ဒီအစီအစဥ္ကေတာ့ အေမရိကန္ႏုိင္ငံ နယူးေယာက္ျမိဳ႕မွာ ရွိတဲ့ The Wrecking Club က ျပဳလုပ္ေပးထားတာျဖစ္ပါတယ္။ သူတို႔ဆီ လာတဲ့သူေတြအတြက္ အခန္းတစ္ခန္းစီစဥ္ေပးထားျပီး အဲဒီအခန္းထဲက ပစၥည္းေတြကို မိနစ္ႏွစ္ဆယ္ခန္႔ စိတ္ၾကိဳက္ဖ်က္ဆီးလို႔ ရမွာ ျဖစ္ပါတယ္။

ရုတ္တရက္ဆုိရင္ေတာ့ ဘာၾကီးလဲဟလို႔ ေတြးႏုိင္ေပမယ့္ စီစဥ္သူေတြကေတာ့ ဒါကို ကုသေရးနည္းသစ္တစ္ခုလို႔ ေခၚဆိုၾကျပီး စိတ္ထဲမွာရွိတဲ့ ေဒါသေတြ အမုန္းေတြကို ဖြင့္ထုတ္ဖို႔ ျဖစ္ျဖစ္၊ ဒါမွ မဟုတ္အေပ်ာ္သက္သက္အတြက္ပဲ ျဖစ္ျဖစ္ ရည္ရြယ္ဖြင့္လွစ္ေပးထားတာ ျဖစ္ပါတယ္။ ျပီးေတာ့ အလုပ္ကရတဲ့ဖိအား၊ စိတ္ဖိစိးမႈေတြအတြက္လည္း ေျပေပ်ာက္ေအာင္ ရည္ရြယ္ပါတယ္တဲ့။

ဒီအၾကံကို အရင္ဆံုးရရွိျပီး အေကာင္အထည္ေဖာ္ခဲ့တဲ့သူကေတာ့ ဘ႑ာေရးစိစစ္ေရးမႈးေဟာင္းတစ္ေယာက္ျဖစ္တဲ့ Thomas Daly ျဖစ္ျပီးေတာ့ သူဟာ ဒီအခန္းအတြက္ ဖ်က္ဆီးလို႔ ေကာင္းတဲ့ ပစၥည္းေတြကို ျမိဳ႕အႏွံ႔ပတ္ရွာေနေလ့ရွိပါတယ္။

ဒီအခန္းကို စဖြင့္တာကေတာ့ ဇန္နဝါရီလ ၂၀၁၇ ခုႏွစ္ကျဖစ္ျပီး Thomas Daly က သူ႔စိတ္ကူးျဖစ္ေပၚလာပံုကို ေျပာျပတဲ့အခါ “တစ္ခါတေလမွာ တခ်ိဳ႕အရာေတြကို လုပ္ခြင့္မရတဲ့အခါ မ်ိဳသိပ္ျပီး ျပန္လာရတာေတြ ရွိပါတယ္၊ဒီမွာေတာ့ ဒီအရာကို အားရပါးရဖြင့္ထုတ္ပစ္ဖုိ႔ အေကာင္းဆံုးေနရာပါပဲ” လို႔ ေျပာဆုိခဲ့ပါတယ္။

ဒီအခန္းထဲမွာ ရွိတဲ့ ဘယ္ပစၥည္းကို မဆို ဖ်က္ဆီးလို႔ ရမွာျဖစ္ျပီး ဖ်က္ဆီးဖို႔ကိုလည္း TV၊ Laptop၊ Printers ေတြကအစ ေရြးခ်ယ္စရာေတြ အမ်ားၾကီးထားေပးထားပါတယ္။ စိတ္ၾကိဳက္ဖ်က္ဆီးေနတုန္း ကုိယ့္ကုိယ္ကို မထိခုိက္ေစဖို႔အတြက္လည္း အကာအကြယ္ဝတ္စံု၊မ်က္မွန္နဲ႔ လက္အိတ္စတာေတြ ေထာက္ပံ့ေပးမွာပါ။ အားရစရာၾကီးေနာ္ 😀

မိနစ္ ၂၀စာ တစ္ဆက္ရွင္အတြက္ ေဒၚလာ ၄၀ က်သင့္မွာျဖစ္ျပီး အခန္းထဲမွာ ပန္းကန္ ၁၀ ခ်ပ္၊၁၅ ခ်ပ္ေလာက္၊ ပရိေဘာဂပစၥည္းေတြ အမ်ားအျပားနဲ႔ အဲဒီလို ထုခြဲဖ်က္ဆီးဖို႔ ကိရိယာေတြ ျဖစ္တဲ့ ေဘ့စ္ေဘာရိုက္တံ၊ တူ နဲ႔ သံတူရြင္းစတာေတြလည္း ထားရွိေပးထားမွာ ျဖစ္ပါတယ္။

ဒီလို ပစၥည္းေတြကို ခြဲေခ်လို႔ အားမရေသးရင္လည္း ေနာက္ဆံုးလက္က်န္ေဒါသေတြကို လူပံုတူ Dummy အရုပ္ကို ထုရိုက္ျပီး အဆံုးသတ္လို႔ ရပါေသးတယ္။ ဒီအခန္းက ထြက္လာျပီးရင္ ေဒါသလည္းေျပ၊ Stress လည္းေပ်ာက္မို႔ ျမန္မာႏုိင္ငံမွာမ်ား ဒါမ်ိဳးတစ္ခန္းေလာက္ရွိရင္ တန္းစီေနၾကမွာပဲလို႔ ျမင္ေယာင္မိပါေတာ့တယ္ခင္ဗ်ား။ 😀

