Icona Model Limited-Edition စာရင္းထဲကို ဝင္ေနပါတယ္။ လမ္းေပၚမွာ တရားဝင္ေမာင္းခြင့္ရတဲ့ စြမ္းေဆာင္ရည္အျမင့္ဆံုးကားေတြျဖစ္လာပါတယ္။ 

V12 Engine that will produce 810HP

Monza ကားႏွစ္စီးလံုးမွာေတာ့ 6.5 Liter V12 Engine ေတြတပ္ေပးထားၿပီး ျမင္းေကာင္ေရ ၈၁၀ အထိ ထုတ္ေပးႏိုင္မွာပါ။ ဒါကေတာ့ Ferrari Engine ေတြအားလံုးထဲမွာ ျမင္းေကာင္ေရစြမ္းအား အမ်ားဆံုး Engine ေတြျဖစ္လာပါတယ္။ အနီးစပ္ဆံုးကားကေတာ့ ေဒၚလာ သံုးသိန္းေက်ာ္ တန္ဖိုးရွိၿပီး ျမင္းေကာင္ေရ ၇၈၉ အထိထုတ္ေပးႏိုင္မယ့္ Ferrari 812 Superfast ပါ။ 

Ferrari Monza SP1 and SP2 at Paris Auto Show

အခုထုတ္ျပထားတဲ့ Monza ကားေတြကေတာ့ ရပ္ထားတာကေန မိုင္ တစ္နာရီမုိင္ ၆၀ အျမန္ႏႈန္းကို ၂.၉ စကၠန္႔အတြင္းေရာက္ေအာင္ ေမာင္းႏုိင္မွာလို႔ သိရပါတယ္။ ထူးျခားခ်က္ကေတာ့ ဒီေလာက္ျမန္ေအာင္ေမာင္းႏိုင္မယ့္ Monza ကားေတြမွာ ယဥ္ေမာင္းအတြက္ ေလကာမွန္မပါပါဘူး။ အေၾကာင္းကေတာ့ အရင္က Ferrari ၿပိဳင္ကားေတြရဲ႕ အေငြ႕အသက္ကို ျပန္ယူထားတာေၾကာင့္ပဲျဖစ္ပါတယ္။ Monza SP1 မွာေတာ့ ယဥ္ေမာင္းကို္ယ္တိုင္ကလြဲလို႔ ခရီးသည္လိုက္စရာ ခံုအပိုမပါေပမယ့္ SP2 မွာေတာ့ ယဥ္ေမာင္းရဲ႕ေဘးမွာ ခရီးသည္ထိုင္ႏိုင္မယ့္ ထိုင္ခံုနဲ႔အတူ Roll Bar ထည့္ေပးထားပါတယ္။ 

Ferrari Monza is inspired from the history of Ferrari Race Cars

 ဒီ Monza ကားေတြကိုေတာ့ တစ္စီးကို ေဒၚလာ ၁.၇၅ သန္းနဲ႔ စတင္ေရာင္းခ်သြားမွာျဖစ္တယ္လို႔ သိရပါတယ္။ Monza SP1 နဲ႔ Monza SP2 စုစုေပါင္း ၄၉၉ စီးထုတ္လုပ္သြားမွာျဖစ္ၿပီး ကားအားလံုးကေတာ့ ေရာင္းထြက္သြားၿပီလို႔ Ferrari က ေၾကညာထားပါတယ္။

Ref: Fox Business | Top Gear | Car And Driver

Min Than Htike (Akhayar)

www.akhayar.com

[Unicode] 

လေကာမှန်မပါတဲ့ ဒေါ်လာသန်းချီတန် Ferrari ကားအသစ်တွေ

Ferrari လို့ပြောလိုက်တာနဲ့ အဝါရောင်ပေါ်မှာမြင်းတစ်ကောင်ပါတဲ့ Badge နဲ့ အနီရောင် Supercar တွေကို ပြေးမြင်မိကြမှာပါ။ ဒါပေမယ့် အခုတစ်ခေါက် Ferrari ထုတ်လိုက်တဲ့ ကားအသစ်တွေကတော့ မြင်နေကျအတိုင်း အနီရောင် မဟုတ်ပါဘူး။