ရိုးလူ (အခရာ)

www.akhayar.com

Ref : Business Insider

Unicode

ဒီအစီအစဉ်ကတော့ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ရှိတဲ့  The Wrecking Club က ပြုလုပ်ပေးထားတာဖြစ်ပါတယ်။ သူတို့ဆီ လာတဲ့သူတွေအတွက် အခန်းတစ်ခန်းစီစဉ်ပေးထားပြီး အဲဒီအခန်းထဲက ပစ္စည်းတွေကို မိနစ်နှစ်ဆယ်ခန့် စိတ်ကြိုက်ဖျက်ဆီးလို့ ရမှာ ဖြစ်ပါတယ်။

ရုတ်တရက်ဆိုရင်တော့ ဘာကြီးလဲဟလို့ တွေးနိုင်ပေမယ့် စီစဉ်သူတွေကတော့ ဒါကို ကုသရေးနည်းသစ်တစ်ခုလို့ ခေါ်ဆိုကြပြီး စိတ်ထဲမှာရှိတဲ့ ဒေါသတွေ အမုန်းတွေကို ဖွင့်ထုတ်ဖို့ ဖြစ်ဖြစ်၊ ဒါမှ မဟုတ်အပျော်သက်သက်အတွက်ပဲ ဖြစ်ဖြစ် ရည်ရွယ်ဖွင့်လှစ်ပေးထားတာ ဖြစ်ပါတယ်။ ပြီးတော့ အလုပ်ကရတဲ့ဖိအား၊ စိတ်ဖိစိးမှုတွေအတွက်လည်း ပြေပျောက်အောင် ရည်ရွယ်ပါတယ်တဲ့။

ဒီအကြံကို အရင်ဆုံးရရှိပြီး အကောင်အထည်ဖော်ခဲ့တဲ့သူကတော့ ဘဏ္ဍာရေးစိစစ်ရေးမှုးဟောင်းတစ်ယောက်ဖြစ်တဲ့ Thomas Daly ဖြစ်ပြီးတော့ သူဟာ ဒီအခန်းအတွက် ဖျက်ဆီးလို့ ကောင်းတဲ့ ပစ္စည်းတွေကို မြို့အနှံ့ပတ်ရှာနေလေ့ရှိပါတယ်။

ဒီအခန်းကို စဖွင့်တာကတော့ ဇန်နဝါရီလ ၂၀၁၇ ခုနှစ်ကဖြစ်ပြီး Thomas Daly က သူ့စိတ်ကူးဖြစ်ပေါ်လာပုံကို ပြောပြတဲ့အခါ “တစ်ခါတလေမှာ တချို့အရာတွေကို လုပ်ခွင့်မရတဲ့အခါ မျိုသိပ်ပြီး ပြန်လာရတာတွေ ရှိပါတယ်၊ဒီမှာတော့ ဒီအရာကို အားရပါးရဖွင့်ထုတ်ပစ်ဖို့ အကောင်းဆုံးနေရာပါပဲ” လို့ ပြောဆိုခဲ့ပါတယ်။

ဒီအခန်းထဲမှာ ရှိတဲ့ ဘယ်ပစ္စည်းကို မဆို ဖျက်ဆီးလို့ ရမှာဖြစ်ပြီး ဖျက်ဆီးဖို့ကိုလည်း TV၊ Laptop၊ Printers တွေကအစ ရွေးချယ်စရာတွေ အများကြီးထားပေးထားပါတယ်။ စိတ်ကြိုက်ဖျက်ဆီးနေတုန်း ကိုယ့်ကိုယ်ကို မထိခိုက်စေဖို့အတွက်လည်း အကာအကွယ်ဝတ်စုံ၊မျက်မှန်နဲ့ လက်အိတ်စတာတွေ ထောက်ပံ့ပေးမှာပါ။ အားရစရာကြီးနော် 😀

မိနစ် ၂၀စာ တစ်ဆက်ရှင်အတွက် ဒေါ်လာ ၄၀ ကျသင့်မှာဖြစ်ပြီး အခန်းထဲမှာ ပန်းကန် ၁၀ ချပ်၊၁၅ ချပ်လောက်၊ ပရိဘောဂပစ္စည်းတွေ အများအပြားနဲ့ အဲဒီလို ထုခွဲဖျက်ဆီးဖို့ ကိရိယာတွေ ဖြစ်တဲ့ ဘေ့စ်ဘောရိုက်တံ၊ တူ နဲ့ သံတူရွင်းစတာတွေလည်း ထားရှိပေးထားမှာ ဖြစ်ပါတယ်။

ဒီလို ပစ္စည်းတွေကို ခွဲချေလို့ အားမရသေးရင်လည်း နောက်ဆုံးလက်ကျန်ဒေါသတွေကို လူပုံတူ Dummy အရုပ်ကို ထုရိုက်ပြီး အဆုံးသတ်လို့ ရပါသေးတယ်။ ဒီအခန်းက ထွက်လာပြီးရင် ဒေါသလည်းပြေ၊ Stress လည်းပျောက်မို့ မြန်မာနိုင်ငံမှာများ ဒါမျိုးတစ်ခန်းလောက်ရှိရင် တန်းစီနေကြမှာပဲလို့ မြင်ယောင်မိပါတော့တယ်ခင်ဗျား။ 😀