Ferrari Monza SP1

Ferrari ကတော့ အီတလီနိုင်ငံရဲ့နာမည်အကြီးဆုံးကား Brand တွေထဲက တစ်ခုဖြစ်သလို သမိုင်းမှာလည်း စိတ်ဝင်စားဖို့အကောင်းဆုံး ပြိုင်ကားတွေကို ထုတ်ပြခဲ့တာ အခုဆိုရင် Ferrari ကို Supercar ကုမ္ပဏီတစ်ခုအဖြစ် လူသိများနေပါပြီ။ Ferrari ရဲ့သမိုင်းထဲကား ကားတွေအတွက် အမှတ်တရအဖြစ် Monza SP1 နဲ့ SP2 ဆိုတဲ့ ကားနှစ်မျိုးကို မိတ်ဆက်ပေးလိုက်ပါတယ်။ Monza SP1 နဲ့ SP2 ကားတွေက လွန်ခဲ့တဲ့ ၁၉၄၀ နဲ့ ၁၉၅၀ ခုနှစ်ဝန်းကျင်လောက်က ပြိုင်ကားတွေရဲ့ အငွေ့အသက်ကို အခုခေတ်မှာ ရနိုင်စေဖို့အတွက် သေချာ Design ဆွဲပြီး ထုတ်ပေးထားတာပါ။ 

Monza SP1 နဲ့ SP2 ကိုတော့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်နေ့ကကျင်းပနေတဲ့ Paris Auto Show မှာ ပြသထားပါသေးတယ်။ အဲ့ဒီကားတွေကတော့ Ferrari ရဲ့ Icona Model Limited-Edition စာရင်းထဲကို ဝင်နေပါတယ်။ လမ်းပေါ်မှာ တရားဝင်မောင်းခွင့်ရတဲ့ စွမ်းဆောင်ရည်အမြင့်ဆုံးကားတွေဖြစ်လာပါတယ်။ 

V12 Engine that will produce 810HP

Monza ကားနှစ်စီးလုံးမှာတော့ 6.5 Liter V12 Engine တွေတပ်ပေးထားပြီး မြင်းကောင်ရေ ၈၁၀ အထိ ထုတ်ပေးနိုင်မှာပါ။ ဒါကတော့ Ferrari Engine တွေအားလုံးထဲမှာ မြင်းကောင်ရေစွမ်းအား အများဆုံး Engine တွေဖြစ်လာပါတယ်။ အနီးစပ်ဆုံးကားကတော့ ဒေါ်လာ သုံးသိန်းကျော် တန်ဖိုးရှိပြီး မြင်းကောင်ရေ ၇၈၉ အထိထုတ်ပေးနိုင်မယ့် Ferrari 812 Superfast ပါ။ 

Ferrari Monza SP1 and SP2 at Paris Auto Show

အခုထုတ်ပြထားတဲ့ Monza ကားတွေကတော့ ရပ်ထားတာကနေ မိုင် တစ်နာရီမိုင် ၆၀ အမြန်နှုန်းကို ၂.၉ စက္ကန့်အတွင်းရောက်အောင် မောင်းနိုင်မှာလို့ သိရပါတယ်။ ထူးခြားချက်ကတော့ ဒီလောက်မြန်အောင်မောင်းနိုင်မယ့် Monza ကားတွေမှာ ယဉ်မောင်းအတွက် လေကာမှန်မပါပါဘူး။ အကြောင်းကတော့ အရင်က Ferrari ပြိုင်ကားတွေရဲ့ အငွေ့အသက်ကို ပြန်ယူထားတာကြောင့်ပဲဖြစ်ပါတယ်။ Monza SP1 မှာတော့ ယဉ်မောင်းကိုယ်တိုင်ကလွဲလို့ ခရီးသည်လိုက်စရာ ခုံအပိုမပါပေမယ့် SP2 မှာတော့ ယဉ်မောင်းရဲ့ဘေးမှာ ခရီးသည်ထိုင်နိုင်မယ့် ထိုင်ခုံနဲ့အတူ Roll Bar ထည့်ပေးထားပါတယ်။ 

Ferrari Monza is inspired from the history of Ferrari Race Cars

 ဒီ Monza ကားတွေကိုတော့ တစ်စီးကို ဒေါ်လာ ၁.၇၅ သန်းနဲ့ စတင်ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။ Monza SP1 နဲ့ Monza SP2 စုစုပေါင်း ၄၉၉ စီးထုတ်လုပ်သွားမှာဖြစ်ပြီး ကားအားလုံးကတော့ ရောင်းထွက်သွားပြီလို့ Ferrari က ကြေညာထားပါတယ်။

Ref: Fox Business | Top Gear | Car And Driver

Min Than Htike (Akhayar)

www.akhayar.com